Monday, March 25, 2013

မြန်မာပြည်တစ်ဝန်း ရဟန်းသံဃာတော်များ ဖြေဆိုသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပမည့်ရက် ယာယီရွှေ့ဆိုင်း

မြန်မာပြည်တစ်ဝန်း ရဟန်းသံဃာတော်များ ဖြေဆိုသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ကျင်းပမည့်ရက် ယာယီရွှေ့ဆိုင်း
=====================================================
   မိတ္ထီလာအဓိကရုဏ်းကြောင့် အချို့သောနယ်မြေများ၌ အရေးပေါ်ကြေငြာထားသည့်အတွက် စာမေးပွဲများကို တစ်နိုင်ငံလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပနိုင်ခြင်း မရှိပါသဖြင့် (၂၉၊၃၊၂၀၁၃)နေ့တွင် စတင်ကျင့်ပမည့် ရဟန်းသံဃာတော်များ ဖြေဆိုသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို ယာယီရွှေ့ဆိုင်းကြောင်းနှင့်ကျင်းပမည့်ရက်ကို မြန်မာနှစ်သစ်ကူးနောက်ပိုင်းတွင် ထပ်မံထုတ်ပြန်ကြေငြာမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ ယနေ့ (၂၅)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကြေငြာထားပါတယ်။
  ယင်းသို့ ထုတ်ပြန်ရွှေ့ဆိုင်းလိုက်သည့်အတွက်ကြောင့် မန်းသံဃာတော်များ အထူးသဖြင့် မန္တလေးမြို့ မစိုးရိမ်တိုက် စာသင်သား သံဃာတော်များမှာ နှစ်လိုဖွယ်မရှိဟု သိရှိထားရပါတယ်။

No comments:

Post a Comment