Wednesday, October 15, 2014
တိုင်းလိုင်(ရှမ်းနီ)စာပေယဉ်ကျေးမှုရုံးအတွင်း ကချင်လူငယ်အသင်းအဖွဲ့တစ်စု ၀င်ရောက်ကျူးးကျော်မှုဖြစ်ပွား
မြန်ပြည်မြောက်ပိုင်း၊ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့နယ်ခွဲ၊ ကားမိုင်းမြို့၊ မအူပင်စုရပ်ကွက်အတွင်း၌ တည်ရှိသော တိုင်းလိုင်(ရှမ်းနီ) ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးအတွင်းသို့ ၂၀၁၄-ခုနှစ်၊ အောက်တိုဘာလ၊ (၈)ရက်နှင့် (၉)ရက်နေ့ည (၈)နာရီကျော်အချိန်များတွင် မြို့ပေါ်ရပ်ကွက်အသီးသီးမှ ကချင်လူငယ်များ အသင်းအဖွဲ့တစ်စုသည် ဆိုင်ကယ်များ ဆီးနှင်းကာ နှစ်-တစ်လက္မ ဒုတ်နှင့် ပျဉ်တို၊ ပျဉ်စများ ကိုင်ဆောင်လျက် ၀င်းရောက်ကျူးးကျော်မှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရသည်။
တိုင်းလိုင်(ရှမ်းနီ)ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးအတွင်းသို့ ကချင်လူငယ်များ ၀င်ရောက်ကျူးကျော်မှုကြောင့် မြို့ပေါ်နေ ဒေသခံရှမ်းမျိုးနွယ်စုများ အထိတ်တလန့်ဖြစ် သွားခဲ့ကြပြီး ၄င်းကချင်လူငယ်များ ၀င်ရောက်ကျူးကျော်သောအချိန်သည် ဒေသခံရှမ်းမျိုးနွယ်စုများ၏ ၀ါကျွတ်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေချိန်လည်း ဖြစ်ပါသည်။
၎င်းရုံးအတွင်းသို့ ၀င်ရောက်ကျူးးကျော်သော ကချင်လူငယ်များထဲက -
၁။လခေါလဂျာ (ကောင်ရာရပ်ကွက်)
၂။ခေါဆောင် (ကောင်ရာရပ်ကွက်)
၃။ခါးအောင် (ကောင်ရာရပ်ကွက်)
၎။မာတန် (မဂျီလောက်ရပ်ကွက်)
၅။လရှူလရော် (ကောင်ရာရပ်ကွက်)
၆။မထုတူးဂျာ (ကောင်ရာရပ်ကွက်)
၇။ထွဲလာ (ကျောင်းကြီးနောက်ရပ်ကွက်)
၈။လဝေါန် (ဗွန်ဆန် (လရှင်ဘွန်းကျေးရွာ)
၉။ဇော်နော် (ဗွန်ဆန် (လရှင်ဘွန်းကျေးရွာ)
၁၀။လန်ဂျော်လ (ဗွန်ဆန် (လရှင်ဘွန်းကျေးရွာ)
၁၁။လဆန်ခေါင် (မြစိမ်းရောင်ရပ်ကွက်)
၁၂။မုံရာ (ကောင်ရာရပ်ကွက်)
၁၃။မုံဆန် (ကောင်ရာရပ်ကွက်)
၁၄။တန်စန်း (ကောင်ရာရပ်ကွက်)
၁၅။ငါလန်ဇော်ရော် (ကောင်ရာရပ်ကွက်)
၁၆။မျိုးရန် (ကောင်ရာရပ်ကွက်)
၁၇။စိုးမိုးအောင် (မြစိမ်းရောင်ရပ်ကွက်) တို့ကတော့ နာမည်သိသူများဖြစ်တယ်လို့ ကားမိုင်းဒေသခံ အမျိုးသမီးကြီးတစ်ဦးက ပြောဆိုပါသည်။
ဒီရက်ပိုင်းတွေအတွင်းမှာ ကချင်လူငယ်များက မိုင်းနား၊ နန့်ယားနှင့် မြစ်ကြီးနား လယ်ကုန်းနယ်မြေ(၁၁) နေရာဒေသတွေမှာ ရန်စစော်ကား၊ ခိုက်ရန်ဖြစ်ပွားမှု ပဋိပက္ခများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာကြောင့် စဉ်းစားစရာတော့ ဖြစ်နေတယ်၊ ခိုက်ရန်ဖြစ်ပွားတဲ့ ပဋိပက္ခပြဿနာတိုင်းကို ကျွန်တော်တို့ ရေးရာအဖွဲ့က မှတ်းတမ်းတင်ထားရှိပြီး သက်ဆိုင်ရာ ပဋိပက္ခဖြေရှင်းရေး အစိုးရအဖွဲ့ကိုလည်း အချိန်နှင့်တပြေးညီ သတင်းပို့ပေးနေပါတယ်။ ဒီအတိုင်းသာ ရန်စစော်ကားတဲ့ ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်နေရင် လူမျိုးရေးအသွင်ဆောင်တဲ့ လူမျိုးရေးပဋိပက္ခပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပြီး တိုင်းရင်းသားအချင်းချင်းကြား လူမျိုးရေး မုန်းတီးမှုနှင့် ပဋိပက္ခပြဿနာတွေ ကြီးထွားလာနိုင်တယ်လို့ (S.E.A) သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment