Wednesday, October 15, 2014

နောင်ပွဲရွာတွင် ခိုက်ရန်ဖြစ်ပွားသော KIA အရာခံဗိုလ်(ဟောင်း)ကို သက်ဆိုင်ရာမှ ဖမ်းဆီး

မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာတွင် KIA အရာခံဗိုလ်ဟောင်းကို ခိုက်ရန်ဖြစ်ပွားမှုကြောင့် (14.10.2014)ရက်နေ့တွင် သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရှိရသည်။

ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲရွာနေ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ထံတွင် ဆက်ဆံရေးတာဝန်ခံအဖြစ်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးအောင်ကြိုင်ဆိုသူသည် ၄င်းတာဝန်ထမ်းဆောင်ခဲ့ဖူးသော ရာထူးအရှိန်ဖြင့် ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာအတွင်း ဒေသခံရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ သီတင်းကျွတ်ပွဲတော် ပြုလုပ်ရာအခါတွင် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်အတူ ပြဿနာရှာခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဒေသခံလူငယ်များအား အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်လေ့ရှိတယ်လို့လည်း နောက်ပွဲကျေးရွာ ဒေသခံလူငယ်တစ်ဦးမှ ပြောဆိုပါသည်။

၎င်းအရာခံဗိုလ်(ဟောင်း) ဦးအောင်ကြိုင်သည် (KIA)ကချင်လွတ်မြောက်ရေးတပ်မတော် ရင်း(၅)တွင် ဆက်ဆံရေးတာဝန်ခံ အရာခံဗိုလ်ဘ၀ဖြင့် ၂၀၁၁-ခုနှစ်အထိ တာဝန်ထမ်းဆောင်ရွက်ခဲ့ဖူးပြီး ၄င်း၏ အမျိုးသမီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခေါဝှမ်းနှင့် ဆင်ဘိုမြို့နယ်ခွဲ နောင်ပွဲရွာတွင် အတူနေထိုင်တာလည်းဖြစ်ပါသည်။

No comments:

Post a Comment