မြန်ပြည်မြောက်ပိုင်း၊
မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ် နယ်မြေ(၁၁)နှင့် (၁၂)နေရာများတွင် (လီဆူး)ကချင်လူငယ်များနှင့်
(တိုင်းလိုင်)ရှမ်းလူငယ်များအကြား လူမျိုးရေး ရန်စရာမှ လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားကြသည်ဟု
သိရှိရသည်။
မြစ်ကြီးနားမြို့၊
လယ်ကုန်းနယ်မြေ(၁၁) ဇီးကျွန်းရပ်နေ မောင်ရဝေအောင်၊ မောင်ဝင်းကျော်၊ မောင်ထွန်းစိုးပိုင်နှင့်
မောင်ကျော်ဆန်းတို့ ရှမ်းလူငယ်လေးဦးသည် (၁၀.၁၀.၂၀၁၄)ရက်နေ့ည (၇)နာရီခန့်အချိန်တွင်
နယ်မြေ(၁၁)လမ်းအတိုင်း လမ်းလျှောက်၍ အိမ်ပြန်လာစဉ် နယ်မြေ(၁၁)နှင့် (၁၂)လမ်းဆုံ ဓါတ်တိုင်အရောက်တွင်
မောင်ငွါးအားဆူ၊ မောင်မျိုးလန်နှင့် (လီဆူး)ကချင်လူငယ်တို့ (၇)ဦးခန့်သည် မင်းတို့
ရှမ်းကလေးတွေ မိုက်လား၊ မိုက်ရင်ချမည်ဟု လူမျိုးရေးနာမည်သုံးကာ စတင်ရန်စစိန်ခေါ်ရာမှ
လူငယ်ချင်း ခိုက်ရန် ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုခိုက်ရန်
ဖြစ်ပွားမှုသည် နယ်မြေ(၁၁)နှင့် (၁၂)လမ်းဆုံနေရာတွင် တစ်ကြိမ်၊ နယ်မြေ(၁၂) လီဆူးရပ်ကွက်အတွင်းတွင်
တစ်ကြိမ် ဖိတ်ခေါ်ရန်စမှုကြောင့် နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တာလို့ သိရှိရပြီး မောင်ငွါးအားဆူနှင့်
မောင်မျိုးလန်တို့ နှစ်ဦးမှာ ထိရှဒဏ်ရာကြောင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံးသို့ တက်ရောက်ခဲ့ရကြောင်းနှင့်
၎င်းထိရှဒဏ်ရာသည် ဓါမြောင်းဖြင့် ထိုးခြင်း ခံခဲ့ရတာလို့လည်း နယ်မြေ(၁၄) အုပ်ချုပ်ရေးမှူး
ဦးအောင်မိုးထံတွင် ထွက်ဆိုထားပါသည်။
ရှမ်းလူငယ်များကတော့
၎င်းတို့တွင် ဓါးလက်နက်မပါကြောင်းနှင့် ခိုက်ရန်ဖြစ်ပွားမှုမှာတောင် ဒုတ်မပါ လက်ချည်းသာ
ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းထိရှဒဏ်ရာသည် လုံးထွေးထိုးကြိတ်ရာမှ ခြံစည်းရိုးသံဇကာနှင့်
ချိတ်မိတာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပြီး၊ ၄င်းခိုက်ရန် ပဋိပက္ခသည် (လီဆူး)ကချင်လူငယ်များမှ
စတင်ရန်စစိန်ခေါ်၍ ဖြစ်ပွားရခြင်းဖြစ်ကြောင်း (ဂျိန်းဖော)ကချင်လူငယ်တစ်ဦးဖြစ်သူ မောင်ခန်းမြတ်က
အုပ်ချုပ်ရေးမှူး ဦးအောင်မိုးထံတွင် ထွက်ဆိုထားတယ်လို့လည်း သိရှိရပါသည်။
ဆေးရုံတက်
ကုသရသော ၄င်းထိရှဒဏ်ရာအတွက် လျော်ကြေးငွေကျပ် သိန်း(၅၀)ကို တောင်းခံခြင်းကြောင့်၊ အုပ်ချုပ်ရေးမှူး
ဦးအောင်မိုးက (၁၅)သိန်းဖြင့် ညှိနှိုင်းပေးထားတယ်လို့ သိရှိရပြီး ရှမ်းလူငယ်များ၏ မိဘများကတော့
တစ်ဦးလျှင် လျော်ကြေးငွေကျပ် (၁)သိန်း လေးဦး(၄)သိန်းကို ဆေးဖိုးဝါးခ ပေးမည်ဟု ဆုံးဖြတ်ထားကြောင်းလည်း
ပြောဆိုပါသည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(S.E.A)ကတော့
အလားတူ ရန်စစိန်ခေါ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုများသည် ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာနှင့်
ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွားများတွင် ရက်အနည်းငယ်စီခြား၍ ဖြစ်ပွားခဲ့တာကြောင့်
လူမျိုးရေးအသွင်ဆောင်တဲ့ ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။
No comments:
Post a Comment