တရားခံ (ဟာဂျီ)ကျော်သက် |
တစ်သောင်းတန်နှင့် ငါးတောင်တန် ငွေအတုများ ဖြန့်ဖြူးရောင်းချသည့် အရေးကြီး တရားခံပြေးတစ်ဦးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် တိမ်းရှောင်နေစဉ် မန္တလေး စီအိုင်ဒီမှ ရဲအုပ်-မျိုးညွှန့်လွင်နှင့် သုံးဦးက လက်ရဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိသည်။
ငွေအတုများ ဖြန့်ဖြူးရောင်းချသည့် အမှုပေါင်းများစွာမှ အရေးကြီး တရားခံတစ်ဦးလည်းဖြစ်၊ နှစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေးတစ်ဦးလည်းဖြစ်သည့် မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ သီရိကျက်သရေအနောက်ရပ်ကွက်၊ (၂၄x၂၅)ကြား၊ (၈၃x၈၄)ကြားနေ သက်တင်(ခ)ရီစွတ်(ခ)ဟာဂျီ(ခ)ကျော်သက်(ခ)ဟာဂျီဆပ် အသက်(၄၂)နှစ်၊ အဖ-ဦးလှဘော့၊အစ္စလာမ်၊ မူဆလင်ကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် (၁၄၀)လမ်းမပေါ်မှာ (25.8.2014) ရက်နေ့ည (၁၀)နာရီ (၁၅)မိနစ်အချိန်တွင် မန္တလေးမြို့၊ စီအိုင်ဒီမှ ရဲအုပ်-မျိုးညွှန့်လွင်နှင့် တပ်ကြပ်ကြီး ဘိုဘိုထွန်းတို့က ရန်ကုန် စီအိုင်ဒီမှ ရဲအုပ်-မြင့်လွင်ဦးနှင့်အတူ (၃)ဦးထဲ လက်ရဖမ်းဆီးရမိခဲ့ခြင်း ဖြစ်တယ်လို့ သိရှိရသည်။
၎င်းကို ဖမ်းဆီးရမိပြီး ရှာဖွေချိန်မှာ ငါးထောင်တန်အတု (၃၉)ရွက် တွေ့ရှိသိမ်းဆည်းရမိတဲ့အပြင် ၄င်းနေသည့် အခန်းအမှတ် (၂၇)၊ (၄)လွှာ၊ ယာဘက်ခန်းမှ အတု(၂)ရွက် ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့သိရှိရပြီး ၀မ်းတွင်းမြို့နယ်၊ ရိုးကန်ရွာတွင် ၄င်း၏တပည့်များက ငွေအတုများဖြင့် နွားဝယ်ရာမှ ၄င်းကိုဖမ်းဆီးရမိရန် စတင်ခြေရာခံမိခဲ့တယ်လို့လည်း သိရှိရသည်။
အဆိုပါ
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ သီရိကျက်သရေအနောက်ရပ်ကွက်၊ (၂၄x၂၅)ကြား၊ (၈၃x၈၄)ကြားနေ
သက်တင်(ခ)ရီစွတ်(ခ)ဟာဂျီ(ခ)ကျော်သက်(ခ)ဟာဂျီဆပ် အသက်(၄၂)နှစ်၊ အဖ-ဦးလှဘော့၊ မူဆလင်ကို
၎င်း၏ အပေါင်းပါ တပည့်သုံးဦးနှင့်အတူ ၀မ်းတွင်းမြို့နယ်၊ ပင်တလဲရဲစခန်းတွင် (ပ)၂၇/၂၀၁၄၊
ဗဟိုဘဏ်ဥပဒေ (၁၀၅/၆)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး ၄င်း၏အပေါင်းပါ တပည့်များကို
ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရှိရသည်။
No comments:
Post a Comment