၂၀၁၄ သြဂုတ်လ
၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ မန္တလေးကျောင်းအနီး ဓါတ်ဆီဆိုင်မှ
ဟာဆင်ဦးဆောင်သည့် မွတ်ဆလင်လူမျိုးတစ်စုက တရုတ်ပြည်နယ်စပ်မှတဆင့် ဗန်းမော်မြို့သို့
ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာကြောင်း သတင်းရသဖြင့် လိုက်လံစုံစမ်းရာ
သစ်ခွနက်၊ ခေါင်းလိမ်းဆီမွှေး ဖြန့်ချီသောကားဖြင့် တင်ဆောင်လာကြောင်း ထပ်မံသိရှိရသဖြင့်
လိုက်လံဖမ်းဆီးရာ မွတ်ဆလင်လူမျိုး ဟာဆင်ဆိုသူမှာ ၀ိုင်းမော်မြို့နယ် နောင်တာလောကျေးရွာအရောက်တွင်
ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အတွက် ၄င်းဟာဆင်ဆိုသူ၏ အမျိုးသမီးဖြစ်သူ မဖြူနှင့် မိသားစုဝင်များအား
ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သတင်းရရှိသည်။
၎င်းဟာဆင်နှင့် ဆက်စပ်ပက်သက်သူ မွတ်ဆလင်လူမျိုး သစ်ခွနက်၊ ခေါင်းလိမ်းဆီကားမောင်းသူနှင့်
မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်နေသူ မွတ်ဆလင်လူမျိုး သုံးဦးအပါဝင် လက်နက်ရောင်းဝယ်သူ
ငါးဦးကို (16.8.2014)ရက်နေ့တွင် နေပြည်တော် အထူးရဲတပ်ဖွဲ့မှ လေယာဉ်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း
အဓိကတရားခံတစ်ဦးဖြစ်သူ ဟာဆင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရှိရသည်။
အဆိုပါ မြစ်ကြီးနားမြို့၊
ရှမ်းစုတောင်ရပ်ကွက်၊ မန္တလေးကျောင်းအနီး ဓါတ်ဆီဆိုင်မှ ဟာဆင်ဆိုသူသည် ဖားကန့် ယမ်းစက်ရုံနှင့်
(ho in 1) ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်၏ တပည့်ဘ၀ဖြင့် ဖားကန့်မှ တရုတ်ပြည်သို့
ကျောက်ကယ်ရီကူးရင်း အောင်မြင်လာခဲ့ပြီး၊ ၄င်းဟာဆင်နှင့် ဆက်နွယ်သော လက်နက်ရောင်းဝယ်သူ
မွတ်ဆလင်လူမျိုး ငါးဦးမှာလည်း မြစ်ကြီးနားမြို့နယ် NLD ပါတီဝင်များ ဖြစ်တယ်လို့ သိရှိရပြီး
၎င်းဖောက်ခွဲရေးပစ္စည်းများကို မန္တလေးသို့ တင်ဆောင်ရန် ဖြစ်နိုင်ကြောင်း ဒေသခံများမှ
ခန့်မှန်းပြောဆိုနေကြပါသည်။
No comments:
Post a Comment