လားရှိုးမြို့နယ်၊ ရှေ့ဆောင်စိုက်ပျိုးမွေးမြူရေးခြံအတွင်းက မွေးမြူရေးတိရစ္ဆာန်များ |
ဘိန်းအစားထိုး
စိုက်ပျိုးမွေးမြူရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း
ပိုမိုရရှိရေးတို့နှင့် ပက်သက်၍ နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်ထားသော်လည်း လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်မှုနှင့်
အားပေးကူညီမှုအပိုင်းများတွင် အားနည်းချက်များ ရှိနေတာကို တွေ့မြင်ရတယ်လို့ ရှမ်းပြည်မြောက်ပိုင်း
လားရှိုးမြို့နယ် စိုက်ပျိုးမွေးမြူရေးခြံ လုပ်ကိုင်သူတစ်ဦးက ပြောဆိုပါသည်။
ရှမ်းပြည်နယ်အတွင်း
စိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်းမှာ စိတ်ဝင်စားမှု နည်းပါးပြီး၊ ရှမ်းပြည်မြောက်ပိုင်း၊
လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ဟိုပန်မြို့နယ်တို့မှာသာ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်း
လုပ်ကိုင်သူ အနည်းငယ်သာရှိပါတယ်၊ ၄င်းတနိုင်တပိုင် မွေးမြူလုပ်ကိုင်သူများအနေဖြင့်
သံလွင်မြစ်အရှေ့ဘက်ကမ်းက တော၊ တောင်ဒေသများဘက်မှာ ဘိန်းစိုက်ပျိုးရတာလောက် မလွယ်ကူကြောင်း၊
အကြီးစား စိုက်ပျိုးမွေးမြူရေးခြံ စွန့်ဦးလုပ်ကိုင်မည့်သူများအနေဖြင့် ပို၍ခက်ခဲကြောင်း၊
စိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်ရန် မှတ်ပုံတင်ရကြောင်း၊ မှတ်ပုံတင်ကျပြန်တော့
မွေးမြူရေးတိရစ္ဆာန်များ ၀ယ်ယူသယ်ဆောင်ခွင့်ရရန်မှာ အချိန်ကြံ့ကြာကြောင်း၊ အချိန်ကြံ့ကြာသည့်အတွက်
အလုပ်သမားစာရိတ်ကုန်ကျခြင်း၊ အားပေးလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များ စိတ်ပျက်ခြင်း၊
စိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်းမှာ စိတ်ဝင်စားမှု လျော့ကျခြင်းတို့အပြင် နိုင်ငံတော်အစိုးရမှ
ချမှတ်ထားသည့် ဘိန်းအစားထိုး စိုက်ပျိုးမွေးမြူရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးဆိုသည့် မူဝါဒများကိုလည်း အဟန့်အတား ဖြစ်စေတယ်လို့
အဆိုပါ စိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပဲ ဆက်လက်ပြောဆိုပါသည်။
၎င်းစိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်းနှင့်
ပက်သက်၍ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး-မိုင်းရယ် ကားလမ်းဘေး၊ သံလွင်စံပြကျေးရွာအနီးက
မြေဧက(၃၀၀)ခန့်ရှိသော ရှေ့ဆောင်စိုက်ပျိုးမွေးမြူရေးခြံကြီးတွင် (၄)ပင်x(၃)ပင် မွေးမြူရေးခြံတစ်ခြံ၊
(၈)ပင်x(၆)ပင် (၂)ထပ်မွေးမြူရေးခြံတစ်ခြံ၊ (၁၀)ပင်x(၆)ပင် (၂)ထပ်မွေးမြူရေးခြံတစ်ခြံ၊
သိုး/ဆိတ် အကောင်ရေ (၅၀၀)ကျော်တို့ဖြင့် မွေးမြူရေးတိရစ္ဆာန် ၀ယ်ယူသယ်ဆောင်ခွင့် မကျသဖြင့်
ဆက်လက် တိုးချဲ့ဆောင်ရွက်မှု မပြုလုပ်နိုင်သေးဘဲ စိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်း ရပ်တန့်ထားရသည်မှာ
(၃)လခန့် ရှိပြီဖြစ်တယ်လို့လည်း သိရှိရပါသည်။
No comments:
Post a Comment