ရွှေညောင်ပင်ရွာမှ (၁၀)ကျော်သက်အရွယ် ဒေသခံရှမ်းလူငယ်(၁၄)ဦးတို့သည် လူငယ်တို့သဘာဝအလျောက် သီချင်များသီဆိုပြီး ရွာသို့ပြန်လာခဲ့ကြတာပါ၊ တရုတ်ကျောင်းဆရာ ဦးဝူဖီးဇုံ ခေါင်းဆောင်သော တရုတ်လူငယ် (၃)ဦးအပါအ၀င် ကချင်လူငယ်(၂၀)ဦးခန့်တို့သည် ဓါးကိုယ်စီ ကိုင်ဆောင်ပြီး ဗန်မော်-မြစ်ကြီးနားကားလမ်း အုဌ်တံတားငယ်အနီးတွင် ပုလင်းခွဲများခင်းပြီး ဖြတ်လာသူမှန်သမျှကို မင်းတို့ ဘယ်ကိုသွားမလဲ၊ ဘယ်ရွာကလဲ စသဖြင့် ဒုတ်၊ ဓါး၊ လက်နက် ကိုင်ဆောင်လျက် တားဆီးမေးမြန်းနေစဉ် ရွှေညောင်ပင်မှ ရှမ်းလူငယ်များ ရောက်ရှိလာပြီး ၄င်းနည်းတူ တားဆီးမေးမြန်းခြင်းခံရကာ ဓါးထုတ်၍ ၀ိုင်းခုတ်ခြင်းကို ခံခဲ့ကြရပါတယ်၊
ဦးအိုက်ဖု၏သား မောင်အောင်ခိုင်မှာ လည်ပင်း ပြတ်ရှဒဏ်ရာနှင့် လူငယ်(၇)ဦးမှာတော့ ကျောက်ကုန်း၊ လက်မောင်း စတဲ့နေများမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။ ဤကဲ့သို့ ကျွန်တော်တို့ ရှမ်းလူငယ်များကို ညှင်းပန်းနှိပ်စက်ပြီး လူမျိုးရေးဆန်ဆန် အုပ်စုဖွဲ့ ရန်စဆော်ကားခဲ့ကြတာပါ။ စီးလာသော ဆိုင်ကယ်(၃)စီးကိုလည်း ရိုက်ချိုးခံခဲ့ရပါတယ်။ ပါလာသည့် လက်စွပ်(၂)ကွင်း၊ ဆွဲကြိုး(၁)ကုံးနှင့် ငွေသား (၃၈၇၀၀) ပျောက်ဆုံးခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ လူငယ်ခေါင်းဆောင် စိုင်းမျိုးသီဟက ပြောဆိုပါသည်။
၎င်းဖြစ်စဉ်နှင့် ပက်သက်၍ အောင်မြေ(၁) အုပ်ချုပ်ရေးမှူး ဦးဆာမိုးရယ်၊ ရွှေညောင်ပင် အုပ်ချုပ်ရေးမှူး ဦးစိုင်းစန်းဝေတို့သည် လူမှုရေးအရ ညှိနှိုင်းရန် နှစ်ကြိမ်တိုင်တိုင် ပြောဆိုကြသော်လည်း အောင်မြေ(၁)အုပ်ချုပ်ရေးမှူးမှ လာရောက်ခြင်း မရှိခဲ့သည့်အတွက် ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်နိုင်ကြောင်းနှင့် ၀ိုင်းမော်မြို့နယ် စခန်းမှူးသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိသေး
အလားတူ ပဋိပက္ခဖြစ်စဉ်မျိုးကို ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာမှာလည်း ဖြစ်ပွဲခဲ့ပြီးပါပြီး၊ အဲဒီတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်း၊ ပဋိပက္ခညှိနှိုင်း ညှိနှိုင်းဖြေရှင်းရေး အဖွဲ့အစည်းများအနေနှင့် အလားတူ ပဋိပက္ခဖြစ်စဉ်တိုင်းကို အလေးထား ဆောင်ရွက်ဖို့ လိုပါတယ်၊ အလေးထား ဆောင်ရွက်မှု ညှိနှိုင်းဖြေရှင်းမှု မပြုလုပ်နိုင်လျှင် လူမျိုးရေးမုန်းတီးမှု လူမျိုးရေး ပဋိပက္ခတွေ နေရာတိုင်းမှာ ဖြစ်ပွားလာနိုင်တာကြောင့် လူမျိုးရေးအဓိကရုဏ်းတွေ ကြီးထွားလာမှာကို စိုးရိမ်တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A)က တွဲဘက်အတွင်းရေးမှူး ဦးခင်မောင်အေးက ပြောဆိုသည်။
No comments:
Post a Comment