Tuesday, May 7, 2013

(၉၆၉) တိတ်ခွေနှင့် စာအုပ်များ ကူးယူဖြန့်ဝေသူ (၄) ဦးအား ဖမ်းယူစစ်ဆေးမှုများကြောင့် (၉၆၉) စတေကာကပ်သော မြစ်ကြီးနားမြို့ ဗုဒ္ဓဘာသာဝင်များ စိုးရိမ်မှုများ ရှိနေ။


(၅၊၅၊၂၀၁၃) တနင်္ဂနွေနေ့တွင် (၉၆၉) တိတ်ခွေနှင့် စာအုပ်များ ကူးယူဖြန့်ဝေသူ (၄) ဦးအား ကချင်ပြည်နယ် ပယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ
တခြားသော အပိုစွဲချက်များဖြင့် ဖမ်းယူစစ်ဆေးခဲ့ပြီး၊ မြစ်ကြီးနားမြို့ ဓမ္မစရိယစာမေးပွဲ ကြီးကြပ်ရေးဆရာတော်များ၏ တိုက်တွန်းချက်အရလည်းကောင်း၊ ဗုဒ္ဓဘာသာ၏ ဘာသာရေး သင်္ကေတတံဆိပ်တစ်ခုဖြစ်သော (၉၆၉)တံဆိပ် စတေကာ ဖြန့်/ကပ်သူများကို ကချင်ပြည်နယ် ၀န်ကြီးချုပ်၏ အမိန့်ဖြင့် ပယက ဥက္က၏နှင့် အဖွဲ့ဝင်များ လိုက်လံဖမ်းဆီးနေသည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်နေသောကြောင့် လည်းကောင်း ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် မြစ်ကြီးနားမြို့ ၀န်သိုကျောင်းဆရာတော်ကြီးတို့အား (၉၆၉) စတေကာ ဖြန့်ဝေသူ အိမ်/ယာဉ်များ`၌ ကပ်သူများအား ဖမ်းဆီးခြင်းမဟုတ်ဟု လျှောက်ထားမှုများ ပြုလုပ်ခဲ့သော်လည်း ပွင့်လင်းမြင်သာသော ထုတ်ပြန်ကြေညာခြင်းများနှင့် ထင်သာသော မြင်သာသော အကြောင်းပြချက်များ မရှိခဲ့ခြင်းတို့ကြောင့် မြစ်ကြီးနားမြို့ ဗုဒ္ဓဘာသာဝင်များအတွင်း ဘာသာရေး ဘက်လိုက်မှုများနှင့် အတူ စိုးရိမ်မှုများ ဖြစ်ပေါ်နေတယ်လို့ ဧရာဝတီမြစ်ဖျားဆီက စုံစမ်းသိရှိရပါသည်။

No comments:

Post a Comment