![]() |
ရှမ်းတိုင်းရင်းသားဝန်ကြီးမှ ဟောပြောနေစဉ် |
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသမှာ၂၀၁၃-ခုနှစ်၊ မေလ (၁၆)ရက်နေ့က (၃၇)တပ်ရင်းနှင့်အတူ ပြည်သူ့စစ်အင်အား (၈၄၀)ကျော်ဖြင့်
ပြည်သူ့စစ်ဖွဲ့စည်းခြင်း (၁)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ရည်ရွယ်ချက် (၃) ရက်ဖြင့်
သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ စစ်ရေးပြခြင်း၊ ဟောပြောခြင်း၊ တိုင်းလိုင်(ရှမ်းနီ)
ရှမ်းတိုင်းရင်းသား ရိုးရာအကများဖြင့် ပျော်ရွင်ပွဲ ကျင်းပခြင်း၊ ရိုးရာ လှေလှော်ပြိုင်ပွဲများ
ကျင်းပခြင်း စသည်တို့ကို ပြုလုပ်ကျင်းပခဲ့ပါသည်။
တာလောကြီးဒေသ၊
ဌာနေပြည်သူ့စစ် တစ်နှစ်ပြည့် အခမ်းအနား ကျင်းပရသော
ရည်ရွယ်ချက်
(၁)
လက်နက်အားကိုး၍ ဗိုလ်ကျအနိုင်ကျင့်မှုမှ ကာကွယ်တားဆီးရေး
(၂)
မြန်မာနိုင်ငံအတွင်း အတူနေထိုင်ကြသော တိုင်းရင်းသားအချင်းချင်း အပြန်အလှန်လေးစားရေး
(၃)KIO,KIA
အဖွဲ့များလည်း ပြည်သူလူထု၏ ခံစားနေရသော ဒုက္ခများကို မျှဝေခံစားအလေးထား၍ ထာဝရငြိမ်းချမ်းရေး ရရှိအောင်
ဆွေးနွေးရေး၊ စသည်တို့ကို ဦးတည်ရည်ရွယ်၍ ပြည်သူ့စစ်ဖွဲ့စည်း
ကျင်းပရခြင်း ဖြစ်ပါသည်။
အဆိုပါ
ပြည်သူ့စစ် (၁)နှစ်ပြည့် အခမ်းအနားသို့
(၁)
ဒေါ်ခင်ပြုံးရည်၊ ကချင်ပြည်နယ်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး
(၂)
ဦးဖေသောင်း ကချင်ပြည်နယ် အမှတ်(၆) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
(၃)
ဦးစံပြည့် ကချင်ပြည်နယ် အမှတ်(၇) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တို့ တက်ရောက်ခဲ့ကြပြီး
ဟောပြောမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဟောပြောချက်များမှ
ကောက်နုတ်ချက် တစ်ချို့------
=
အတ္တကြီးမားသော လက်နက်ကိုင် လူမျိုးစုတွေကြောင့် တိုင်းလိုင်(ရှမ်းနီ) လူမျိုးစုတွေ လူအင်အားရှိသော်လည်း ဘက်ညီသော အင်အားတွေ တည်ဆောက်ဖို့အတွက်
လက်နက်ကိုင်ဖို့လို။
လက်နက်ကိုင်ခြင်းသည်
သူတပါးကို အနိုင်ကျင့်ဖို့၊ နှိပ်စက်ဖို့မဟုတ်၊ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့နဲ့၊
သူတပါး လေးစားမှု ရနိုင်ဖို့ ရည်ရွယ်မှတ်ယူ ထားကြရန်ဖြစ်- စသည်တို့ဖြင့် တိုင်းလိုင်(ရှမ်းနီ)လူမျိုးစုများ၏
သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို ဟောပြောခဲ့ပြီး တိုင်းလိုင်(ရှမ်းနီ) ရှမ်းလူမျိုးများ၏
အမျိုးဘာသာ သာသသနာကို ကာကွယ်စောင့်ရှောက်ဖို့၊ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားနှင့်
ဧရာဝတီမြစ်ရိုးတလျှောက် မိမိတို့ပျောက်ဆုံးခဲ့သော နယ်မြေ ပြန်လည်သတ်မှတ်ပေးနိုင်ရေးတို့အပြင်
လက်တလောမှာ ကချင်ပြည်နယ်အတွင်း တရုတ်နယ်စပ်များတဆင့် စိမ့်ဝင် ကျယ်ပြန့်လာနေတဲ့ မူးယစ်ဆေးအန္တရာယ်တို့
အကြောင်းကိုလည်း တက်တက်ကြွကြွ ဟောပြောခဲ့ကြပါတယ်။
ကချင်ပြည်နယ်မှာ
ငြိမ်းချမ်းရေး ပျက်ပြားပြီး (၂)နှစ်ကာလ ကြာမြင့်လာသည့်တိုင်အောင် ပီပြင်သော ထာဝရငြိမ်းချမ်းရေး
မဖေါ်ဆောင်နိုင်သေးသည့်အတွက် စစ်ဘေးဒုက္ခသည်များ နေရပ်သို့ မပြန်နိုင်ကြသေးသည့်အပြင်
မိမိတို့၏ လယ်ယာ လုပ်ငန်းများကိုလည်း KIA စစ်သား စုဆောင်းရေးအန္တရယ်နှင့် ထောင်ထားသော
မိုင်းအန္တရယ်များကြောင့် ရွာနှင့် ဝေးလံသော နေရာများသို့ သွား၍ မလုပ်ကိုင်နိုင်ခဲ့သည့်မှာ
(၂)နှစ် ရှိသွားပြီလည်းဖြစ်ပါသည်။ ယခုလို စားဝတ်နေရေး အခက်အခဲများကြားမှ မိမိတို့၏
အသက်၊ အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ ပြည်သူ့စစ်တွေ ဖွဲ့စည်းခဲ့ရတာလည်း ဖြစ်တယ်လို့
ပြည်သူ့စစ်နာယက ဦးစန်းဝေမှ ပြောပြခဲ့ပါသည်။
No comments:
Post a Comment