၁။ (၁၉၄၇)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၆) အရ ဗန်မော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်ကို
ပေါင်း၍ (၁၀-၁-၁၉၄၈)ခု နေ့တွင် ကချင်ပြည်နယ်ဟု သတ်မှတ်၍ ထိုနေ့ကိုပင် ကချင်ပြည်နယ်နေ့ဟု
ခေါ်သည်။
၂။ ဖွဲ့စည်းသတ်မှတ်ခဲ့သောနယ်မြေဒေသ၏ မြေမျက်နှာသွင်ပြင်အနေအထား သုံးမျိုးသုံးစားခွဲခြားနိုင်သည်။
(က) မြစ်ရိုးမြေပြန့်ဒေသ
(ခ) ခမ်းတီးလုံကုန်းမြင့်ဒေသ
(ဂ) တောာင်တန်းကုန်မြင့်ဒေသ
ဟူ၍ဖြစ်သည်။
၃။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထွက်၍
သီးခြားအုပ်ချုပ်ရေးအတွက် (၁၉၃၅) မြန်မာနိုင်ငံအုပ်ချုပ်ရေး အက်ဥပဒေ (The Goverment
Act 1935) ကို ပြဋ္ဌာန်းခဲ့ကြသည်။ ထို့နောက် (၁၉၃၅)ခုနှစ်မှစ၍ ထိုဥပဒေဖြင့် မြန်မာနိုင်ငံကို
သီးခြားအုပ်ချုပ်ခဲ့သည်။
၎။ (၁၉၃၅)ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်မှု ဥပဒေနောက်ဆက်တွဲဇယားပါ
အပိုင်း(၁)တွင် လူနေကျဲပါး၍ တောင်ယာစိုက်ပျိုးမှုကို အခြေခံသော တောင်တန်းဒေသကို(part
1 area) မဖွံ့ဖြိုးသေးသော ဒေသဟူ၍လည်းကောင်း၊ အပိုင်း(၂)တွင် လယ်ယာလုပ်ကိုင်မှုကို အခြေခံ၍
ရှမ်းလူမျိုးများ နေထိုင်သော မြေပြန့်မြစ်ရိုးဒေသကို (part 2 area) ဖွံ့ဖြိုးပြီးသော
ဒေသဟုလည်းကောင်း ခွဲခြား၍ဖေါ်ပြပါရှိပါသည်။
(က) အပိုင်း(၁)မဖွံ့ဖြိုးသေးသောဒေသ
(၁) ခမ်းတီးလုံဒေသ (ပူတာအိုကုန်းမြင့်ဒေသ)
(၂) ဗန်းမော်၊မြစ်ကြီးနားခရိုင်တို့တွင်
ပါဝင်သော ကချင်တောင်တန်းဒေသ။
(ခ) အပိုင်း(၂)
ဖွံ့ဖြိုးပြီးဒေသ
(ဗန်းမော်၊မြစ်ကြီးနား) ခရိုင်အတွင်းရှိ
မြေပြန့်မြစ်ရိုးဒေသများ (မိုးကောင်း၊ မိုးညင်း၊ ဗန်းမော်၊ မန်စီ၊ ရွှေဂူ၊ မိုးမောက်၊
မြစ်ကြီးနား) မြေပြန့်ဒေသများဖြစ်သည်။
၅။ ယင်းကဲ့သို့ ပထ၀ီမြေမျက်နှာသွင်ပြင် ခြားနားမှုကို
အခြေခံ၍ ကချင်တောင်တန်းဒေသကို (၁၈၉၅)
ကချင်တောင်တန်းဒေသ လူမျိုးများဆိုင်ရာ စည်းမျဉ်းများဥပဒေဖြင့်လည်းကောင်း၊
ခမ်းတီးလုံဒေသကို
(၁၉၂၆)ခုနှစ် ခမ်းတီးလုံအုပ်ချုပ်ရေး အမိန့်ဖြင့်လည်းကောင်း ၊ မြေပြန့်ဒေသကို
(၁၉၀၇)ခုနှစ်
မြို့နှင့်ကျေးရွာ အက်ဥပဒေဖြင့်လည်းကောင်း အုပ်ချုပ်ခဲ့သည်။ (၁၉၉၀)ပြည့်
ရန်ကုန်တက္ကသိုလ်
သမိုင်းသုတေသနဌာနမှ မူပိုင်ထုတ်ဝေသော တိုင်းရင်းသားလူမျိုးရေးရာနှင့်
(၁၉၄၇)ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ
(၆) စာမျက်နှာ
(၂၄၂၊၂၄၅)တို့တွင် ဖေါ်ပြထားပါသည်။
၆။ ဗန်းမော်ခရိုင်၊မြစ်ကြီးနားခရိုင်တို့ကို ကချင်ပြည်နယ်အတွင်း သွတ်သွင်းရန် (၁၉၄၇)ခုနှစ်တွင်
ကျင်းပပြုလုပ်သော ပင်လုံညီလာခံတွင် ကချင်တောင်တန်းကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။
ထိုအရေးကို ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြုလွှတ်တော်တွင် စဉ်းစားရန် (၁၉၄၇)
တိုင်းရင်းသားလူမျိုးရေး အခြေခံဥပဒေ (စာ-၂၇၆)တွင် ဖေါ်ပြထားပါသည်။ (၁၉၄၇) အခြေခံပုဒ်မ
(၁၆၆)အရ ရှမ်းနှင့်ဗမာများနေသော ဒေသကို ကချင်မဟုတ်သူများ ဒေသဟု ဖေါ်ပြထားသည်။
No comments:
Post a Comment