မြန်မာအမျိုးသမီးများကို ကာကွယ်ပေးတဲ့
အမျိုးစောင့် ဥပဒေကို မကြာခင် လွတော်သို့ တင်သွားမည် ဖြစ်ပြီး ဘယ်အချိန်
တင်မည် ဆိုသည့် အချိန်အတိအကျကို မပြောနိုင်သေးကြောင်း။
အမျိုးစောင့် ဥပဒေဆိုတာကို သံဃာတော်တွေက ဖြစ်သင့်ဖြစ်ထိုက်တာကို
ဥပဒေအကြံပြု ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပြီး လွှတ်တော်တင်မှာပဲ ဖြစ်တယ်။
ဥပဒေတင်ပြမှု မပြမှုဆိုတာ သံဃာတွေနဲ့မဆိုင်ဘူး၊ ဒါပေမဲ့ ဥပဒေတင်ပြမှုကို
သံဃာတွေက တညီတညွှတ်တည်း ထောက်ခံကြတယ်။
အမျိုးစောင့် ဥပဒေတင်ပြမှုဟာ
ဘုရားဟော ဓမ္မ၀ိနယတွေညီတယ်၊ သိင်္ဂါလောဝါဒသုတ် စသည်တို့ဖြင့် အင်းစိန်
ရွာမဆရာတော် အစရှိသော ဆရာတော် မိန့်သွားတော်မူသည်များလည်း ရှိကြောင်း။
အမျိုးစောင့် ဥပဒေကို တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ ပြည်နယ်နှင့်
တိုင်းအသီးသီးမှ အရေးပါတဲ့ ဆရာတော် သံဃာတော်တွေ ကြွလာတဲ့အတွက် ၄င်းဆရာတော်
သံဃာတော်များရဲ့ နေရာဒေသမှ ရှိတဲ့ ပြည်သူတွေရဲ့ အင်အားကို ယူကြည်ပါတယ်။
အမျိုးစောင့် ဥပဒေသည် ကိုယ့်ခြံစည်းနဲ့ကိုယ် အေးအေးချမ်းချမ်း
နေထိုင်ဖို့ဖြစ်တဲ့အတွက် တားမြစ်ချက်လို့ မမြင်ပါဘူးလို့
မြန်မာအမျိုးသမီးများကို ကာကွယ်ပေးတယ်လို့ မြင်ပါတယ် စသည်တို့ဖြင့်
သတင်းမီဒီယာများနှင့် တွေ့ဆုံးမေးမြန်းမှုမှာ ဖြေကြားသွားခဲ့ပါတယ်။
No comments:
Post a Comment