(၃၊၇၊၂၀၁၃)နေ့တွင်
ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဒေသခံရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၅)မျိုးရဲ့ ရေးရာကိစ္စတွေကို
တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက်မှာ တိုင်းလိုင်၊
တိုင်းခမ်းတီ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းမောင်း စတဲ့ ရှမ်းမျိုးနွယ်စုများမှ ကိုယ်စားလှယ်
(၃)ဦးဆီ ပါဝင်ပြီး ကိုယ်စားလှယ် (၁၅)ဦးပါဝင်တဲ့ ရှမ်းမျိုးနွယ်စုများ ရေးရာကော်မတီတစ်ရပ်ကို
ဖွဲ့စည်းခဲ့ပါတယ်။ ဆက်လက်ပြီး အလုပ်အမှုဆောင်ကော်မတီကို ဆက်လက်ဖွဲ့စည်းသွားမယ်လို့လည်း
သိရပါတယ်။
အဆိုပါ ရှမ်းမျိုးနွယ်စုများ ရေးရာကော်မတီဖွဲ့စည်းရေး
အစည်းအဝေးသို့ ကချင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်နှင့် ကချင်ပြည်နယ်
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်တို့ အပါအ၀င် မြစ်ကြီးနား ၊တာလောကြီး၊
ဝိုင်းမော်၊ ခတ်ချို၊ မိုင်းနား စတဲ့ မြို့ရွာများမှ ဒေသခံ ရှမ်းမျိုးနွယ်စု ကိုယ်စားလည်ဦးရေး
(၆၀)ခန့် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
အခုလို
ရှမ်းမျိုးနွယ်စုများ ရေးရာကော်မတီ ဖွဲ့စည်းဖို့ ဖြစ်လာခဲ့ရတာနဲ့ ပက်သက်ပြီး တာလောကြီး
ကျေးရွာ ရပ်မိရပ်ဖလည်းဖြစ်၊ ကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ဦးစန်းဝေက -
ကချင်ပြည်နယ် မြစ်ရိုး၊မြေပြန့်၊ တောင်ပေါ်ဒေသနှင့်
သံလမ်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ငြိမ်းချမ်းရေး၊
လူမှုရေး ၊ စီးပွားရေး၊ ပညာရေးရာရာတွေ အပြင် မြို့ရွာ အစွန်အဖျား ဒေသတွေမှာ နေထိုင်ကြတဲ့
ဒေသခံရှမ်းတိုင်းသားရဲ့ အရေးကိစ္စတွေကို တာဝန်ယူ ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။
အဲဒီအစွန်အဖျားဒေသမှာ
နေထိုင်ကြတဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားတွေမှာ တိုက်ပွဲတွေ မဖြစ်သည့်တိုင်အောင် ယနေ့အချိန်ထိ
အကြောက်တရားတွေ ကိန်းဝပ်နေကြပါတယ်။ KIA ၏ ဖိနှိပ်မှု၊ စက်ကြေးတောင်းမှုတွေ ရှိနေသေးတယ်၊
ဒါတွေကို မပြောရဲကြဘူး၊ မပြောရဲတဲ့သူတွေရဲ့ အသံကို ကြားအောင်ပြောပေးမယ်၊ ဒီလို အနေအထားတွေကို အားလုံးကို
သိစေမယ်၊ ပြည်သူ့လွှတ်တော်ကို ပြောမယ်၊ ငြိမ်းချမ်းရေးအဖွဲ့ကို ပြောမယ်၊ KIA/KIO ကိုပြောမယ်၊
ကုလသမဂ္ဂနဲ့ သိသင့်သိထိုက်တဲ့သူတွေ အားလုံးကို ပြောမယ်၊
ဆေးလိပ်ဖိုး၊ ကွမ်းဖိုးတောင်းခံတာလောက်ကိုတော့
မပြောလိုပါဘူး၊ တနှစ်ကို ဘယ်လောက်ပေးရမယ် ဆိုတာတွေ၊ ကူးသန်း ရောင်းဝယ် ဖောက်ကားတာတွေ၊
လယ်ယာမြေနဲ့ ပက်သက်ပြီး စက်ကြေးတောင်းတွေ၊ ဒါတွေ ရှိနေသေးတယ်၊ ဒါတွေကို နားထောင်ပြီး
အားလုံးသိအောင် ပြောပြသွားမှာပါ -လို့ ပြေပြပါတယ်။
No comments:
Post a Comment