Tuesday, August 13, 2013

ရှမ်းလူမျိုး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အား သီးသန့် ခေါ်ယူတွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး၊ ဒေါက်တာမြင့်အောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ myanmar egress မှ ဒေါက်တာ ကျော်ရင်လှိုင်တို့နှင့်အတူ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အား သီးသန့်ခေါ်ယူ တွေ့ဆုံရာတွင် -


ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များ၊
ကချင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြတယ်လို့ (၁၂.၈.၂၀၁၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာတွင် ဖေါ်ပြထားပါတယ်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို ဒုသမ္မတနှင့်အဖွဲ့မှ သီးသန့်ခေါ်ယူတွေ့ဆုံခဲ့တာနှင့် ပက်သက်ပြီး ရေးရာကော်မတီဝင်တစ်ဦးကို မေးမြန်းကြည့်ရာ သတင်းစာတွင် ပါတဲ့ကိစ္စလောက်ပဲ ကျွန်တော်တို့ ပြောနိုင်ပါမယ်၊ တခြားကိစ္စတွေကိုတော့ အချိန်ကြရင် ကျွန်တော်တို့ ထုတ်ပြန်ကြေညာပါ့မယ်လို့ ပြောဆိုသွားပါတယ်။

No comments:

Post a Comment