Monday, October 21, 2013

မိုးညှင်းခရိုင်၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုးညှင်းမြို့နယ်၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရုံးတွင် မိုးညှင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က အကြိုညှိုနှိုင်း အစည်းအဝေးကျင်းပခဲ့ရာ တိုင်းလိုင်(ရှမ်းနီ) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၃) ဦး၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့နယ်များမှ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌများ၊ အတွင်းအရေးမှူးများနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးမှာ

မြို့နယ်၊ ကျေးရွာအလိုက် ဖွဲ့စည်း ဖွင့်လှစ်နိုင်ခဲ့တဲ့ ပါတီရုံး အခြေအနေများ၊ ခရိုင်အဆင့် ဖွဲ့စည်းသွားမည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးရေနှင့်လုပ်ငန်းတာဝန်များ၊ ပြီးခဲ့တဲ့ အောက်တိုဘာလ (၈၊၉၊၁၀) ရက်နေ့များက မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အစိုးရနှင့် KIO တို့၏ သဘောတူညီချက်များ အနက်မှ မိမိတို့ တိုင်းလိုင် (ရှမ်းနီ) ရှမ်းတိုင်းရင်းသားများနှင့် သက်ဆိုင်သော အပိုဒ် (ဂ) (ဃ) (စ) ပါ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မြစ်ကြီးနားမြို့၊ ဗဟိုအလုပ်အမှုဆောင်တစ်ဦးမှ ပြောပြပါသည်။

No comments:

Post a Comment