![]() |
တာလောကြီး ဌာနေပြည်သူ့စစ် |
ကချင်ပြည်နယ်၊ တိုင်းလိုင်(ရှမ်းနီ)နယ်မြေဒေသတစ်ခုဖြစ်သော မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်ဒေသရှိ တာပဒေါင်းရွာ ဧရာဝတီမြစ်ဆိပ်နှင့် ရေကြည်-ခေါင်းဖူးရွာသစ် ဧရာဝတီမြစ်ဆိပ်များတွင် မြစ်ကြီးနား-တာလော-ဆင်ဘို သွားလာနေကြသော စက်လှေ၊ အမြန်ယာဉ်များကို KIA မှ သေနတ်ပစ်ဖောက် ခြိန်းခြောက်၍ “ကျည်တစ်ထောင့်လျှင် ဘယ်လောက်ပေးရမည်”ဟု သတ်မှတ်ကာ ဆက်ကြေးများ ကောက်ခံနေပြီး၊
ရွှေကျင်တောင်နှင့် ရွာနားနီးစပ် မြစ်ရိုးတလျှောက်တွင် ရွှေကျင်နေကြသော ဒေသခံ
တိုင်းရင်းသားများအား ဆက်ကြေးများ အဓမ္မ ကောက်ခံနေလျက်ရှိရာ ဒေသခံပြည်သူအများစုက ပြောဆိုတိုင်ကြားမှုများ မပြုလုပ်ရဲသည့်အတွက် KIA မှ အတင့်ရဲစွာ ၀င်ရောက်နယ်ချဲ့ စက်ကြေးကောက်ခံမှုများ ပြုလုပ်လာသောကြောင့် ခလရ(၃၇) တပ်ရင်းနှင့် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များက တာလောကြီးတိုက်နယ် ဒေသအတွင်း လိုက်လံရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေရတယ်လို့ သိရပါတယ်။
တာလောကြီးတိုက်နယ်ဒေသအတွင်း ခလရ (၃၇)နှင့် ဒေသခံပြည်သူ့စစ်များမှ လိုက်လံရှာဖွေ စစ်ဆေးနေမှုများနှင့် ပက်သက်ပြီး တာပဒေါင်းဆရာတော် ဦးတေဇမှ အောက်တိုဘာလ (၄)ရက်နေ့တွင် ရွာသို့ ဒေသခံပြည်သူ့များ လာရောက် စစ်ဆေးသွားခဲ့ပြီး သန်းခေါင်စာရင်းများသာ ကောက်ယူသွားခဲ့တယ်လို့ ပြောပြပါတယ်။
မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်ဒေသတွင် ကျေးရွာပေါင်း (၁၁)ရွာ ရှိသည့်အနက် (၁၀)ရွာမှာ ရှမ်းရွာများဖြစ်ပြီး၊ အိမ်ခြေ (၄၀)ခန့်ရှိသော တာပဒေါင်းရွာတွင် ကချင်အိမ်ခြေ (၃၀)ခန့် ရှိတယ်လို့ သိရပါတယ်။
=၂၉-၉-၂၀၁၃ နေ့က ယာခင်းသို့သော တာလောကြီး ရပ်ကွက် (၃)မှ ဦးမောင်ဆိုင်၊ ဦးမောင်ပို၊ ဦးမိုးကျော်သူနှင့် ဦးကိုမောင်တို့ လေးဦးအား တာပဒေါင်းကျေးရွာတစ်ဝိုက် ကျက်စားနေသော ဗိုလ်တူးဂျာ ဦးဆောင်သည့် KIAအဖွဲ့မှ ဆက်ကြေးကောက်ခံခဲ့တယ်။
=၂၁-၉-၂၀၁၃ ရက်နေ့ က တာလောကြီးကျေးရွာတစ်ဝိုက်မှ ဒေသခံပြည်သူ (၁၂) ဦးကို KIA မှ စစ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်။
=၂၃-၈-၂၀၁၃ ရက်နေ့က တာလောကြီး ရပ်ကွက် (၄)မှ မောင်ညီထွေး အသက်(၁၈)နှစ်အား ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်။
=၈-၇-၂၀၁၃ ရက်နေ့က တာလောကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား တာပဒေါင်းကျေးရွာ တောင်ဘက်(အောက်ဘက်) (၂)မိုင်ခန့် အကွာ (ခ.မ.မ.ပ.ည L-H 203714) ပြောင်းဖူးခင်း နေရာတွင် KIA သောင်းကျန်းသူအဖွဲ့ ယင်း(၁၁)မှ ဦးစီးအင်အား(၅)ဦးမှ လက်နက်ငယ်များဖြင့် (၁၀)ချက်ခန့် ပစ်ခတ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment