တာလေကြီးဌာနေ ပြည်သူ့စစ် |
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောတိုက်နယ်၊ ဟိုကပ်ကျေးရွာအား KIA မှ ၀င်တိုက်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဟိုကပ်ကျေးရွာ ဒေသခံများမှ တဆင့် သိရှိရသည်။
အဆိုပါဟိုကပ်ကျေးရွာ၌ အစိုးရစစ်တပ် ခလရ (၃၇) စစ်ကြောင်း(၂) နှင့် တာလောဌာနေပြည်သူ့စစ်များက တွဲဘက်၍ လုံခြုံရေးတာဝန်ယူနေပြီး နိုဝင်ဘာလ(၂၈ ) ရက်နေ့တွင် KIA စစ်သား နှစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူဖမ်းဆီးခဲ့ပြီးနောက်ပိုင်း
အခုလို သတင်းများ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
ဟိုကပ်ကျေးရွာ၏ အနောက်ဘက်တွင် ရောက်ရှိနေသော KIA အင်အား (၁၀၀)ခန့်အား ဟိုကပ်ကျေးရွာ ရပ်မိရပ်ဖများက ဟိုကပ်ကျေးရွာအား ၀င်ရောက်တိုက်ခိုက်မှု မပြုလုပ်ရန် မေတ္တာရပ်ခံထားပြီး၊ ဟိုကပ်ကျေးရွာနှင့် (၃)မိုင်ခန့် ဝေးသော စံကင်းကျေးရွာမှ စစ်ဘေးရှောင် ဒေသခံရှမ်းဒုက္ခသည်များကို မနက်ဖြန် ဒီဇင်ဘာလ (၂) ရက်နေ့တွင် ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာမှ နေရပ်ပြန်ပို့မည့် အစီအစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
KIA က ဟိုကပ်ကျေးရွာကို ၀င်တိုက်မယ်ဆိုတာကို KIA နဲ့ မြင်တွေ့ခဲ့တဲ့ ဒေသခံရွာသား(၃)ယောက်က (၃)ကြိမ် သတင်းလာပို့ခဲ့တာကြောင့် အတည်ပြုခဲ့ကြပြီး အစိုးရစစ်တပ် ခလရ (၃၇) စစ်ကြောင်း(၁)၊ စစ်ကြောင်း (၂) နှစ်ခုစလုံး စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံများမှ ပြောကြားသည်။
No comments:
Post a Comment