(၇.၁၂.၂၀၁၃) ရက်နေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဖွရွာသား ခြောက်ဦးနှင့် မန်ဖွကျေးရွာ လမ်းတစ်လျှောက်မှ လမ်းသွားလမ်းလာ အလုပ်သမား(၃၀)ကျော်ကို KIA မှ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို
အဆိုပါ မန်ဖွရွာသားခြောက်ဦးနှင့် မန်ဖွရွာလမ်းတစ်လျှောက်မှ
လမ်းသွားလမ်းလာ အလုပ်သမား (၃၀)ကျော်ကို ဒီဇင်ဘာလ (၇)ရက်နေ့ နံနက် (၁၁)နာရီလောက်မှာ KIA က ဖမ်းဆီးခေါ်ဆောင်သွားတာပါ၊ KIA ဖမ်းဆီးသွားတဲ့ နေရာနဲ့ အစိုးရစစ်တပ်က ခဲတစ်ပစ်စာလောက်ပဲ ဝေးပါတယ်၊ စစ်တပ်အနေနဲ့ ကာကွယ်ပေးရမယ့် တာဝန်ရှိသော်လည်း အထက်က အမိန့်မရ၍ တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်ခြင်း မရှိဘူးလို့ သိရပါကြောင်း၊ အလုပ်သမား (၃၀)ကျော်နှင့် မန်ဖွရွာသား ခြောက်ဦးအပါအ၀င် (၄၀)ခန့်လောက်ရှိနိုင်ကြောင်း၊
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ မန်ဖွရွာသား ခြောက်ဦးကတော့ -
၁- ဦးစိုးတင့်၊ အဖ-ဦးသော်၊
၂- ဦးမြင့်သောင်း- အဖ-ဦးရီ၊
၃- ဦးဆန်စီ၊ အဖ-ဦးလှဘုတ်၊
၎- မောင်ရစ်၊ အဖ-ဦးမြင့်ခိုင်၊
၅- မောင်ဇော်ထွန်း၊ အဖ-ဦးလှအောင်
၆-မောင်ကျော်ခေါင် -တို့ဖြစ်ပြီး ကျွန်တော်တို့မှာ အကာအကွယ်မဲ့နေတယ်၊ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိဘူး ဖြစ်နေပါတယ်လို့ မန်ဖွရွာသား တစ်ဦးမှ ပြောဆိုသွားခဲ့ပါတယ်။
No comments:
Post a Comment