မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်မှာ
တစ်ရွာလျှင် ၁၅ ယောက်စီ ပေးပို့ရန် KIA မှ ခြိမ်းခြောက်ဆင့်ခေါ်စာကို ဒီဇင်ဘာလဆန်းပိုင်းလောက်က ရှမ်းလူကြီးများထံ ပေးပို့ထားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးမှ ပြောဆိုသည်။
ဆွေးနွေးညှိနှိုင်းကြတဲ့အခါ ဘယ်သူမှ မလိုက်ချင်တဲ့အတွက် KIA မှ ၁၅ ယောက်မပေးနိုင်လျှင် ၁၀ ယောက် ပေးပို့ရန်၊ ၁၀ ယောက်လည်း မဖြစ်နိုင်တဲ့အတွက် ၅ ယောက်ပေးပို့ရန်၊ ၅ ယောက်လည်း မဖြစ်နိုင်တဲ့အတွက် နောက်ဆုံး အဆိုပါ ရှမ်းရွာ ၁၄ ရွာမှ ရှမ်းလူကြီးများကို ကိုယ့်အိပ်ရာလိပ် ကိုယ်ယူ၍ လာခဲ့ကြရန် KIA မှ ခြိမ်းခြောက် ဆင့်ခေါ်စာ ပေးပို့လိုက်တယ်လို့ နောက်ဆုံး သိရှိထားရပါသည်။
No comments:
Post a Comment