ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နမ္မတီးရဲစခန်းမှူးအဖြစ် ရဲအုပ်တင်ထွန်းအောင် စတင်လက်ခံခဲ့သော အချိန်မှစ၍ ၄င်းရဲစခန်းတွင် သိမ်းဆည်းထားသော သက်သေခံ မူးယစ်ဆေးဝါး ဘိန်းဖြူမှုန့်များအား ခိုးယူကာ ဂတ်စာရေး သန်းထွန်းလေးမှ ရောင်းစားခြင်း၊ ရဲစခန်း လက်နက်တိုက်တွင် သိမ်းဆည်းထားသော ရိုင်ဖယ်ကျည် (၁၅၀)တို့အား အုပ်ချုပ်သူ အောင်ဝင်းမှ ခိုးယူကာ ရောင်းစားခြင်း၊
ပျောက်ဆုံးနေသော ကျည်ဆံများအား စခန်းမှူးမှ ၀ယ်ယူကာ ဖြည့်တင်းထားရကြောင်း သိရသည်။
နမ္မတီးရဲစခန်းအပိုင်းတွင် စခန်းမှူးအား လစဉ်လိုင်းကြေးငွေပေးကာ ချဲထီ၊ နှလုံးထီများ ရောင်းချနေကြောင်း တွေ့ရပြီး ၄င်းကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြည်နယ်ရဲသို့ တိုင်ကြားခဲ့ရာ နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ချဲနှလုံးရောင်းချသူများအား ကြိုတင်အကြောင်းကြားပေးထားသဖြင်
နမ္မတီးကျေးရွာ၊ ရွှေနန်းရပ်ကွက်နေ၊ မိုးမြင့်ဦး၏သား ဇာဏီလင်း(ခ)ဇံဇံ မှာ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ကံလှကျေးရွာနေ ဦးအေးကံ၏ သမီး-ဆိုင်ကယ်အား သင်္ကြန်ကာလအတွင်း ခိုးယူမှုဖြင့် ထောင်ကျသွားခဲ့ပြီး ထောင်မှလွတ်လာသည့်အခါ စခန်းမှူးမှ ရဲတပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။ ယခုအခါ ရဲသင်တန်းတက်ရောက်နေကြောင်း သိရပါသည်။ ၄င်း၏ဖခင် မိုးမြင့်ဦးမှာ ယခင်လောင်းကစားဒိုင် ပြုလုပ်ခဲ့စဉ်က စခန်းမှူးနှင့် ရင်းနှီးခင်မင်ခဲ့သည်။ လာဘ်ပေးလာဘ်ယူကိစ္စများ ပိုမိုအဆင်ပြေစေရန် သားဖြစ်သူအား ရဲတပ်ဖွဲ့သို့ ၀င်ရောက်စေကြောင်း သိရပါသည်။
နမ္မတီးရဲစခန်းမှူးမှာ ဖားကန့်မှ တရုတ်ပြည်သို့ တရားမ၀င်ကျောက်စိမ်းတင်သော ကားများကို လိုင်းကြေးယူကာ မြစ်ကြီးနားသို့ ကားလမ်းအတိုင်းမသွားဘဲ နမ္မတီးကျေးရွာ သစ္စာရပ်ကွက် အနောက်ဘက်ရှိ မိုးကောင်းချောင်းအတိုင်း ကားကြီးကားငယ်များမှတဆင့် စက်လှေများဖြင့် သယ်ယူသည်ကို ခွင့်ပြုနေကြောင်း၊ ၄င်းကိစ္စများ မြို့သစ်ကြီးကျေးရွာနေ ဦးမျိုးလွင်နှင့် ပူးပေါင်းဆောင်ရွက်နေကြကြောင်း သိရပါသည်။ ဤကဲ့သို့ ဥပဒေမဲ့ လုပ်ရက်များကြောင့် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှု အလွန်များသည့်အပြင် ဒေသခံပြည်သူများအပေါ် အလေးမထားသကဲ့သို့ ဖြစ်နေပါသည်။
နမ္မတီး-ကံလှကျေးရွာ အထက်ရေအေးချောင်း ရဲကင်းစစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များမှ ကားသမားများထံ ငွေကြေးတောင်းခံခြင်းကိစ္စများ တိုင်းကြားခံရပြီးနောက် စခန်းမှူးသည် ၄င်းကိစ္စ မပေါက်ကြားစေရန် ဒေသတွင်း လုပ်ကိုင်နေသော ကားသမားများအား နည်းမျိုးစုံဖြင့် စည်းရုံးခဲ့သည်။ အမှုကိစ္စ စစ်ဆေးသည့်အခါ ပေါက်ကြားစေနိုင်သည့် ကားအုံနာရှင်တစ်ဦးဖြစ်သူ နမ္မတီး လမ်းကွကျေးရွာနေ ဒေါ်ပေါင်း၏ နေအိမ်သို့ မူးယစ်ဆေးဝါးများ တိတ်တဆိတ်ပစ်ချကာ အကွက်ဆင်၍ မတရားဖမ်းဆီးခဲ့ကြောင်း သိရပါသည်။ အသေးစိတ် ကိစ္စများကို စခန်းမှူးမှ စီစဉ်၍ ရက်ကွက်မှူးမှူး ဦးဘရန်ရှောင်မှ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးခဲ့သည်။ ဤကဲ့သို့သော လုပ်ရက်များ၊ လာဘ်ပေးလာဘ်ယူကိစ္စများသည် ဒေသအသီးသီးရှိ ရဲဝန်ထမ်းများ၏ လုပ်ရိုးလုပ်စဉ်ဟု ဒေသခံပြည်သူများ၏ စိတ်၌ စွဲမြဲလျက်ရှိပါသည်။ ပြည်သူများနှင့် ရဲဝန်ထမ်းများအကြား ယုံကြည်မှု ကင်းမဲ့စေသည်မှာ ခေတ်အဆက်ဆက် ရှိနေခဲ့ပါသည်။
နမ္မတီး ရဲစခန်းမှူးသည် ဒေသတွင်း လုံခြုံမှု၊ ရဲအရေးပိုင် ဖြေရှင်းရမည့် လူမှုရေးပြဿနာကိစ္စများအတွက် သွားရောက်ပါက အခကြေးငွေရမှသာ ဆောင်ရွက်ခြင်း၊ အခကြေးငွေမရပါက အကြောင်းအမျိုးမျိုးပြ၍ ရှောင်ရှားခြင်း၊ တာဝန်ချိန် စခန်းတွင် အနေနည်းခြင်း၊ မိသားစုအကြောင်းပြ၍ အပတ်စဉ် သောကြာနေ့တိုင်း မြစ်ကြီးနားမြို့သို့ ပြန်သွားတတ်ပြီး တနင်္ဂနွေနေ့ ညပိုင်းမှသာ ပြန်ရောက်လာတတ်သည်။ သို့အတွက်ကြောင့် အရေးပေါ်ကိစ္စများ ရှိပါက ရဲစခန်းသို့ အကူအညီတောင်း၍ မရကြောင်း ဒေသခံများမှတဆင့် ကြားသိရပါသည်။
နမ္မတီး ရဲစခန်းအတွင်းရှိ နယ်ထိန်းခေါင်းဆောင် ဗိုလ်လေးအောင်မျိုးမင်းမှာလည်း ဒေသခံပြည်သူများအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံလေ့ရှိကြောင်း၊ လက်အောက်ငယ်သား ရဲတပ်ဖွဲ့ဝင်အချင်းချင်းများသော
နမ္မတီး စခန်းမှူးဟောင်းများးဖြစ်ကြသော ဦးကျော်မြင့် (ပင်စင်)၊ ဦးမောင်မောင်ကြီး (၀ိုင်းမော်)၊ ဦးစိုးအောင် (၀ိုင်းမော်)၊ ဦးကျော်ဆွေ (၀ိုင်းမော်) ၊ လက်ရှိစခန်းမှုး တင်ထွန်းအောင် (၀ိုင်းမော်) ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော စခန်းမှူးများမှာလည်း အနည်းငယ်မျှသာ ကျေးရွာအတွက် အလုပ်လုပ်ခဲ့ကြပါသည်။ များသောအားဖြင့် ဥပဒေမဲ့ သစ်ကားများ၊ တရားမ၀င် ကျောက်စိမ်းတင်ကားများကို ဆက်ကြေးကောက်ယူရန်သာ အာရုံရှိကြပါသည်။
ယခုလက်ရှိ စခန်းမှူး တင်ထွန်းအောင်မှာ ၂၀၁၄ ခုနှစ် ဆင်ဘိုနယ်၊ နယ်ထိန်းပြုလုပ်စဉ်အခါ မူးယစ်ဆေးရောင်းသူ၊ သစ်မှောင်ခို လုပ်သူများထံမှာ ဆက်ကြေးများ ကောက်ခံခဲ့ပြီး ၀ိုင်းမော်နယ်ထိန်း ဖြစ်စဉ်အခါကလည်း ကား၊ ဆိုင်ကယ်၊ စက်ပစ္စည်း အမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး စသည့် တရားမ၀င် လုပ်ငန်းမျိုးစုံမှ ဆက်ကြေးများ ကောက်ယူခဲ့သည့်အတွက် ယခုအခါ ငွေကြေးအတော် ချမ်းသာပြည့်စုံနေသူတစ်ဦး ဖြစ်ပါသည်။
(ပုဂ္ဂိုလ်ရေး မကြည့်ပါ၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် နစ်နာသည့် ဒေသခံပြည်သူများအတွက် တင်ပြရခြင်းဖြစ်ပါသည်။ တစ်ဦးတစ်ယောက်က “ ရဲ (ဒါမှမဟုတ်) ……??????? …….. သူတို့တွေ လာဘ်မစားပါဘူးလို့ ပြောရင် ……………………?။
joker
No comments:
Post a Comment