ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့၏ စုဆောင်းခံရသည့် ရှမ်းတိုင်းရင်းသားများအရေး ဆွေးနွေးရန် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးဗဟိုဌာန(MPC)
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ
ဦးစန်းဝေက “ကျွန်တော်တို့ KIA နဲ့ ဆွေးနွေးနိုင်ရေး မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ကမ်းလှမ်းထားတာရှိတယ်။ ဒီ၂၀၁၃ ဒီဇင်ဘာ မကုန်ခင် ကတည်းကပါ။ အခုဆိုရင် တစ်လနီးပါးရှိပါပြီ။ တစ်ဖက်နဲ့ သွားဆွေးနွေးဖို့အတွက် ကျွန်တော်တို့အနေနဲ့ အခုကွင်းဆင်းပြီး အချက်အလက်တွေ ကောက်ယူနေသလို MPC ဘက်ကလည်း အကြောင်းပြန်လာတာမရှိဘူးဆိုတော့
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနြေ
“အခုတော့ ကျွန်တော်တို့က KIA ကနေ ဖမ်းဆီးသွားပြီးတော့မှ ပြန်မလွတ်သေးတဲ့ ကလေးတွေကို စုဆောင်းနေတယ်။ မိဘရဲ့ ဆန္ဒ၊ ကလေးရဲ့ ဆန္ဒ၊ နောက်ဟိုမှာ မနေချင်တဲ့ ကလေးတွေကို လိုက်မေးနေတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဆွေးနွေးမှု နောက်ပိုင်း အောက်ခြေမှာ KIA ကနေပြီးတော့ ဆက်ကြေးတောင်းခံနေတဲ့ ကိစ္စတွေရှိနေသေးတာတွေကို မေးမြန်းစုံစမ်းပြီးတော့ KIA နဲ့တွေ့ဆုံတဲ့အခါ ဒီအချက်တွေကို ချပြနိုင်အောင် ကျွန်တော်တို့ဘက်ကလည်း သက်သေအထောက်အထားနဲ့ ပြောနိုင်အောင် ကွင်းဆင်းအတည်ပြုနေပါတယ်”ဟု ဦးစန်းဝေက ဆက်လက်ပြောကြားသည်။
အစိုးရ၏ နောက်ဆုံးစာရင်းများအရ ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၁၃ ရက်တို့တွင် KIA လက်နက်ကိုင်တပ်ဖွဲ့က ကချင်ပြည်နယ် မန်စီမြို့နယ် ပါတော်၊ ကုန်းခေါင်နှင့် ဟန်ထက်ကျေးရွာအနီး ခပရာကျေးရွာတို့တွင် ဒေသခံ ၂၆ ဦးတို့အား ဖမ်းခေါ်သွားခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်က ရှမ်းလူမျိုး ၂၂ ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ ပြောပြချက်အရ လက်ရှိကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ်လူဦးရေ၏ ထက်ဝက်ကျော်( ၇၀၀၀၀၀ ကျော်) ရှိသည်ဟုဆိုသော်လည်း အစိုးရစာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာရှိကြောင်း သိရသည်။
Eleven Media
No comments:
Post a Comment