မြန်မာပြည်မြောက်ပိုင်း၊
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အနီး သိန်လင်ရွာက လူငယ်(၈)ဦးအား (၄၊၃၊၂၀၁၄) ရက်နေ့တွင်
KIA ကချင်လွတ်မြောက်ရေး တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
ဗန်းမော်မြို့၊
သိန်လင်ရွာအနီး မန်ရွက်ကျေးရွာနောက်ကျောတွင် ဆိုင်ကယ်နဲ့ အလုပ်သွားတဲ့ လူငယ်(၈)ဦးကို
“လမ်းမှာ ဆိုင်ကယ်နဲ့ ခေါ်သွားတာ၊ မင်းတို့
ရှေ့ကသွား၊ ငါတို့ နောက်ကလိုက်မယ်ဆိုပြီး KIA က နောက်ကလိုက်တာ၊ လူငယ်တွေက ရှေ့ကသွားတဲ့အခါ
လမ်းခြားတဲ့အခါကျတော့ တောင်ပေါ်မှာကျတော့ တအားမောင်းပြေးခဲ့တာ၊ နှစ်ယောက်ပဲ ကျန်ခဲ့တယ်လို့ပြောတယ်၊
ကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ ပါသွားသလား မပါသွားသလားဆိုတာ ဘာမှသတင်းမရသေးဘူးပေါ့၊ ကျန်တဲ့
ခြောက်ယောက်ကတော့ ပြန်ရောက်လာတာပေါ့၊ အဲဒီဘက်က KIA ရင်း(၁၂) ဖြစ်မယ်ထင်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက
ပြောကြားသည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က
“ကျွန်တော်တို့ကတော့ KIO နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့လည်း သွားမယ်၊ ကုလသမဂ္ဂ၊
နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာကိုလည်း တင်ပြပြီး အကူအညီ တောင်းခံသွားမယ်၊ ပြည်သူ့စစ်တွေလည်း
အမြန်ဆုံး ဖွဲ့စည်းနိုင်အောင် စီစဉ်ဆောင်ရွက်သွားရမယ်”လို့ ရှမ်းမျိုးနွယ်စုရေးရာခေါင်းဆောင် ဦးစိုင်းထိန်လင်းက
ပြောကြားသည်။
KIA ကချင်လွတ်မြောက်ရေး
တပ်မတော်မှ တပ်သားသစ် စုဆောင်းရေး ဖမ်းဆီးမှုခံရသူ သိန်လင်ရွာက လူငယ်တွေကတော့ ၁။မောင်မြင့်ကြိုင်
(အဘ-ဦးကျော်စိန်+အမိ-ဒေါ်အောင်ပွဲ)၊ ၂။မောင်ကျော်လင်း (အဘ-ဦးရီပွဲ+ဒေါ်ဆိုင်းသာ)၊ ၃။မောင်သန်းစိုး(အဘ-ဦးဆန်းမောင်)၊
၎။မောင်ကျော်ဆင့် (အဘ-ဦးအိုက်ဆိ+အမိ-ဒေါ်ထွေး)၊ ၅။မောင်စိုးနိုင် (အဘ-ဦးတင်မောင်)၊
၆။မောင်အောင်တိုး (အဘ-ဦးတင်မောင်)၊ ၇။မောင်ဝင်းထွန်း (အမိ-ဒေါ်ငြိမ်း)၊ ၈။မောင်တင်ညွှန့်
(အမိ-ဒေါ်ဆွဲ့နှင်းရီ) တို့ ဖြစ်တယ်လို့ သိရသည်။
No comments:
Post a Comment