Thursday, August 13, 2015

ရေဘေးသင့်ဒေသ လေးခုကို မြစ်ကြီးနား-မဘသ ကျပ်သိန်း(၁၈၀)လှူဒါန်း ကနီ-မယ်ဒယ်အုပ်စု ရေဘေးသင့်ထောက်ပံ့ရေး လုံလောက်မှုရှိ



မယ်ဒယ်အုပ်စုဆရာတော်နှင့် မြစ်ကြီးနား မဘသ ( ၀ဲ ၃ ၊ ယာ ၂)
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) မြစ်ကြီးနားမြို့နယ် - (မ.ဘ.သ)အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သော အများပြည်သူများ၏ စေတနာဖြင့် ရေဘေးသင့်ဒေသများဖြစ်တဲ့ စေတုတ္တရာ၊ ပွင့်ဖြူ၊ ယင်းမာပင်၊ ကနီဒေသရှိ ရေဘေးသင့်ပြည်သူများကို တစ်ဌာနလျှင် ငွေကျပ်(၄၅)သိန်းနှုန်းနှင့် (၈)ဦးစာ အသုံးအဆောင်၊ အစားအသောက် အထုပ်ပေါင်း (၆၀၀)ကျော် လှူဒါန်းခဲ့တယ်လို့ သိရှိရသည်။

ကနီဒေသ-မယ်ဒယ်အုပ်စုအတွက် လှူဒါန်းမှုကိုတော့ ယနေ့(13.8.2015)ရက်နေ့ နေ့လည်ပိုင်း(၃)နာရီအချိန်တွင် မန္တလေးမြို့၊ တောင်သမန်ကျောင်းတိုက်၌ ကျင်းပခဲ့ရာ ကနီဒေသ-မယ်ဒယ်အုပ်စုမှ ဆရာတော် ဦးညာဏောဘာသက လက်ခံရယူခဲ့ပြီး မြစ်ကြီးနားမဘသအဖွဲ့က ရေစက်ချလွှဲပြောင်း လှူဒါန်းခဲ့တယ်လို့လည်း သိရှိရသည်။

ကနီဒေသ-မယ်ဒယ်အုပ်စုမှ ဆရာတော် ဦးညာဏောဘာသက - မယ်ဒယ်အုပ်စုတွင် အိမ်ခြေ(၆၀၀)ကျော်ရှိကြောင်း၊ အိမ်ခေါင်များအထိ ရေကြီးခဲ့ကြောင်း၊ ရေကျသွားသော်လည်း နှုန်းများ (၃)ပေလောက်အထိ ကျန်ရစ်နေကြောင်း၊ မယ်ဒယ်အုပ်စုမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ နိုင်ငံခြားရောက် မယ်ဒယ်ရွာသား၊ ရန်ကုန်နေ မယ်ဒယ်ရွာသားနှင့် မြစ်ကြီးနား-မဘသအဖွဲ့တို့၏ ကူညီလှူဒါန်းမှုများ လက်ခံရရှိခဲ့ကြောင်း၊ ငွေသားနည်းပြီး အစားအသောက်၊ အ၀တ်အစား၊ အသုံးအဆောင်နှင့် ရေသန့်ဗူးများ လက်ခံရရှိပြီး ခြင်ထောင်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ အဓိကလိုအပ်နေသေးကြောင်း၊ အသင်းအဖွဲ့တွေက ကူညီထောက်ပံ့ပေးနေတဲ့အပိုင်းမှာတော့ လုံလောက်မှုများရှိကြောင်း မိန့်ကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးအပိုင်းမှာတော့ မိုးသီးနှံတွေ ဆုံးရှုံးသွားခဲ့တဲ့အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပုံမှန်လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးဖို့ အဓိကလိုအပ်ကြောင်း မိန့်ကြားသွားခဲ့ပါသည်။

ရေဘေးသင့်ဒေသတွေက ရေဘေးသင့်ပြည်သူများကို မြန်မာနိုင်ငံတ၀ှမ်း ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များက အလှူငွေများ ကောက်ခံကာ အဓိကကူညီ ထောက်ပံ့ပေးပို့မှုများ ပြုလုပ်နေပြီး မြန်မာနိုင်ငံသားများသည် ကမ္ဘာတွင် သဒ္ဓါတရား အရက်ရောဆုံးအဖြစ် စံချိန်တင်ခံထားရသူများလည်း ဖြစ်ပါသည်။

No comments:

Post a Comment