Friday, August 3, 2012

မညီမျှတဲ့ ထောက်ပံ့မှုတွေနဲ့ မရေရာတဲ့ အကူအညီတွေ လိုအပ်နေဆဲ ၀ိုင်းမော်မြို့ သာဂရဘုန်းကြီးကျောင်းက ဒုက္ခသည်များ

ကိုယ်ထူ/ထ ကယ်ဆယ်ရေး စခန်းတည်ဆောက်နေပုံ
       



အကူအညီ လိုအပ်နေဆဲ ဒုက္ခသည်များ























       ကချင်ပြည်နယ်တွင် စစ်တပ်နှင့် ကချင်လက်နက်ကိုင် (KIA)တို့၏ ရှည်ကြာသော စစ်ရေးပဋိပက္ခကြောင့် “ကချင်စစ်ဘေး ဒုက္ခသည်များ

ဟု မြန်မာနှင့် ကမ္ဘာ့မိသားစု အများအပြားက အကြမ်းမျဉ်းအားဖြင့် နားလည် လက်ခံထားကြပေသည်။

        ပြည်နယ်နှင့် တိုင်းဒေသကြီး သတ်မှတ်ချက်များအရ ကချင်ပြည်နယ်ဟု ပိုင်းဖြတ် သတ်မှတ်ထားစေကာမူ  ရေကြည်ရာ/မြတ်နုရာ

 ပြောင်းရွှေ့/နေထိုင် လုပ်ကိုင်နေကြသော များပြားသော မတူကွဲပြားသည့် လူမျိုးစုများနှင့်အတူ ရှေးယခင်မှ ယခုတိုင်  အခြေချနေထိုင်ခဲ့
ခဲ့ကြသော ဒေသခံ ရှမ်းတိုင်းရင်းသားတို့၏ ရှမ်းမြို့/ရှမ်းရွာပေါင်း (၈၀၀) ကျော် ရှိပါသည်။

        ခန့်မှန်းခြေအားဖြင့် ဒေသခံ ကချင်နှင့် ရှမ်းတိုင်းရင်းသားတို့သည် (၃)စု(၁)စုကျော်/ (၂)စု (၁)စု နီးနီးခန့်လောက် ရှိနိုင်ပါသည်။

စစ်တပ်နှင့် ကချင်လက်နက်ကိုင်(KIA)တို့၏ ရှည်ကြာသော စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးဒုက္ခ ရောက်နေသူများတွင် ကချင်တိုင်းရင်းသား

ဒုက္ခသည်များက အများအပြားရှိသည်ဟု ဆိုနိုင်သော်လည်း   ယင်းဒုက္ခသည်များတွင် ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသား  ဒုက္ခသည်များလည်း 

မနည်းမနှော ပါဝင်နေပါသည်။

       ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသားဒုက္ခသည်များ မနည်းမနှော ရှိသော်လည်း အခြားသော (NGO)များ၊ ပြည်တွင်းစေတနာရှင် အဖွဲ့အစည်း 

များ၏ ပံ့ပိုးမှုတွင် အခြားသော ဒုက္ခသည်စခန်းများထက် အားနည်းနေခြင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့များနှင့် 

ဆက်သွယ်/ပူးပေါင်း      ဆောင်ရွက်ခဲ့ကြသည် မှန်သော်လည်း ကနဦးအစတွင် ကိုယ်ထူ/ကိုယ်ထ ကူညီစောင့်ရှောက်ရေးစခန်းများ  စတင်

ထူထောင်ရခြင်း၊  နေ့စဉ်တိုးလာနေသော ဒုက္ခသည်များ  ရှိသော်လည်း စခန်းအခက်အခဲ ကြောင့် ထပ်မံလက်မခံနိုင်ခြင်း၊ ဆက်သွယ်မှု

အလှန်းမမှီသေးသဖြင့် ဆွေးမျိုးအိမ်များတွင် အိမ်ရှင်/ဧည့်သည် ခက်ခဲကြပ်တည်းစွာ နေထိုင်နေရခြင်း၊ ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသား ဒုက္ခ

သည်များမှာ သတင်းမီဒီယာများပေါ်တွင် ပါဝင်နိုင်မှု အားနည်းနေခြင်းတို့ကြောင့် ကမ္ဘာနှင့် မြန်မာ့မိသားစု အများအပြားကပါ အသိနည်းနေပြီး

 နေ့စဉ်ဘ၀ရပ်တည်မှုအတွက် လူမှုရေးဒုက္ခအဖုံဖုံကို ခံစားနေရသည့်အပြင် ရှမ်းမိသားစုများ၏ အဓိကလုပ်ငန်းဖြစ်သော လယ်ယာလုပ်ငန်းများ

မှာ ယခု လယ်လုပ်ချိန်ဖြစ်သော်လည်း မိမိတို့၏ အိုးအိမ် လယ်ယာများကို စွန့်ခွာနေရသဖြင့် အလုပ်အကိုင် ခက်ခဲခြင်း၊ စား/၀တ်/နေရေး

ကျန်းမာရေး၊ အလုပ်အကိုင်ရှာဖွေးရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေး စသည်တို့သာမက အဓမ္မပြုကျင့်ခံရမှုများ၊       စိတ်ဓါတ်

ကျဆင်းမှုများ၊ မိသားစု အခြေပျက်မှုများ၊ မိသားစု အနေကွဲမှုများ စသည့်ဒုက္ခအဖုံဖုံ တွေ့ကြုံနေရသည်ဖြစ်ရာ ငြိမ်းချမ်းရေးကို မျှော်လင့်စောင့်

စားရင်း မရေရာသော အကူအညီများကို လိုအပ်နေရှာဆဲ ဖြစ်ပါသည်။


No comments:

Post a Comment