Sunday, August 5, 2012

နှစ်ဘက်လက်နက်ကိုင်တို့၏ ပဋိပက္ခများ ကြားက မြေစာပင်များ

မြစ်ကြီးနား၊၀န်းသိုကျောင်း ကယ်ဆယ်ရေးစခန်းမှ စစ်ဘေးသင့် မိဘပြည်သူများ

အိမ်တွင်းမှု သင်တန်းပေးနေပုံ


 လူတိုင်းသည် လွတ်လပ်စွာ ရှင်သန်လိုကြသည်၊  နှစ်ခြိုက်စွာ အိပ်စက်လိုကြသည်၊ အကြောက်ကင်းစွာ နေထိုင်လိုကြ

သည်။ မိမိကံကြမ္မာကို ဖန်တီးနိုင်ခွင့် ရလိုကြသည်။ ရက်ရောစွာ ပေးကမ်းရမှုကို ကြည်ဖြူလိုကြသည်။  ကြောက်လို့,

           အဆင်ပြေဖို့ လိုက်လျောပေးလိုက်ရတာကို ရက်ရောကြည်ဖြူတယ်လိုတော့  မထင်ရောက်မိစေလိုပါ။ ထိုသို့  
          
          လိုလားချက်ပေါင်းများစွာနဲ့ ရှင်သန်လိုကြသော ထိုလူတို့ ကိုယ်တိုင် ဘာကြောင့်တဖက်သားကို ချုပ်ချယ်/ချိန်းခြောက်

           ချင်ကြသနည်း။

လူတစ်ချို့သည် မိမိတို့၏  လိုအပ်ချက်များကို တရားသောနည်းလမ်းဖြင့် မရနိုင်သောအခါ သဘောဆန္ဒတူသူများကို

စုပေါင်း/အုပ်စုဖွဲ့၍  ဆန့်ကျင်ဘက်အဖွဲ့များကို တွန်းလှန်/ဆန့်ကျင်နိုင်ရန် ချိန်းခြောက်ရန်လွယ်ကူသော၊ လူအများကို


           ထိတ်လန့်ကြောက်ရွံ့စေတက်သော လက်နက်ကြီး/ငယ်တို့ကို အားကိုးပြု၍ လူအင်အားတောင့်တင်းရန်


            ကြိုးစားလာကြသည်။

လက်နက်နှင့်လူအင်အား တောင့်တင်းလာသည်နှင့်အမျှ မိမိတို့၏အဖွဲ့အစည်း ရေရှည်တည်တံ့နိုင်ရေးအတွက်  

ရည်ရွယ်ရင်း တရားသောနည်းလမ်းကို  ဆုပ်ကိုင်သူတို့ကိုယ်တိုင် မတရားသောနည်းလမ်းဖြင့်   ပါဝါပြခြင်း၊ ခြိမ်းခြောက်

 ခြင်း၊စပ်ကြေးတောင်းခြင်းများကို ကာကွယ်ရေး ခေါင်းစဉ်လှလေးတွေသုံး၍ ပြုမူကျင့်သုံးနေကြပါသည်။ ထို့အပြင်

            လက်နက်၊ ရာထူး၊ လုပ်ပိုင်ခွင့်၊ ငွေကြေးနှင့် လိုအင်ဆန္ဒ ရယူဖြည့်ဆည်းလွယ်မှုတို့ကို သာယာမိန်းမောရင်း မိမိတို့၏
           
            မူရင်းရည်ရွယ်ချက်များ ပျောက်ကွယ်/မှေးမှိန်မှန်းမသိ ပျောက်ကွယ်/မှေးမှိန်နေခဲ့ပါသည်။

           လက်နက်ကိုင်အုပ်စုတို့၏ အတ္တအကျိုးဆက်ကြောင့် ၎င်းတို့နှင့်နီးစပ်သော, ၎င်းတို့၏ သိမ်းပိုက်နယ်မြေများအတွင်း

ဒသခံပြည်သူလူထုမှာ ပါဝါပြခြင်း၊ ခြိမ်းခြောက်ခြင်း၊ စပ်ကြေးတောင်းခြင်း၊  မတရားသိမ်းပိုက်ခြင်း၊ လူအင်အား 

စုဆောင်းခံရခြင်း၊ မလွဲရှောင်သာစွာ အဓမ္မပြုကျင့်မှုကို မထင်မရှား လိုက်လျောလက်ခံလိုက်ရခြင်း၊ ယာယီအဆင်ပြေ

မှုနဲ့လိုအပ်ချက်ကို လက်နက်ကိုင်၍ အလွယ်တကူဖြေရှင်းခံရခြင်းများကို နိုင်ထက်ကလူ ပြုမူခံခဲ့ရပါသည်။

အမာခံလက်နက်ကိုင်အုပ်စုနှင့် ဘာသာ၊လူမျိုးမတူညီသော အဖွဲ့ဝင်များနှင့် ဒေသခံလူထုများမှာ ၎င်းဒုက္ခကို ပို၍

 သိသိသာသာ နှိပ်ကွပ် ခံစားခဲ့ရပါသည်။ ဒေသခံ လူထု၏ စီးပွားရေးလုပ်ငန်းများမှာလည်း ၎င်းလက်နက်ကိုင်အုပ်စု၏ 

လုပ်ပိုင်/ခွင့်ပြုခြင်းနှင့် စက်ဆပ်နေသောကြောင့် စား/၀တ်/နေရေး ကျန်းမာရေး လူမှုရေးစသည်တို့၏ အခြေခံ ဘ၀ရပ်

တည်မှုအတွက် ကြီးကြီးမားမား ဘ၀အခြေအနေ ပျက်သည်ထိ မထိခိုက်စဉ်မှာ ပြဿနာဟု မယူဆချင်/၀ံ့ကြသော်

လည်း  နှစ်ဘက်လက်နက်ကိုင်အုပ်စုတို့၏ ပဋိပက္ခ ပြင်းထန်လာချိန်မှာတော့ ဘ၀အခြေအနေ၊ မိသားစုအခြေအနေ 

ပျက်သည်အထိ ကြီးမားလာသည့်အခါ ပြဿနာဟု မယူဆချင်လို့/မယူဆလို့မရတော့ပေ။ ခံစားချက်တွေလည်း

 ပေါက်ကွဲလွင့်စင်ကုန်ကြရတော့သည်။ နှစ်ဘက်လက်နက်ကိုင်အုပ်စုတို့ ပဋိပက္ခ မကြီးထွားစဉ်၌ ဒေသခံပြည်သူလူထု

၏ စက်ကြေးဖြင့် ရပ်တည်ရှင်ခဲ့သော လက်နက်ကိုင်အုပ်စုသည် နှစ်ဘက်လက်နက်ကိုင်အုပ်စုတို့၏ ပဋိပက္ခတွေကြား

ထဲမှာ မြေဇာပင်ဖြစ်နေရရှာတဲ့ ဒေသခံလူထုကို မကူညီသည့်အပြင် တဖက်တလမ်းက ဒုက္ခပေးနေသော အဖွဲ့အစည်း

အဖြစ်သို့ ရောက်မှန်းမသိရောက်သွားပါသည်။ ဒေသခံလူထုကို မကာကွယ်နိုင်လျှင်နေပါ၊ ဒုက္ခတော့ မပေးသင့်ဟု 

အကျွန်ုပ်ထင်မြင်ပါသည်။

နှစ်ဘက်လက်နက်ကိုင်အုပ်စုတို့၏ ပဋိပက္ခကြောင့် မိမိတို့၏ လယ်ယာအိုးအိမ်များကို စွန့်ခွာ၍ 

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူလူထု၏ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ယူဆောင်သွားခြင်း၊ 

ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန် ရပ်ထဲရွာထဲဝင်၍ ကျားသော, မပါမချန် အရွယ်ကောင်းလူငယ်များကို 

အတင်းအဓမ္မ အင်အားစုဆောင်ခြင်း၊ သံသယဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မိန်းမသားများအား မဖွယ်မရာပြုကျင့်ခြင်း၊

 ကျပ်သိန်း ဆယ်/ရာဂဏန်းဖြင့် မိသားစုဝင်များကို အရွေးခိုင်းခြင်း၊ အပြစ်မဲ့ဒေသခံလူထုကို

 အငြိုးအတေးထားခြင်းတို့သည် အလွန်အင်မတန် ရုပ်ဆိုးအကျည်းတန်သော ဖြစ်ရပ်များဖြစ်ပါသည်။

နေ၀င်ချိန်ကုန်ဆုံးသည်နှင့်တပြိုင်နက် ထူးထဲသောအနွေးထည်ကိုဝတ် လက်နှိပ်ဓါတ်မီးကို လက်ဝယ်ကိုင် 

လုံခြည်/ထဘီကို ခါးထောင်းကြိုက်၍ ကျီးလန့်အစာစား အသံတိတ်အိပ်စက်ခဲ့ရသော 

ညများနှင့် ခွေးဟောင်သံသဲ့သဲ့ကြားလို့ ပြတင်းပေါက်ကခုန်ကြ ချုံနွယ် ပိတ်ပေါင်းနှင့်လမ်းမရှိသောခလုတ်ခသင်း 

ဆူးငြောင့်ကျွင်းကို ဖဲမွေ့ရာနှင့်ပန်းခင်းလမ်းလို ထွက်ပြေးကျော်ဖြတ်အိပ်စက်ခဲ့ရသော များကလဲ မနည်းလှပါ။
 
            အဖိုးအဖွားတို့၏ ဂျပန်ခေတ်ဆိုတာကို မသိမြင်လိုက်ရသော၊ စိတ်ကူးအိပ်မက်ကို ပုံဖေါ်၍ အနာဂတ်ကို 

            ရူးသွပ်နေခဲ့သော လူငယ်များကတော့ အဆုံးမသတ်နိုင်သေးသော ဖြစ်ပျက်တွေ့ကြုံခဲ့ရမှုတွေကို နာကျည်းရင်း

ေ၀၀ါးနေသောအနာဂတ်ကို မ၀ံ့မရဲ    လှမ်းမျှော်လျက် ဒုက္ခမျိုးစုံတို့ဖြင့် လူးကပ်ပေကျံပြီး စိတ်ဓါတ်ကျကာ

           ခြေကုန်လက်ပန်းကျသော မျက်နှာကိုယ်စီတို့ဖြင့် မတတ်နိုင်တော့တဲ့အဆုံး နိဂုံးမှာတော့

           အကျွန်ုပ်တို့၏ ၀န်းသိုကျောင်း ကူညီကယ်ဆယ်ရေးစခန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်

           ရာက်ရှိခဲ့ကြပါတော့သည်။



မှတ်ချက်။      ။အထက်ပါအကြောင်းအရာများကို အကျွန်ုပ်ကိုယ်တိုင် တွေ့ကြုံ/သိမြင်/ကြားသိရသော တာလောကြီးတိုက်နယ် တစ်ဝိုက်က ရပ်ရွာဒေသတစ်ချို့ကို အခြေခံပြီး ရေးသားတင်ပြထားပါသည်။

No comments:

Post a Comment