ပိုင်ရှင်မဲ့ပန်းလေးတွေနဲ့
မပွင့်လန်းနိုင်တဲ့ အနာဂါတ်မျိုးဆက်သစ် ပန်းပွင့်လေးတွေကို ပြုစုပျိုးထောင်
စောင့်ရှောက်နေတဲ့
ပရဟိတနှင့် ဘကကျောင်း ဆင်ဖြူချပ် ပညာရေး ပျိုးဥယျဉ်လေးသည်
ကျောက်ဆည်မြို့၏
အရှေ့တောင်ဘက်ရပ်၊ မြင်စိုင်းရပ်(၃)အနောက်ရပ်ကွက်၊ အရှင်ကုသလနှင့်
အရှင်စိန္တာဝရ ဆိုသည့်
ဥယျာဉ်မှူးဆရာတော်နှစ်ပါး၏ ပြုစုပျိုးထောင်မှုဖြင့် တက်နေ၀န်းပမာ
ရှင်သန်လည်ပတ်လျက်ရှိပါသည်။
အဆိုပါ ပရဟိတနှင့်
ဘကကျောင်း ဆင်ဖြူချပ် ပညာရေး ပျိုးဥယျာဉ်လေးမှာ
အနာဂါတ်မျိုးဆက်သစ် ကျောင်းသူ/သားပေါင်း
(၄၆၀)ကျော် ပညာရည်နို့ သောက်သုံးလျက်ရှိပြီး ပိုင်ရှင်မဲ့
ပန်းလေးတွေမှာတော့ ဆင်ဖြူချပ်
ဥယျာဉ်လေးအတွင်းမှာပဲ
ဥယျာဉ်မှူးတို့၏ ပြုစုပျိုးထောင်စောက်ရှောက်မှုဖြင့် ပွင့်လန်နေလျက်
ရှိပါသည်။
ဆင်ဖြူချပ်
ဥယျာဉ်လေး၏သက်တမ်းမှာ (၃)နှစ်ခန့်သာ ရှိသေးပြီး လွန်ခဲ့သော (၃)နှစ်ခန့်လောက်ကမှ
ပရဟိတ
ကလေးသူငယ် စောက်ရှောက်ရေးကဏ္ဍကို တိုးချဲ့ခဲတာလည်း ဖြစ်ပါတယ်။ (၃)နှစ်ဆိုတဲ့ အတိုင်းအတာလေးတစ်ခုအတွင်း
တိုးတက်လာသော ဆင်ဖြူချပ် ဥယျာဉ်လေးမှာ နှစ်စဉ်နှင့်အမျှ တိုးလာနေသော ကျောင်းသူ/သားများကို
ကျောင်းဆရာ/မ (၂၂)ယောက်၏ စေတနာဖြင့်
အင်အားဖြည့်တင်းကာ
ဆဋ္ဌမတန်းအထိ ပညာရည်နို့ တိုက်ကြွေးလျက်ရှိပြီး ဒဿမတန်းအဆင့်ထိ တိုက်ကြွေးနိုင်ရန် အားထုတ်နေဆဲလည်း
ဖြစ်ပါသည်။ ထပ်ဆင့်တိုးချဲ့မှုတစ်ခုဖြစ်သော အဆင့်မှီမှီ
စာကြည့်တိုက်နှင့် IT နှင့်
Internet နည်းပညာရပ်များကို သင်ကြားပေးနိုင်ရန် စီစဉ်အားထုတ်လျက်ရှိရာ
သင်ထောက်ကူပစ္စည်းများ
လုံလောက်ရေးကလည်း မလွဲမသွေ လိုအပ်နေဦးမှာဖြစ်ပြီး
ပိုင်ရှင်မဲ့ပန်းလေးတွေ လုံခြုံစွာ
ရပ်တည်ရှင်သန်နိုင်ရေး ဥယျာဉ်မှူးတို့ အားထုတ်နေသော်ငြား၊
ပွင်ဆဲပန်းတို့ နားခိုရန်
ဗိမာန်အဆောက်အဦးလေးတွေနဲ့ ပွင့်သောပန်းတိုင်း လန်းစေရန် မြေသြဇာတူသော
စက်မှုလက်မှု အတတ်ပညာရပ်တွေ
ဝါသနာအလျောက် သင်ကြားနိုင်ရေးကလည်း ပညာရှင်နှင့် NGO တို့
အကူအညီကို မလွဲဧကန် လိုအပ်နေလိမ့်ဦးမယ်လို့
ထင်မိပါသည်။
ဆင်ဖြူချပ်ဥယျာဉ်လေး
စည်ပင်ဖွံ့ဖြိုးဖို့အတွက် နေ့စဉ် ငွေကျပ် (၂)သိန်းဝန်းကျင်ခန့်
ပက်ဖျန်းပေးနေရသကဲ့သို့
(၂၂)ယောက်သော ကျောင်းဆရာ/မများအား လစဉ်
(၆၃၀၀၀၀) ခြောက်သိန်းသုံးသောင်းကျော် ပက်ဖျန်းပေးရတယ်လို့
ဥယျာဉ်မှူးဆရာတော်တို့က ပြောပါတယ်။ ဆင်ဖြူချပ်ဥယျာဉ်လေး ထာဝရစည်ပင်နေဖို့ စေတနာရှင်
မိဘပြည်သူများကလည်း လစဉ်ကြေးလှူဒါန်းခြင်း၊ ပညာရေးပဒေသာပင် စိုက်ထူခြင်း၊ တနေ့တာ
ကုသိုလ်ရှင်
ဥယျာဉ်မှူးအဖြစ်ဖြင့် တာဝန်ယူခြင်းတို့ဖြင့်လည်း ဥယျာဉ်မှူးတို့အား
ဝိုင်းဝန်းကူညီနေလျက်ရှိရာ
မပြည့်စုံသေးသည့် လိုအပ်ချက်တွေ ရှိနေလင့်ကစား
ဗုဒ္ဓတိုင်းပြည်တစ်ခုအတွင်းက နှစ်သက်စရာ
အလေ့အကျင့်လေး တစ်ခုအဖြစ်ဖြင့် မြင်တွေ့ရပါသည်။
အကျွန်ုပ်သည်
ထိုဆင်ဖြူချပ် ဥယျာဉ်လေးသို့ အမှတ်မထင် ရောက်ရှိသွားခဲ့ပြီး ထိုဥယျာဉ်လေး၏
ရပ်တည်လည်ပတ်ရှင်သန်နေမှု၊
အားထုတ်အောင်မြင်ခဲ့မှု၊ ဆက်လက်တိုးတက် အားထုတ်မည့်
ရည်ရွယ်ချက်တို့ကို တွေ့မြင်ခဲ့ရသည်ဖြစ်ရာ
ရင်ထဲမှာလည်း အတိုင်းမသိ ကျေနပ်ပီတိ ဖြစ်ခဲ့ရပါသည်။
ထိုအကျွန်ုပ် ရရှိသော ပီတိကို တလောကလုံး
တုံဟီးအောင်
မျှဝေချင်သောကြောင့်လည်းကောင်း၊ စေတနာရှင် မိဘပြည်သူများ၏ စေတနာကို
အကောင်အထည်ဖေါ်ပေးနိုင်သော
ဥယျာဉ်လေးတစ်ခုအနေဖြင့် ရှုမြင်စေချင်သောကြောင့်လည်းကောင်း
မျှဝေခံစား ရေးသားတင်ပြလိုက်ရခြင်း
ဖြစ်ပါပေသည်။
ဆင်ဖြူချပ် ဥယျာဉ်လေး၏ သိသင့်စရာ အချက်အလက်အနှစ်ချုပ်
ဥယျာဉ်မှူးဆရာတော်- အရှင်ကုသလနှင့် အရှင်စိန္တာဝရ
အမည်- ဆင်ဖြူချပ် ပရဟိတ ကလေးသူငယ် စောက့်ရှောက်ရေးနှင့်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
နေရာ- ကျောက်ဆည်မြို့၊ မြင်စိုင်းအမှတ်(၁)ရပ်၊
ကျောက်ဆည်တောင်တော်၏ တဖက်မျက်နှစာ။
ခုနှစ်- လွန်ခဲ့သော(၁၃၇၀)ခုနှစ်က
စတင်၍ ပရဟိတ
ကလေးသူငယ်စောက်ရှောက်ရေးကဏ္ဍ
တိုးမြင့်နိုင်ခဲ့၊
တိုးတက်မှု- (၃)နှစ်အတွင်း စာသင်ဆောင်(၄)ဆောင်၊
လူနေဆောင်(၁) ဆောင်၊
စာကြည့်တိုက်နှင့် IT & Internet အဆောင် တည်ဆောက်နိုင်ခဲ။
အရေအတွက်- ကျောင်းသား/သူ စုစုပေါင်း (၄၆၀)ကျော်နှင့်
ကျောင်းနေ (၂၀၀) ၀န်းကျင်ခန့်
ဆရာ/မ (၂၂) ယောက်၊ လစဉ် (၆၃၀၀၀၀)ကျော် ကုန်ကြ။
တနေ့တာကုကြစရိတ်- (၂)သိန်းဝန်းကျင်ခန့်၊
ကုသိုလ်ရှင်- အများကောင်းမှုဖြင့် ပညာရေးပဒေသာပင်
စိုက်ထူခြင်း၊ လစဉ်ကြေး လှူဒါန်းခြင်း၊ တနေ့တာ
ကုသိုလ်ရှင်အဖြစ်ဖြင့် ကျွေးမွေးခြင်း၊
ပြည်တွင်းပြည်ပ မြန်မာမိသားစုများက လိုအပ်သည်များကို လှူဒါန်းခြင်း။
ပြုလုပ်ဆဲ- ပညာရေးပဒေသာပင် အားကောင်းရန်
ကြိးစားခြင်း၊
လစဉ်(၁၀၀၀) ထောင်ဝန်းကျင်ခန့် ထောက်ပံ့သည့် အလှူရှင်များ များပြားနိုင်ရေး၊
အဆင့်မှီ စာကြည့်တိုက်နှင့် IT & Internet နည်းပညာရပ်များ သင်ကြားနိုင်ရန် သင်ထောက်ကူပစ္စည်းများ လုံလောက်ရေး၊ စက်မှုလက်မှု ပညာရပ်တစ်ခုဖြစ်သော
စက်ချုပ်မှု ပညာသင်ကြားနိုင်ရေးအတွက် အဆောက်အဦး ဖောင်ဒေးရှင်းခြင်းနှင့် သင်ထောက်ကူပစ္စည်းများ
လုံလောက်ရေး။
No comments:
Post a Comment