Thursday, September 13, 2012
ကုလသမဂ္ဂလူအခွင့်အရေးကောင်စီသို့ အိတ်ဖွင့်ပေးစာ
KIA မှ အခွန်စပ်ကြေးတောင်းသည့် ပုံစံစာရွက်
သို့
Mrs. Laura Dupuy Lasserre ( President of  the Human Rights Council )
Office of the United Nations High Commissioner for Human Rights (OHCHR)
Palais Wilson
52 rue des Paqyus
CH-1201 Geneva, Switzerland.
        တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် ကျွန်တော်တို့ ကချင်ပြည်နယ်သည် ခရိုင် (၄)ခု၊ မြို့နယ် (၁၈)ခု၊ မြို့နယ်ခွဲ (၁၁)ခုတို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၁၆)သိန်းကျော် ရှိသည့်အနက် ကချင်လူမျိုး (၅)သိန်းကျော်၊ ဗမာလူမျိုး (၄)သိန်းကျော်၊ ရှမ်းလူမျိုး (၃)သိန်းကျော်နှုင့် အခြားတိုင်းရင်းသား လူမျိုးများ (၃)သိန်းကျော်တို့ နေထိုင်လျက်ရှိပါသည်။
        ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်ဟု နာမည်တပ်ထားသော်လည်း နာမည်တပ်ခံရသော လူမျိုးတစ်မျိုးတည်း ၄င်းပြည်နယ်တွင် နေထိုင်ကြခြင်း မဟုတ်ကြောင်း လူကြီးမင်း သိရှိပြီး ဖြစ်မည်ဟု ယူဆပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ထူးခြားသည့် ၀ိသေသအရ နေရာအနှံ့တွင်
တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောနှောပျံ့နှံ့ကာ  အတူယှဉ်တွဲ နေထိုင်လျက် ရှိပါသည်။
ကချင်ပြည်နယ်တွင်ရှမ်းလူမျိုးများ နေထိုင်ကြသလို ရှမ်းပြည်နယ်တွင်လည်း
 ကချင်လူမျိုးများ နေထိုင်ကြပါသည်။
        ကျွန်တော်တို့သည် ကချင်ပြည်နယ်အတွင်း နေထိုင်ကြသော ရှမ်းလူမျိုးများ ဖြစ်ပါသည်။ ကျွန်တော်တို့ ရှမ်းလူမျိုးများအား ပြည်နယ်ကောင်းစားရေး အကြောင်းပြကာ ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်
သော KIA ကချင်လွတ်မြောက်ရေးတပ်မတော်မှ  လူမျိုးရေး ခွဲခြား ဖိနှိပ်ဆက်ဆံမှုများ ပြုလုပ်လျက်ရှိပါ
 သည်။
 ကချင်ပြည်နယ်တွင် နေထိုင်ကြသည့် ရှမ်းဗမာစသော တိုင်းရင်းသား များသာမက
 ကချင်မျိုးနွယ်စုအတွင်းမှာပင် ဂျိန်းဖော လူမျိုးစုက ရ၀မ်၊လချိတ်၊လီဆူးလူမျိုးများ
အပေါ် KIA အဖွဲ့များသည် လက်နက်ကိုင် ခြိမ်းခြောင်ဖမ်းဆီးမှုများ ၊ ရွာလုံးကျွတ် 
မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြပါသည်။
  ဖြစ်ရပ်များသည် ဒေသခံများအတွက် ကြီးမားစွာသော စိတ်နှလုံးထိခိုက် ကြေကွဲခဲ့
 ရသည့် ဖြစ်စဉ်များ ဖြစ်ပါသည်။
၁။     ၂၀၁၁-ခုနှစ် စက်တင်ဘာ (၁၉) ရက်နေ့တွင် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့
 နယ်၊ ခရမ်ထီးဒမ်ရွာအား KIA တပ်ရင်(၇) မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသူရွာသား(၃)
 ဦးကို သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားခဲ့ပါသည်။ လူနေအိမ် (၃၃)လုံး၊
 စာသင်ကျောင်း (၁)ကျောင်းနှင့် ဘုရားရှိခိုးကျောင်းတို့ မီးလောင်ပျက်စီးခဲ့ရပါသည်။
ခရမ်ထီးဒမ်ရွာသည် ရဝမ်လူမျိုးများ အများဆုံးနေထိုင်ရာဒေသဖြစ်သည့်အပြင် 
ကချင်လူမျိုးစုများအတွက် ထုတ်ပြန်ထားသော အမိန့်များအား မလိုက်နာသဖြင့်ဟု
အကြောင်းပြကာ ဒေသခံဝရမ်လူမျိုးများအပေါ် လူမျိုးရေးခွဲခြားကာ 
မီးရှို့ဖျက်ဆီးသတ်ဖြတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။
၂။     ၂၀၁၁-ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်အနီး 
တာလောကြီး ကျေးရွာတွင် အစိုးရတမ်ဖွဲ့များရှိသောကြောင့် ပသ်ခတ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ကျွန်တော်တို့ရှမ်းလူမျိုးများ အများစုနေထိုင်သော ရွာထဲသို့လက်နက်ကြီး၊ လက်နက်ငယ်များ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရွာ၌ရှိသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းနှင့် ကလေးများ စာသင်သည့်ကျောင်းပေါင်း (၅)ကျောင်း ပျက်စီးသွားခဲ့ပြီး လူ(၅)ဦး သေဆုံးသွားခဲ့ပါသည်။
၃။     မမေ့နိုင်ခဲ့သော အဖြစ်အပျက်တခုအား ပြန်လည်တင်ပြရမည်ဆိုလျှင် ယခုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်တပ်မဟာ(၂)၊တပ်ရင်း(၆)၏တပ်ရင်းမှူးဘဝတွင် ကိုယ်တိုင်ခေါင်းဆောင်ကာ သတ်ဖြတ်ခဲ့သောစပေါ့မှော်လူသတ်မှုပင်ဖြစ်ပါသည်။ ဗိုလ်ချုပ်ဂမ်ရှောင်သည် ကျောက်စိမ်းမှော် များမှအခွန်အခများကောက်ခံသည့်အပြင် မူးယစ်ဆေးဝါးလုပ်ငန်းများကိုလည်း မှော်အတွင်း လုပ်ကိုင်ခဲ့ပါသည်။
 ကျောင်းစိမ်းမှော်အတွင်း ၄င်းအား မူးယစ်ဆေးဝါး ပတ်သက်မှုကို
 ဖုံးကွယ်သည့်အနေဖြင့်မှော်များအတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး
 အကြောင်း ပြချက်ဖြင့် ၁၉၉၀ခုနှစ်၊ ဒီဇင်ဘာ (၂၂)ရက်နေ့တွင်
 လူဦးရေ(၅၀)နီးပါးစပေါ့ချောင်းဖျားတွင် ရက်ရက် စက်စက်သတ်ဖြတ်ခဲ့ပါသည်။ သတ်ဖြတ်ခံရသူများတွင် ဂျိမ်းဖောလူမျိုးများ မပါဝင်ဘဲ ရှမ်းနီလူမျိုးများသာ ပါဝင်ခဲပသည့် လူမျိုးရေးခွဲခြားသည့် သတ်ဖြတ်မှုကြီးပင်ဖြစ်ခဲ့သဖြင့် မိုးကောင်း၊ မိုးညှင်းဒေသရှိ ရှမ်းလူမျိုးများ၏စိတ်ထဲတွင် မေ့ဖျောက်မရဘဲ ရှိနေခဲ့ပါသည်။ 
        အထက်ပါအတိုင်း ဥပဒေမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သလို
 လက်နက်အားကိုး နိုင်လိုမင်းထက် ဖမ်းဆီးနှိက်စက်မှု့များကိုလည်း 
အမြဲမပြတ်လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၁၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့တွင် တပ်ရင်း(၅)မှ KIA အဖွဲ့ဝင်များသည် လိပ်စင်းချောင်းအနီး နန့်မဂျမ်းရွှေမှော်တွင် ရွှေရှာဖွေခြင်းလုပ်ငန်း
 လုပ်ကိုင်နေသော ဒေသခံ(၁၁)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
 ဖမ်းဆီးခေါ်ဆောင် ခံရသူများမှာ လိပ်စင်းကျေးရွာမှ မသင်းသင်းခိုင်(၁၈)နှစ်နှင့် ခိုလိပ်ကျေးရွာမှ မတုတ်(၁၇)နှစ်တို့အပါအ၀င် အရွယ်ကောင်းမိန်းကလေး (၄)ဦးပါရှိသွားသဖြင့် မိဘများမှာ အလွန် စိုးရိမ်ပူပန်နေကြပါသည်။
 KIA အဖွဲ့အား
 အခွန်မပေးခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသော်လည်း ရွှေမော်အတွင်းရှိ 
ကချင်လူမျိုးမဟုတ်သော ဗမလူမျိုးနှင့် အခြားမျိုးနွယ်စုများအား ဖမ်းဆီးရန် KIAအဖွဲ့မှ
 အမိန့်ထုတ်ထားသည့်အတွက် တပ်မဟာ(၂)လက်အောက်ခံ
 တပ်ရင်းများမှ ရွှေမော်၊ ကျောက်စိမ်းမှော်များတွင်
 ဖမ်းဆီးမှု့များ ပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။ ကချင်ပြည်နယ်တွင် ကချင်
 မျိုးနွယ်စုမဟုတ်သော လူမျိုးစုများ၊း စီးပွားရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေမော်အတွင်းရှိ မြန်မာလူမျိုးများအား 
ဖမ်းဆီးသွားကြခြင်းဖြစ်ပါသည်။
        ထို့အပြင် KIAအဖွဲ့သည်ကချင်ပြည်နယ်အနှံ့ကချင်ရွာမဟုတ်သည့် ရွာအများအပြားတွင် ရွာသူ/ရွာသားများကို အစိုးရတပ်များအား သတင်းပေးသည်ဟု စွပ်စွဲပြောဆိုမှုများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိကြပါသည်။ ၂၀၁၁-ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် မန်စီမြို့နယ်၊ ဟန်ထက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည့်ရွှင်နှင့် အတွင်းရေးမှူး ဦးသိန်းမောင်တို့အား ဗိုလ်ကြီးလဒွဲခေါင်းဆောင်သော KIAအဖွဲ့မှနှစ်လကျော် ဖမ်းဆီးနှိပ်စက်ခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ရှမ်း/ဗမာလူမျိုးများသည် အစိုးရတမ်များအား သတင်းဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲချက်ဖြင့် စစ်ဆေးမေးမြန်းမှုမရှိဘဲ လက်စဖျောက်သတ်ပစ်၍ သတင်းအစအန မကျန်ရှိရအောင် ဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၁၁-ခုနှစ် ဇွန်လ (၁၄)ရက်နေ့တွင် KIAအဖွဲ့ဝင်များသည် ကာမိုးမြို့နယ် မအူပင်ကျေးရွာရှိ ရာအိမ်မှူးဦးမြင့်စိုးအား တုတ်ဖြင့်ရိုက်သတ်ကာ ရေကာတာကျေးရွာအနီး ကားလမ်းဘေးတွင် လူမဆန်စွာ ပစ်ထားခဲ့ကြပါသည်။
        ၂၀၁၁-ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ကာမိုးမြို့နယ်ခွဲအတွင်းရှိ ကထန်ယန်ကျေးရွာ ရပ်ကွက် (၂)တွင် နေထိုင်သော ဦးမြင့်နိုင်ဦးအား ရွာလယ်တွင် လည်ကုတ်အားဓားဖြင့်လှီးကာ ဦးခေါင်းအားတုတ်ဖြင့်ရိုက်၍ ရက်စက်စွာသတ်ဖြတ်ခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ရှမ်း/ဗမာစသော အခြားမျိုးနွယ်စုများကို KIA အဖွဲ့အား အာဏာဖီဆန်ခြင်း မပြုလုပ်နိုင်ရန် ပြသသည့်အနေဖြင့် ရွာလယ်ခေါင်တွင် လူမဆန်စွာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။
        သို့ဖြစ်ပါ၍ KIO/KIAအဖွဲ့သည် ကချင်ပြည်နယ်အား ကိုယ်စားပြုသည်ဟု ဆိုသောအချက်သည် ကချင်ပြည်နယ်တွင် နေထိုင်သော ကျန်တိုင်းရင်းသားမျိုးနွယ်စုများ အတွက်တော့ လုံးဝမှန်ကန်ခြင်းမရှိ
သည့်အပြင် ယခုလိုပြည်နယ်အတွင်းရှိ ဒေသခံလူမျိုးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ 
ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အလှအပများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုများ ရပ်တန့်ပျက်စီးသွားစေရန်
လက်နက်ကိုင်ကာ အာဏာမစွန့်လွတ်ချင်သောစိတ်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။
        ထို့ကြောင့် ကချင်ပြည်နယ်အတွင်းနေထိုင်သော တိုင်းရင်းသားမျိုးနွယ်စုများ
အနေအားဖြင့်ယခင်ကာလများအတွင်း အေးချမ်းစွာနေထိုင်ခဲ့သည့်အခြေအနေမျိုး
 ပြန်လည်ရောက်ရှိလာစေ ရန် ရှမ်းတိုင်းရင်းသားများကိုယ်စား 
ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံ တောင်းဆိုပေးပို့အပ်ပါသည်။
အေးချမ်းစွာနေထိုင်လိုသည့် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ
မိုးကောင်းမြို့၊ ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ
မိတ္တူ
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ် မစ္စတာ ဘန်ကီမွန်း
ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Qin Guangrong
ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ဒေါ်ခင်ပြုံးရည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်
အိုင်အယ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာ စတိ(ဖ်)မာရှယ်(လ်)
KIO အဖွဲ့၏ ရက်စက်စွာ မီးရှို့ဖျက်ဆီးခဲ့သည့် ခရမ်ထီးဒမ်းရွာ ပုံနှင့်
ရာအိမ်မှူး ဦးမြင့်စိုးနှင့် ဦးမြင့်နိုင်တို့အား KIA အဖွဲ့မှ ရက်စက်စွာ သတ်ဖြတ်ထားပုံကို
ဆက်လက်ဖေါ်ပြပေးပါမည်။
No comments:
Post a Comment