Sunday, September 16, 2012

မျက်မှောက်ခေတ် စစ်မြေပြင်အတွင်းက ရဟန်းတစ်ပါးနှင့်  သေမင်း


KIAမှ ဘာသာလူမျိုးခွဲခြားမှုကြောင့် အလင်းဝင်လာခဲ့သည့် ဒေသခံ တပ်ဖွဲ့ဝင်များ
ကချင်ပြည်နယ၊် မြစ်ကြီးနားမြို့နယ်အတွင်းက ဧရာဝတီမြစ်ကမ်းနဘေး ခေါင်းမူးဘုရား၏တဖက်ကမ်း
ဗန်းမော်-မြစ်ကြီးနား ရေလမ်းခရီးလမ်း၏အကြား တာလောကြီးဆိုသည့် အိမ်ခြှေ( ၁၅ဝဝ ) ခန့်ရှိသော
တိုက်နယ်လေးသည် နှစ်ဘက်လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်များ ရယူထားချိန် မြစ်ကြီးနား, တာလောကြီး
ဆင်ဘို, ဗန်းမော် ဟူ  လည်းကောင်း။ တရုတ်ပြည် လိုင်စာနှင့် တာလောကြီး ဟူ  လည်းကောင်း။ ကူးသန်း
သွားလာလျက်ရှိရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် စည်ပင်လှုပ်ခတ်နေသော တိုက်နယ်လေးတစ်ခုလည်း ဖြစ်ပါသည်။ နယ်မြို့လေးသဖွယ်ဖြစ်သော တာလောကြီးတိုက်နယ်ရွာလေးတွင်
ရှမ်း, ဗမာ, ကချင်, ဂေါရခါး စသည့် လူမျိုးစုများ မှီတင်းနေထိုင်ကြသော်လည်း ဗုဒ္ဓဘာသာ ရှမ်းတိုင်းရင်းသားများ အများစု နေထိုင်ကြသည်နှင့်အမျှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာလဲ အောက်ကျောင်းနှင့် အထက်ကျောင်းဟူ နှစ်ကျောင်းရှိပါသည်။ နှစ်ဘက်လက်နက်ကိုင် ငြိမ်းချမ်းရေး ပျက်ပြားပြီးသည့်နောက် ယင်းတို့၏အကျိုးဆက်ကို ခံခဲ့ရသော တာလောကြီးတိုက်နယ်လေးသည် (၂) နှစ်နီးနီးရှိလာသည့်ယနေ့အချိန်ထိ နှစ်ဘက်ငြိမ်းချမ်းရေး မရသေးသည့်တိုင် ပစ်ခတ်မှုများ မဖြစ်နိုင်လောက်တော့ဟု ယူဆရသော်ငြား ပုံမှန်လည်ပတ်နိုင်မှု မဖြစ်သေးဘဲ လုံခြုံရေးကိုပဲ အဓိကထား ဆောင်ရွက်နေရဆဲလဲ ဖြစ်ပါသည်။
အိမ်နောက်ပူ အိမ်ရှေ့မချမ်းသာဆိုသည့်အတိုင်း ရပ်ရွာမငြိမ်းမချမ်း ဖြစ်လာသည့် အချိန်မှာတော့ ရပ်ရွာကို
အမှီပြု  သီတင်းသုံးနေထိုင်ကြရသော ရဟန်းသံဃာတော်တို့ အနေနဲ့လည်း ကြောင့်ကြနေ၍  မရတော့ဘဲ
ရပ်ရွာ ဒကာ/မများရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ တတ်စွမ်းသလောက် စွမ်းဆောင်ကြရတော့သည်။
ထိုသို့ ရပ်ရွာအကျိုး သာသနာ့အကျိုး စွမ်းဆောင်နေကြရင်း ၁၈. ၂. ၂ဝ၁၂. ရက်နေ့ ဒက္ခိဏာရာမအောက်ကျောင်း ဆရာတော် ဦးဝိလာသသည် တာချယ်ကျေးရွာ သီရိမင်္ဂလာကျောင်းဆရာတော် ဦးကေဝရနှင့်အတူ ခေါင်းမူးဘုရားရှိ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်
နိုင်ရေး၊ ကြွရောက်လာမည့် ရပ်ဝေးသံဃာများနှင့် ဧည့်သည်များအား နေထိုင်စားသောက်မှု စီစဉ်ပေးနိုင်ရေး
မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းဆရာတော်ကြီးအား ပင့်ဆောင်၍   သြဝါဒခံယူနိုင်ရေးတို့ကို ညှိနှိုင်းတိုင်ပင်ပြီး
ခေါင်းမူးဘုရားသို့ ရောက်ရှိနေစဉ် တာလောကြီးတပ်စခန်းမှ လုံခြုံရေးအရ ရွှေ့ပြောင်းကျိန်းစက်ရန် အကြောင်းကြားခဲ့ပါသည်။ ထိုစဉ် ဘာသာမတူမှု လူမျိုးမတူမှုအရလည်းကောင်း၊ ရပ်ရွာအရေး သာသနာအရေး ဆောင်ရွက်နေမှုအပေါ် အမြင်မကြည်လင်မှု အမုန်းတရားကြောင့်လည်းကောင်း။ ရပ်ရွာ
တည်ငြိမ်အေးချမ်းမှုကို မလိုလားပဲ ဒေသခံလူထုအပေါ် ခြိမ်းခြောက် အဓမ္မဖမ်းဆီး မုဒိမ်းကျင့် နှောင့်ယှက်
ပစ်ခတ် တိုက်ခိုက် သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသော ကေအိုင်အေ (ကချင်) အဖွဲ့မှ ဦးဇော်မန်ခေါင်းဆောင်သော လူအင်အား (၁၂) ယောက်ခန့် အဖွဲ့သည် (၁၈.၂.၂ဝ၁၂) ရက်နေ့ ညနေ (၅း၃ဝ)ခန့်အချိန် ဆရာတော်အား လုပ်ကြံသတ်ဖြတ်ရန် ဒက္ခဏာရာမ အောက် ဘုန်းတော်
ကြီးကျောင်းသို့ ဆိုင်ကယ်များ အတင်းစီးနင်းဝင်ရောက် ဝိုင်းရံခဲ့ပြီး ကပ္ပိယအား ကျောင်းထိုင်ဘုန်းကြီးမ
ရှိဘူးလား။ ကပ္ပိယ/ ဟုတ်ကဲ့ မရှိပါဘူးခင်ဗျာ
ကေအိုင်အေ/ ဟေ့ကောင်တွေ ကျောင်းပေါ်တက်ရှာကွာ
မိနစ် (၂ဝ) ခန့်လောက် လှန်လှောရှာဖွေမွှေနောက်ပြီး
အဖွဲ့သားများ/ ဆရာ မတွေ့ဘူး ဆရာ ထိုအခါ 
ဦးဇော်ဖန်မှ ဦးဇင်းတို့ မင်းတို့ဘုန်းကြီးမရှိဘူးလား
ဦးဇင်းများ/ ဘုန်းကြီးမရှိပါဘူး ခရီးကြွသွားပါတယ်
ဦးဇော်မန်/ ဦးဇင်းတို့ မင်းတို့ဘုန်းကြီးလာရင် KIA ကို အကြောင်းကြားပါလို့ပြောလိုက်။ ဟေ့ကောင်တွေ
သွားကြမယ်ဟေ့ ဆိုကာ ပြန်လည်ထွက်ခွာသွားကြပါသည်။ ဆရာတော်သည် ထိုကဲ့သိုသော အသက်အန္တရယ်ဘေးမှ လက်မတင်ကလေး လွတ်မြောက်ခြင်း၊ ရှေ့နောက် အဝင် အထွက် ကပ်လွတ်သွားခဲ့ရခြင်း၊ ဦးခေါင်းပေါ် ဝဲပျံနေသော ကျည်တောင့်များကြားမှ ကံကောင်းထောက်မစွာ
အသက်ရှင်သန်ခွင့် ရခဲ့ခြင်းတို့ကြောင့် မိမိကျောင်းတွင် သီတင်းမသုံးရဲတော့ဘဲ့ (၁၉.၂.၂ဝ၁၂) ရက်နေ့
နံနက် (၉း၃ဝ) အချိန်တွင် ရောက်ရာအရပ်မှ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်သို့ ထွက်ပြေးတိမ်းရှောင်
ခဲ့ပါသည်။ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက်တွင် သီတင်းသုံးနေစဉ် ဆရာတော်၏ ပြောပြချက်အရ
အောက်ပါအကြောင်းအရာများကို ဆက်လက်သိရှိခဲ့ရပါသည်။

          (၁) ကချင်လက်နက်ကိုင် ကေအိုင်အိုအဖွဲ့၏ အဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပေးပြီး ကေအိုင်အိုတပ်
ထဲသို့ သွတ်သွင်းခြင်း၊ မိုက္ကရိုဝေ့(ဖ်)တာဝါတိုင်အား ဖျက်ဆီးခြင်း၊ ရွာအတွင်းဝင်ရောက်ပစ်ခတ်ခြင်း၊ တပ်မတော်အား အထင်မှား အမြင်မှားစေရန် ဘုန်တော်ကြီးကျောင်းကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊
ကျေးရွာသူ/သားများအား ဆက်ကြေငွေတောင်ခံပြီး အကြောင်းရှာ ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ရှမ်းအမျိုးသမီးငယ်များအား မုဒိမ်းကျင့်ခြင်း စသည့်လူ့အခွင်းအရေး ချိုးဖောက်ခံရမှုများ ခံစားခဲ့ရခြင်း။

(၂) ၁၃၊၇၊၂၀၁၁ ရက်နေ့တွင် တာလောကြီး မရန်ကျောက်ကွင်းမှ ဦးသန့်ဇင်အပါ (၁၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း။

(၃) ၂၉၊၇၊၂၀၁၁ ရက်နေ့တွင် တာလောကြီး မြကန်သာရပ်ကွက်မှ မောင်ရဲမြင့်သည် ကဇီတံတားအား ဖြတ်သန်းစဉ် ကေအိုင်အေမှ ထောင်ထားသော တိုက်မိုင်းအား နင်းမိပြီး မိုင်းစများ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်း။

(၄) ၅၊၉၊၂၀၁၁ ရက်နေ့တွင် တာလောကြီး တာကပ်ကွင်းတွင် လယ်ယာလုပ်ကိုင်နေသော ဦးခင်မောင်ထွေးနှင့် ဦးထွန်းလတ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခြင်း။

(၅) ၁၁၊၉၊၂၀၁၁ ရက်နေ့တွင် တာလောကြီးရွာမှ ဦးဆန်းထူးနှင့် ဦးမောင်ကျော်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း။

(၆) ၁၊၁၀၊၂၀၁၁ ရက်နေ့တွင် တာလောကြီးရွာမှ ဒေါ်စောမာအား အဓမ္မ ငွေတောင်းခံခဲ့ပြီး ဓါးဖြင့် ခုတ်ဖြတ်ခဲ့ခြင်း၊

(၇) ၁၁၊၁၀၊၂၀၁၁ ရက်နေ့တွင် တာလောကြီးရွာရှိ ဆက်သွယ်ရေးစခန်းရုံးအား ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ကာ ရွှေ၊ ငွေ၊ ဖုန်း၊ ပစ္စည်းများ လုယက်ဖျက်ဆီးခဲ့ခြင်း။

(၈) ၁၈၊၁၀၊၂၀၁၁ ရက်နေ့တွင် တာလောကြီးအုပ်စု မြစ်ကြောင်းအတိုင်း မောင်းနှင်လာသော ရေယာဉ်(၂)စီးအား လက်နက်ငယ်များဖြင့် ၀ိုင်းဝန်းပစ်ခတ်ရာ ဦးကျော်ဌေးသည် ဒဏ်ရာရရှိခဲ့ခြင်း။

(၉) ၁၀၊၁၁၊၂၀၁၁ ရက်နေ့တွင် တာလောကြီးရွာမှ လူငယ်ရွာသား (၁၅)ဦးကို စစ်ဆေးအသုံးပြုရန် လိုင်ဇာဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း။

(၁၀) ၁၇၊၁၁၊၂၀၁၁ရက်နေ့တွင် တာလောကြီး ဂေါရခါးရပ်ကွက်နေ ကျောင်းသူ/သားများ မနီမားဒေ၀ီပါ (၄)ဦးအား ဖမ်းဆီးခဲ့ခြင်း။

(၁၁) ၃၀၊၁၁၊၂၀၁၁ ရက်နေ့တွင် တာလောကြီးရွာ နယ်မြေဘုန်းကြီးကျောင်းအား အကာအကွယ်ပြုကာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦး ပေါင်း
(၆)ဦး ဒဏ်ရာရရှိခဲ့ခြင်း။

(၁၂) ၃၊၂၊၂၀၁၂ ရက်နေ့တွင် တာလောကြီးရွာ နောင်ခလုအင်းဘေးတွင် စိုက်ပျိုးရေးလုပ်ကိုင်နေသော မောင်ကိုကိုနိုင်၊ မဇင်မာခိုင်တို့နှစ်ဦးအား ဂလိုင်ကျရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း။

(၁၃) ၄၊၂၊၂၀၁၂ ရက်နေ့တွင် တာလောကြီး နောင်ခလုအင်းဘေးတွင် ညအိပ်နေထိုင်သော မောင်ဇော်ဦး ၊မညိုညိုဝင်းနှင့် မခင်သီတာဝင်းတို့ အပါဝင် အမျိုးသမီးလေးဦးအား မုဒိမ်းကျင့်ပြီး ဖမ်းဆီးခေါ်ဆောင်ထားခြင်း။

(၁၄) ၄င်း(၄)ဦးမှ တစ်ဦးကို မေးမြန်း၊စုံစမ်းရန်  ခဏခေါ်ဆောင်သွားရာမှ ယနေ့အချိန်ထိ ၄င်းအမျိုးသမီး ပြန်မရောက်လာတော့ခြင်း။

(၁၅) တာလောကြီးဒေသတွင် ကေအိုင်အေ ကချင်အဖွဲ့၏ အကြမ်းဖက်လုပ်ဆောင်ချက်များကြောင့် အထက်ကျောင်းအား ပိတ်ထားခဲ့ရပြီး ကျောင်းသူ/သားများအား မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတွင် ထားရှိပြီး ပညာသင်ကြားစေခဲ့ရခြင်း၊ (၁၀)တန်း စာမေးပွဲ ပြီးပါက လူသစ်ဖမ်းဆီးပြီး ကေအိုင်အေမှ စစ်သင်တန်းပေးကာ ကေအိုင်အေတပ်အတွင်းသို့ သွတ်သွင်းမည်ဟု ခြမ်းခြောက်ခြင်းတို့ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment