![]() | |
သစ်ထူးလွင် သတင်းမှ ဦးအောင်သောင်းနှင့် KIO တို့ တရုတ်နယ်စပ်မှာ တွေ့ဆုံသည့် သတင်း |
နိင်ငံရေးအရပဲ စတင်ဆွေးနွေးမှု လုပ်လုပ်
အပစ်အခပ်ရပ်စဲရေးပဲ စတင်လုပ်လုပ်
ဒါတွေက နှစ်ဘက်အဖွဲ့တွေရဲ့ မူဝါဒတွေ ဖြစ်တယ်၊
နှစ်ဘက်မပြေလည်မှုပေါ်မှုပေါ် မူတည်ပြီး
အဓိက ခံစားနေရတာက ဒေသခံပြည်သူတွေဖြစ်တယ်၊
တကယ်တန်း ပြည်သူလူထုအကျိုး ပြည်နယ်အကျိုးကို လိုလားတယ်ဆိုရင် မိမိတို့၏ နှစ်ဘက် မူဝါဒတွေကို ဒုက္ခရောက်နေတဲ့ ပြည်သူလူတုကို ကြည့်ပြီး စဉ်းစားသင့်တယ်၊
KIA/KIO ရဲ့ စစ်တပ်ကို နောက်ဆုပ်ပေးဖို့ ဆိုတဲ့အချက်ကိုတော့ အပြည့်အ၀သဘောမတူလိုပါဘူး၊
ကချင်ပြည်နယ်မှာ လူဦးရေ(16)သိန်းကျော် ရှိသည့်အနက် ကချင်လူဦးရေးသည် (၅)သိန်းကျော်ပဲ ရှိပါတယ်၊ ကချင်လက်နက်ကိုင်အဖွဲ့သည် ကချင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပါဘူး။
စစ်တပ်ကို နောက်ဆုပ်ပေးဖို့ဆိုတာ အရင် ငြိမ်းချမ်းရေး ယူစဉ်ကာလက ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေတွေကိုလောလောဆယ် ပြန်လိုချင်တယ်လို့ မြင်မိပါတယ်၊
အရင်ငြိမ်းချမ်းရေး ယူထားစဉ်က ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက ကချင်ဒေသခံ မဟုတ်တဲ့ ရှမ်း၊ဗမာ၊ရ၀မ်၊ လီဆူး၊ လချိတ် စတဲ့ ဒေသခံပြည်သူလူထုကတော့
သူ့တို့နယ်မြေအတွင်းက တပ်တွေ ပြန်ဆုပ်သွားကြမှာကိုတော့ လိုလားကြမှာ မဟုတ်ပါဘူး၊
လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံခံရတာတွေ၊ စစ်တပ်ကို သတင်းပေးတယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးညင်းပန်းနှိပ်စက်ခံရမှာတွေ၊ ခြိမ်းခြောက်အကျပ်ကိုင် စက်ကြေးတောင်းခံရမှာတွေ၊ အဓမ္မ လူအင်အားစုဆောင်းခံရမှာတွေ
အညိုးအတေးထား တုံ့ပြန်ခံမှာတွေကို စိုးရိမ်နေကြဆဲလဲဖြစ်ပါသည်။
ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့ လူမျိုးခြားဘာသာခြားတွေကို ခြိမ်းခြောက်တာတွေ၊စက်ကြေးတောင်းတာတွေ၊ အသက်အိုးအိမ်ကို အန္တရယ်ပြုတာတွေ မပြုပါဘူးလို့ အာမခံချက် ပေးနိုင်ပါသလား၊
နိုင်ငံရေးဆိုတာ မပြီးဆုံနိုင်တဲ့ လမ်းခရီးရှည်ကြီးလဲ ဖြစ်ပါတယ်၊ ယင်းမပြီးဆုံနိုင်တဲ့ လမ်းခရီးရှည်ကြီးကို မပြည်မလည် ရေရှည်ဆုပ်ကိုင်ထားရင်း ငတ်မွတ်၊ ဒုက္ခရောက်နေတဲ့ ဒေသခံ လူထုကို လက်ပိုက်ကြည့်နေမလား၊
နိုင်ငံတကာ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ မိသားစုအလှူတွေကကော ဘယ်လောက်ကြာအောင် ထောက်ပံ့ပေးထားနိုင်မလဲ၊
အဲဒီတော့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထု ပြေလည်ရေးကိုပဲ ဦးစားပေး စဉ်းစားသင့်တယ်လို့ ထင်ပါတယ်၊
ထိုသို့ စဉ်းစားရာမှာ တပ်ကို နောက်ဆုပ်ပေးရေးမပေးရေးနဲ့ ပက်သက်ပြီး
စစ်တပ်ကို ယုံကြည် လိုလားအားကိုတဲ့ နယ်မြေမှာ တပ်ကိုထား၊ KIA/KIO ကို
ယုံကြည် လိုလား အားကိုတဲ့ နယ်မြေမှာ ကချင်လက်နက်ကိုင် အဖွဲ့ကို ထားပြီး ဒေသခံပြည်သူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရင်း
ဒေသခံလူထု ပုံမှန်လည်ပတ်နိုင်ရေးအတွက်ေ လာလောဆယ် အပစ်အခတ် ရပ်စဲထားရေးက အဓိက ကျတယ်လို့မြင်မိပါတယ်။
No comments:
Post a Comment