Tuesday, September 18, 2012

ဒုက္ခကို အပူဆင့်လို့ မဆုံးနိုင်သေးတဲ့ စစ်ခင်းမြေ


ဝိုင်းမော်မြို့ သာဂရဒုက္ခသည်စခန်းမှ အသုဘချနေစဉ်


မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့၊ သာဂရ ဘုန်းတော်ကြီးကျောင်း

ဒုက္ခသည်စခန်းတွင်းမှ ဒုက္ခကို အပူထပ်ဆင့်တဲ့ အသုဘတစ်ခုအား အချင်းချင်း

ဝိုင်းဝန်းဖေးမ၍ (ဘယ် NGO အဖွဲ့အစည်းကမှ အကူအညီ မခံခဲ့ရဘဲ ) အပူရုပ်ကို 

ဟန်လုပ်ကာ ပြီးဆုံးခဲ့ပြန်သည်။





ဒါတွေကိုတော့ သူတို့တွေ ဘယ်သိနိုင်ကြပါ့မလဲ၊

သူတို့တွေရဲ့ အတ္တတွေက သိပ်ကို ကြောက်စရာ လှိလှိ ကောင်းလှပါဘိ။



သူတို့လက်ဆုပ်စာ အုပ်စု ဆက်လက် ချုပ်ကိုင်ရေးကိုပဲ မောင်းတင်နေကြ

လေရော့သလား။

အခုလဲ တစခန်းထ သောင်းကျန်းနေပြန်ပြီ၊ တံတားဖျက်၊ မိုင်းခွဲ၊ ဒေသခံ

လူထုက အကျဉ်းထဲ၊ အကျပ်ထဲ၊ စား၊ ၀တ်၊ နေရေးနဲ့ စီးပွားရေးက

စုတ်ပြတ်ဆဲ၊

တနိုငံလုံး အကောင်းဘက်ကို ဦးတည်နေချိန်မှာ ဘာလို့ အတူလက်တွဲ

လိုက်မပါနိုင်သလဲ။

အမျှော်အမြင် ကြီးလှပါသော အမေစု ကိုယ်တိုင် ပါဝင် ပူးပေါင်းနေပါလျက်

ဦးနှောက်မရှိရင် အမေစု နောက်ကနေ လိုက်ပြီး အမေစု လမ်းကြောင်းပေး

တဲ့အတိုင်း အကြံအညာဏ်ယူ လျှောက်လှမ်းသင့် သည် မဟုတ်တန်ရာကော။

No comments:

Post a Comment