Thursday, November 22, 2012

အ၀ါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း၏ ခြေလှမ်းတချို့


မန္တလေးမြို့၊ မာလကာခြံရပ်၊ ပြည်လုံးအံ့ဓမ္မာရုံ


မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ သစ္စဝေဒဂူဆရာတော်နှင့် (YGW)အ၀ါရောင်မျိုးဆက်သစ် လူငယ် ပရဟိတအဖွဲ့တို့ ပူးပေါင်း၍ sunday school ယဉ်ကျေးလိမ္မာသင်တန်းကို ၀ါဆိုဦးမှ စတင်ကာ ဖွင့်လှစ်သင်ကြားနေပါတယ်။

(

12) ပိုင်းကုန်ခန့်လောက်တွင် ဆုနှင်းသဘင်နှင့်တကွ ယဉ်ကျေးလိမ္မာသင်တန်း ပြီးဆုံးမယ်လို့ သိရပါတယ်။
အဆိုပါ sunday school ယဉ်ကျေးလိမ္မာသင်တန်းကို အခြားသော နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းနှင့် မတူပဲ ယခုလို ကျောင်းဖွင့်ရက်ရာသီတွေမှာ ကျင်းပရခြင်းနဲ့ပက်သက်ပြီး ပြည်လုံးအံ့ဓမ္မာရုံမှာ ဦးဆောင် သင်ကြားဖွင့်လှစ်နေတဲ့ ဆရာတော်တစ်ပါးကို မေးမြန်းကြည့်ခဲ့ရာ

ထိုဆရာတော်က အမျိုးဘာသာ သာသနာ မကွယ်ပျောက်စေဖို့နဲ့ ရေရှည်တည်တံ့ဖို့ အထူးသဖြင့် ကလေးသူငယ်များ၏
နှလုံးသားထဲမှာ ဘုရားတည်ပေးလိုက်တာ ဖြစ်တယ်၊ အခြားဘာသာများနည်းတူ ဘာသာ သာသနာ နိုးကြားစေချင်တဲ့ ရည်၇ွယ်ချက်နဲ့ ဖွင့်လှစ် သင်ကြားပေးတာ ဖြစ်တယ်၊ ၄င်းနည်းတူ မန္တလေးမြို့မှာ ဌာန(10) လောက် ဖွင့်ထားတယ်လို့ အမိန့်ရှိပါတယ်။

ဆက်လက်ပြီး ဆရာတော်က ၄င်းနည်းတူ သင်တန်းများကို အ၀ါရောင်မျိုးဆက်သစ် အဖွဲ့ဝင်များ ပျံ့နှံ့တည်ရှိရာအလိုက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီက စုံစမ်း လေ့လာထားရသလောက် (YGW)အ၀ါရောင်မျိုးဆက်သစ် လူငယ်အဖွဲ့အစည်းသည် ရန်ကုန် မန္တလေးအပါဝင် နေရာတော်တော်များများမှာ ရှိပေမဲ့ တစ်ခုနဲ့တစ်ခု ချိတ်ဆက် လှုပ်ရှားမှု အားနည်းခြင်း၊ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖေါ်ရာမှာ ခွန်အားနည်းပါးနေသေးခြင်း၊ စည်းလုံးမှု အင်အား မလုံလောက်ခြင်း ခိုင်မာသည့် မူဝါဒ ချမှတ်မှုများနှင့် အကောင်ထည်ဖေါ်ပုံ နည်းဥပဒေများ လိုအပ်သေးခြင်း စသည့် အားနည်းသော အချက်အလက်တွေကြောင့် ၄င်း အဖွဲ့အစည်း မျှော်မှန်းထားသလောက် အောင်မြင်ဖို့ အချိန်ယူ ကြိုးစားရလိမ့်ဦးမယ်ဟု ထင်ပါသည်။

No comments:

Post a Comment