Thursday, November 22, 2012

ဆန္ဒပြဦးဆောင်သံဃာတော်များအား သာသနာရေးဌာနမှ OIC နှင့် ပက်သက်၍ တိုင်းသံဃနာယကကျောင်း၌ လာရောက်လျှောက်ထားခြင်း



14/10/2012 တနင်္ဂနွေနေ့

ယနေ့ နေလည်ပိုင်း အချိန်တွင် မန္တလေးမြို့၊ တိုင်းသံဃာ့နာယက မစိုးရိမ်တိုက်၊ ပါဠိနယူပဒေသကျောင်း၌ တိုင်းသံဃနာယကဆရာတော်နှင့်
တကွ မန္တလေး ဆန္ဒပြဖေါ်ဆောင်မှု ခေါင်းဆောင်ဆရာတော်များနှင့်

ရွှေဝါရောင် (၅)နှစ်ပြည့် ကော်မတီမှ သံဃာတော်များအား ၀န်းကြီးတစ်ဦးနှင့် တိုင်းဒေသကြီး အစိုးရမှ တာဝန်ရှိသူများ၊ တိုင်းသာသနာရေးဌာနမှ တာဝန်ရှိသူများနှင့် ဘာသာကြီး (၅)ခုမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေး အသိပေးလျှောက်ထားမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ပြုလုပ်ရာတွင် သာသနာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံမှာ
OIC ရုံးကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကို လျှောက်ထားသွားပါတယ်၊

သံဃာတော်များ ဘက်မှလည်း ယနေ့ ည(၈)နာရီသတင်းတွင် နိုင်ငံပိုင်သတင်းမှ တနိုင်ငံလုံးအား နိုင်ငံတော်သမ္မတ
ရုံးမှ ကြေငြာပေးပါရန် နှင့် ကြေငြာပေးခြင်းမရှိပါက မနက်ဖြန် (၁၅) ရက်နေ့တွင်
တနိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒထုတ်ဖေါ်သွားမည်ဟု သိရပါသည်။
 
15/10/2012 နေ့တွင် ဆက်လက် ဆန္ဒပြသည့် သံဃာတော်များပုံ

15/10/2012 နေ့တွင် ဆက်လက် ဆန္ဒပြသည့် သံဃာတော်များပုံ

15/10/2012 နေ့တွင် ဆက်လက် ဆန္ဒပြသည့် သံဃာတော်များပုံ
 

No comments:

Post a Comment