![]() | |
2012/oct/12 ရက်နေ့ နေ့လည် ၁၂း၃၀မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်မျာှးဆန္ဒပြ စတင် ကြွချီတော်မူလာပုံ |
![]() |
2012/oct/12 ရက်နေ့ နေ့လည် ၁၂း၃၀မန္တလေးမြို့ လေးပြင်လေးရပ်မှ သံဃာတော်များ ဆန္ဒပြ စီတန်းလှည့်လည်ပုံ |

OIC ၇ုံ မြန်မာနိုင်ငံမှာ မဖွင့်ဖို့အရေး မန္တလေး သံဃာတော်များ ဆန္ဒပြပွဲအပြီး
သတင်းစာရှင်းလင်းပွဲ အမေးအဖြေများ
၁။အမေး-(သတင်းထောက်တဦး)
OIC နှင့် ပက်သက်ပြီး (၁၅) ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့
ဆန္ဒပြဖို့ ရှိတယ်လို့ သိရပါတယ် ၊ အဲဒါနဲ့ပက်သက်ပြီး ဘယ်လို ပြင်ဆင်ဆင်ထားပါသလဲ......
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
ချောက်၊ပခုက္ကူ ရေနံချောင်း မိုးကုတ်၊ မြင်းခြံတို့မှာ ဦးဇင်းတို့ ကော်မတီသံဃာတော်တွေက ဦးေးဆာင်ပြီး လုပ်မှာဖြစ်ပါတယ်။
သူတို့က ကနေ့တောင်လုပ်ချင်နေပါတယ်။ ဦးဇင်းတို့ ဒီနေ့ ဆန္ဒပြတဲ့အပေါ်
မှာ အစိုးရက တုန့်ပြန်မှု မရှိဘူးဆိုရင် လက်လှမ်းမှီသမျှ ချိတ်ဆက်ပြီး လုပ်လို့ရသလောက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်၊
ရခိုင်အရေးအခင်း စဖြစ်ခင်က အတိုက်အခံနဲ့ ဦးဇင်းတို့က နောက်ကြောင်း
ပြန်လှည့်မှာတို့ ဘာတို့ စိုးရိမ်တာ ရှိပါတယ်၊ ခုကတော့
နောက်ကြောင်းဘဲ ပြန်လှည့် ရှေ့ကြောင်းပဲ ပြန်လည့် လည့် လုပ်လို့ရသလောက် ဆက်လုပ်သွားမှာပါ။
၂။အမေး-(သတင်းထောက်တဦး)
ဘာရည်၇ွယ်ချက်နဲ့ အခုလို ဆန္ဒပြရတာပါလဲ ဘုရား
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
အဓိကတော့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေး၊ ကမ္ဘာရဲ့ တည်ငြိမ်ရေး
ငြိမ်းချမ်းပဲ အဓိက ဦးစားပေးပြီး ပြတာဖြစ်ပါတယ်။
၃။အမေး-(သတင်းထောက်တဦး)
မနက်ဖြန်အတွက် ဘာတွေ ဘယ်လို စီစဉ် ဆောင်ရွက်ဖို့ ရှိပါသလဲ
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
သူတို့ဘက်က မတုန့်ပြန်မချင်း မရမချင်း ဆက်တိုက်လုပ်သွားမှာ ဖြစ်ပါတယ်။
ဘာတွေ ဘယ်လို လုပ်မယ် ဆိုတာတော့ အစည်းအဝေးဆုံဖြတ်ချက်ပေါ်မှာ
မူတည်ပါတယ်။
၎။အမေး-(သတင်းထောက်တဦး)
OIC ရုံခန်းက ရခိုင်ပြည်မှာ မဖြစ်မနေ ရုံးစိုက်မယ်ဆိုရင် ဘယ်လိုလုပ်မှာပါသလဲဘုရား။
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
ရံးမစိုက်ရသေးရင်လဲ မလိုချင်ဘူးလို့ပြောလိုတယ် ဘုန်းကြီးတို့နိုင်ငံမှာ
ဘုန်းကြီးတို့ဘာသာ ငြိမ်းချမ်းအောင် တည်ငြိမ်အောင် လုပ်နိုင်တယ် နိုင်ငံခြားက သြဇာပေးပြီး သွေးခွဲတာကို လက်မခံနိုင်ဘူးလို့ ပြောချင်ပါတယ်။

၅။အမေး-(သတင်းထောက်တဦး)
ဒီOIC ရုံးကို ဦးဇင်းတို့အနေနဲ့ တချို့အချက်တွေကို အာမခံရင်
မြန်မာပြည်မှာ ရုံးဖွင့်ဖို့ လက်ခံမယ် ပြောလိုက်ပါတယ် ဘယ်လို
အချက်တွေကို အာမခံပေးရင် ရုံးဖွင့်ဖို့ လက်ခံမှာပါလဲ ဘု၇ား....

.
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
ဒီရုံးဖွင့်ပြီးရင် မြန်မာပြည်တွင်းမှာ ရခိုင်ပြည် စစ်တွေ အနီးကပ်ဆုံး
၁။ သူတို့တစ်တွေကို စော်ကားမော်ကား မဖြစ်စေရဘူး
၂။ မြန်မာအမျိုးသမီးတွေ မုဒိမ်းကျင့်မှု မဖြစ်စေရဘူး
၃။ ကမ္ဘာ့နိုင်ငံတွေမှာ ရှိတဲ့ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်းတွေ
ကို ဖျက်ဆီးခြင်း မရှိစေရဘူး
၎။ နိုင်ငံခြားမှာ ရှိတဲ့ မြန်မာ အမျိုးသား/သမီးတွေကို အနိုင်ကျင့်မှုတွေ
မရှိစေရဘူး
၅။ ဘင်္ဂလာဒေ့ရှ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို အမြန်ဆုံး နဂိုမူလအခြေ
အနေေ၇ာက်အောင်ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကတိပေးမှု
၆။ မြန်မာနိုင်ငံမှာ ဒီရုံးရောက်တဲ့အချိန်ကစပြီး လူမှုရေး ဘာသာရေး
ပဋိပက္ခတွေ ဘာတစ်ခု မှ မရှိစေရဘူးလို့ အာမခံနိုင်တဲ့ သူလဲပဲ မရှိပါဘူး
အစိုးရလဲ အာမခံနိုင်ပါဘူး၊ ဒီကောင်တွဲ အာမခံနိင်ပါဘူးအာမမခံနိုင်တဲ့
အတူတူတော့ မလာခဲ့နဲ့ ခွင့်မပြုနိုင်ဘူး ဒီကောင်တွေလဲ အာမခံနိုင်တဲ့
ကတိကိုတောင်းတာ တောင်းတော့ မခံနိုင်ဘူး မခံနိုင်တဲ့အတူတူတော့
မလာခဲ့နဲ့။
ဆရာတော်တစ်ပါး ဖြည့်စွက်ဖြေကြားချက်။ ။ ။
နိုင်ငရေးဆိုတာ ဘာသာရေးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပေါ့
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသူ/သားတွေရဲ့ အေ၇းကို ဆောင်ရွက်၇တယ်
ဗုဒ္ဓဘာသာလဲ ပါမယ် ၊ အစ္စလာမ်ဘာသာလဲ ပါတယ်၊ ခရစ်ယာန်ဘာသာလဲ
ပါမယ် အဲဒီအခါမှာ နိုင်ငံကောင်းတစ်ခု ဖြစ်ဖို့ဆိုတာ နိုင်ငံရဲ့ ဥပဒေဘောင်
ရှိရမယ် အဲဒီ ဥပဒေဘောင်ကို ပိုပြီးတော့ လိုက်နာရတယ် ကိုယ်နိုင်ငံရဲ့ ဥပဒေ
ကိုတော့ မလိုက်နာပဲနဲ့ ဘာသာရေး ဗန်းပြပြီးတော့ ပြည်တွင်း အစ္စလာမ်ဥပဒေကို ဗန်းပြပြိးတော့ အစ္စလာမ် ဥပဒေလို့တော့  ပြောတာပါပဲံ
တကယ်တော့ တချို့ဟာတွေက အစွန်းေ၇ာက်တွေရဲ့ ဖန်းတီးမှု အဲဒါကို အဓိက အလေး ထားပြီးတော့ နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တယ် အင်မတန်
နိင်ငံအတွက် အန္တရယ်ကြီးတယ်လို့ ပြောလိုတယ်
ဒါကို ဘုန်းကြီးတို့ ခေါ်တာကတော့ ပြည်ပသြဇာခံတဲ့ ဘာသာရေးလို့ခေါ်တယ် အခုလက်ငင်းပဲ ဖြစ်နေတာက ပြည်ပသြဇာခံတဲ့
ဘာသာရေး ဖြစ်နေတယ်။ အစ္စလာမ်ထဲမှာကို ဘုန်းကြီးတို့ မိတ်ဆွေတွေ
အများကြိးရှိတယ် ၊ ဘုန်းကြီးတို့က ဘာသာပေါင်းဆုံးပေါင်းတယ် မွတ်ဆလင်တွေထဲမှာကို ဒီလို ပြည်ပ သြဇာခံတဲ့ ၀ါဒတွေ သွေးခွဲတဲ့ စိတ်ဓါတ်တွေ ဖြစ်အောင် အ၀တ်အစားက စပြိးတော့အကုန်လုံး သွေးခွဲအောင် လုပ်နေတာကို မလိုလားတဲ့သူတွေ
အများကြီးရှိပါတယ်။ ဥပမာ ဗမာချင်းပဲ ပေါင်းမယ် ဗမာချင်းပဲ ချစ်တယ်
ပြည်ပကို ပိုပြီးတော့ သြဇာခံချင်တဲ့သူ မရှိဘူး သူတို့ထဲမှာကိုရှိတာ အဲဒီ
တော့  ဒါကို ဘုန်ကြီးတို့ သိတယ် အခုဟာက ဖြစ်နေတာဟာ ပြည်ပသြဇာခံ
တဲ့ ဘာသာရေးမျိုး သွေးကွဲအောင် လုပ်တဲ့ သွေးခွဲဘာသာရေးမျိုး တည်
ဆောက်နေတာဟာ နိုင်ငံအတွက် အန္တရယ်ကြိးတယ်လို့ ပြောချင်တယ်
ဒီအန္တရယ်ကို မြင်လို့ ဘုန်းကြီးတို့က သတိပေးနေတာ
ဒီOICကို သတိထားပါ ပြည်ပက သြဇာပေးတာတောင်မှ အလွယ်တကူ
ကြိုးကိုင်လို့ရသေးတာ ပြည်တွင်းအခြေစိုက်ရင် ပိုဆိုးကုန်မှာပေါ့
အဲဒါ ပြောချင်တာ အဲဒီတော သူတို့ကို ပြည်တွင်းမှာ အခြေစိုက်ရင် ဘုန်းကြီး
တို့ကို သံသယကငုးအောင် အရင်လုပ်ပြပါဦးလို့ ပြောချင်တယ် တခြားတခြား
နိုင်ငံတွေမှာလဲ ဒီအစ္စလာမ်တွေကြောင့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ လွတ်တော်
နေရာတွေမှာ သူတို့လူတွေကိုထိန်းပါ ။ အဲသလို အကြမ်းဖက်မှုတွေ မလုပ်ပါ
နဲ့လို့ အရင်ဆုံးနိုင်အောင် လုပ်ပါဦး နိုင်အောင်လုပ်ပြီးမှ နိုင်ငံတကာမှာ ကျုပ်တို့ ဘာသာ အကြမ်းဖက်မှုတွေ မရှိတော့ပါဘူးလို့ ပြောနိုင်တဲ့ နေ့
မြန်မာနိုင်ငံကိုလာခဲ့ပါ ၊ ကျုပ်တို့ကလဲ welcome ပါပဲလို့ပြောချင်တယ်။

၆။အမေး-(သတင်းထောက်တဦး)
အခုလို ကန့်ကွက်တဲ့အပေါ်မှာ မြန်မာနိုင်ငံ ပုံရိပ်က နိုင်ငံတကာမှာ
ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ ဥိးဇင်း ခန့်မှန်းပါသလဲဘုရား..
အခုလို ကန့်ကွက်တဲ့အပေါ်မှာ မြန်မာနိုင်ငံ ပုံရိပ်က နိုင်ငံတကာမှာ
ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ ဥိးဇင်း ခန့်မှန်းပါသလဲဘုရား..
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
အစိုးရတစ်ရပ်ဆိုတာ ပြည်သူ့အသံပေါ်မှာ အခြေခံရပါတယ်၊
လုံလောက်တဲံ အကြောင်းပြချက် မရှိပါဘဲလျက် လက်မခံနိုင်ဘူးလို့ ပြောရင်
ဒါ သူတို့ရဲံ အားနည်းချက် ဖြစ်တယ်။
ဒါကြောင့်မို့ဘဲ ဘုန်းကြီးတိုက တကယ်တန်း ဘာသာရေးကိုနားလည်တာ
ဘာသာေ၇းခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်
ဘာသာရေးခေါ်င်းဆောင်တွေရဲ့ အသံကို သမ္မတကြီးကစပြီး အစိုးရက
နားစွင့်နေတာပါ၊ ဘုန်းကြိးကလဲ မြင်ပြီးသားပါ၊ ဒါကြောင့် ဘုန်းကြီ။တို့က
ဘုန်းကြီးတို့က မပြောရင် မဟရင် ဘုန်းကြိးတို့မှာ အပြစ်ရှိတယ်၊တာဝန်ရှိတယ်၊ ဘုန်းးကြီးတိုက မပြောလို့မဟလို့ အစိုးရတစ်ရပ်မှာ မှားမှားယွင်းယွင်း ဆုံးဖြတ်ချက် ချမိရင် အဲဒိကျမှ
ဘုန်းကြီတို့ သွားပြောရင် ဘုန်းကြီးတို့က မကောင်းဘူး ဖြစ်မယ်၊ အခု
ဘုန်းကြီးတို့ ပြောပြီဆိုရင် ဒီမိုကရေစီဆန်တဲ့ ကောင်းမွန်တဲ့ သန့်ရှင်းတဲ့
အစိုးရဆိုတာ ပြည်သူ့အသံကို အင်မတန် နားထောင်ပါတယ်၊အခုဘုန်းကြိးတို့
ပြောပြီဆိုရင်ကို ဘုန်းကြီးယုံကြည်ပါတယ် သမ္မတကြီးက စပြီး အားလုံး
လေးလေးနက်နက် စဉ်းစားတော့မှာပါ နောက်ပြီးတော့ သူ့တို့အတွက် ဒီဟာကို ဆုံးဖြတ်ချက် ချတဲ့ နေရာမှာ ဒီမှာ ဘုန်းကြိးတို့ ဆန္ဒထုတ်ဖေါ်မှု
ဟာ ကြိးမားသော အသံတွေ ဖြစ်ပါလိမ့်မယ်။
အဲဒိကျရင် သူ့တို့ နိုင်ငံတကာက ဘယ်လိုမှ ပြောလို့ မရပါဘူး ။
အဲဒီတော ဘုန်ကြီးတို့ ပြောပြီးပီပဲ လုပ်ပြပါဥိး တခြားတခြား နိုင်ငံတွေမှာ
အစ္စလာမ်ကြောင့် ပြည်သူအုန်ကြွမှု တိုင်းပြည် မငြိမ်သက်မှု တွေကို
ကျုပ်တို့ အဖွဲ့အစည်းက လိုက်လုပ်နေပါတယ် ဆိုတာ ပြပါဦးလို့ ဘုန်းကြိ
ပြောချင်တယ်
ဒါဆိုရင် လုံလောက်ပြီလို့ ပြောဖို့ သက်သေပြနိုင်ရင် ဘုန်းကြိးတို့ အစိုးရကလဲ လက်ခံဖို့ ခွင့်ပြုမယ်
အခု ဘုန်းကြိးတို့ ထောက်ပြပြီးပြီ ဒီလိုဒီလို တည်ငြိမ်အောင် မလုပ်ခဲဘူး
တာဝန်မယူခဲ့ဘူး အဲဒါကြောင့် မို့ ဒီလို စည်းလုံးမှု အင်အားကို အလွဲအမှား
သုံးနေတယ်လို့ ဘုနးကြီးပြောချင်တယ်
ဒါကြောင် ငြိမ်းချမ်းရေးကို ထိခိုက်အောင်လုပ်နေလို့ ဒါကို မြင်နေလို့ ဘုန်းကြီးတို့က ကန့်ကွက်နေတာ အဲဒီတော့ ဘုန်းကြီးတို့ စကားကို နားတောင်ပြီးတော့ လေးလေးနက်နက် စဉ်းစားပြီူးတော့ သံဃာထုရဲ့
ဆန္ဒကို လေးလေးနက်နက် ခံယူပြီတော့ ထောက်ပြမယ် ဆိုရင်
သူ့တို့ပြောနိုင်တဲ့ လုံလောက်တဲ့ အကြောင်းမရှိတော့ဘူးလို့ ဘုန်းကြိးမြင်တယ်။
ဘာသာကွဲကွဲ မကွဲကွဲ လူလိုချစ်တတ်ရင် နိုငံကောင်းတစ်ခု တည်ဆောက်လို့
ရမှာပါ ဒီလိုမဟုတ်ဘဲနဲ့ ဘာသာရေးကို အကြောင်းပြ သွေးကွဲအောင် လုပ်
ဒီလိုသာဆိုရင် နိုင်ငံက ဘယ်လိုမှ တည်ငြိမ်မှာ မဟုတ်ဘူး အခုလောလော
ဆယ်ဆယ် သူတို့ နိုင်ငံတွေ ကိုယ်က မတည်ငြိမ်တာ သူတို့နိုင်ငံထက်စာ၇င်
ကျုပ်တို့နိုင်ငံက တည်ငြိမ်တယ် အခု ဘုန်းကြီးတို့ဆိုရင် ဘာသာပေါင်းဆုံး
ချစ်ကြည်ညီညွတ်ရေးကို လုပ်နေတာပါ အစ္စလာမ်ကို မုန်းလို့ လုပ်နေတာ မ
ဟုတ်ပါဘူးဆိုတာ ဘုန်းကြီးတို့က သက်သေ ပြနေတာပါ
ငြိမ်းချမ်းရေးကို လိုလားတဲ့ အစ္စလာမ်မှန်သမျှနဲ့ ဘုန်းကြိးတို့ သဟဇာတမဖြစ်
စရာ အကြောင်းကိုမ၇ှိဘူး၊ ဒီအန္တရယ်ကြီးတဲ့ အကြမ်းဖက်တွေ အစွန်းရောက်
တွေ ၀င်မလာပါနဲ့ အခုလဲ အမေရိကမှာ ပြဿနာတက်နေတယ် ဒီလူတွေ ပဲ
ပြဿနာတက်နေတာ ကမ္ဘာတစ်ဝှမ်းလုံးလည်း ပြဿနာတက်နေတယ် အဲဒါကို မြင်စေချင်လို့ ဒီနေ့ ဘုန်းကြိးတိုကမီးမောင် ထိုးပြလိုက်တာ
မက်စေ့ ပေးလိုက်တာလို့ ပြောချင်ပါတယ်။

၇။အမေး-(သတင်းထောက်တဦး)
ဒီမှာ OIC ရုံးဖွင့်မှာကို ဦးဇင်းတို့ အနေနဲ့ကန့်ကွက်တော့
နိုင်ငံတကာမှာ ရှိတဲ့ ဗုဒ္ဓရဟန်းတော်တွေ ဗုဒ္ဓဘာသာဝင်တွေ အတွက်
အစ္စလာမ်တွေက ဘယ်လို တုန့်ပြန်လာမယ့် ထင်ပါသလဲ ခန့်မှန်းပါသလဲဘုရား
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
အခုလို ကန့်ကွက်တာဟာ ငြိမ်းချမ်းရေးကြောင့် ကန့်ကွက်တာလို့ ပြောပြီးပါပြီ
အစ္စလာမ်တွေကို ကန့်ကွက်တာ မဟုတ်ပါဘူး အစ္စလာမ် အရေချုံတဲ့ အကြမ်း
ဖက်တွေ အစွန်းေ၇ာက်တွေကို ကန့်ကွက်တာပါ၊ နောက်ပြီးတော့ ဘာသာရေး တစ်ခု ဖျက်ဆီးနည်းဆိုတာ အားလုံ လူတွေကတော့ သိချင်မှ သိမယ် ဘုန်းကြီးတို့ ဘာသာရေးခေါင်းဆောင်တွေကတော့ သိပါတယ်၊
ဘာသာတစ်ခု ကို ဖျက်ဆီးပြီးရင် သူက အဲဒီအထဲကို မရောက်နေလို့ မရပါဘူး အတွင်းထဲကိုေ၇ာက်ပြီးမှ ဘာသာကွဲအောင် အယူအဆကွဲအောင်
လုပ်လို့ရပါတယ် ဒါကြောင့် ဒါကြောင့် အစ္စလာမ်အစွန်းရောက်တွေက အစ္စလာမ် ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတယ် ဆိုတာကို လောကကြီးကို ကမ္ဘာ
ကြီးကို မက်စေ့ ပေးလိုက်တာပါ၊ အစ္စလာမ်ကိုမုန်းလို့ မဟုတ်ပါဘူး မုန်းရုံတင်
မဟုတ်ဘူး အစ္စလာမ်ကို ချစ်တယ် အားလုံးကို ချစ်ချင်တယ်
ဒီအစွန်းေ၇ာက်တွေ အကြမ်းဖက်သမားတွေကိုတော့ ကြောက်တယ်လို့
ဘုန်းကြိးဘုန်းကြီးပြောချင်ပါတယ်၊ ဒီအစွန်းရောက်တွေ ကို အားပေးရင်
မဖြစ်ပါဘူး၊ ဒီအစွန်းေ၇ာက် အယူရှိတဲ့ သူတွေက အစ္စလာမ်ထဲမှာ သူတို့ရဲ့
ဝါဒတွေက သွတ်သွင်းထားတာက များနေကြလို့ဘုန်းကြိးတို့က OICကို ကန့်
ကွက်နေတာ ဖြစ်ပါတယ်၊ OICကို ဘုန်းကြီးတို့ ယုံကြည်လောက်အောင်
တခြားနိုင်ငံတွေကို ငြိမ်းချမ်းအောင် တည်ငြိမ်အောင် လုပ်ပြပါဦးလို့ပြောချင်တယ် အဲဒီအချိန်ကျရင် လာခဲ့ပါ ဗမာပြည်ကို အဲဒီကျရင် ယုံပါပြီ အဲဒီလို မတည်ဆောက်ပေးနိုင်မချင်းတော့ အဲဒိတွေမှာ
မငြိမ်မသက်သူတွေ ပိုဖြစ်စေတယ်ဆိုရင် OICမှာ စုစည်းမှုအင်အားကို
အလွဲတန်းသုံးနေတယ်လို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဘုန်းကြိးဘုန်းကြီးပြောချင်ပါတယ

၈။အမေး-(သတင်းထောက်တဦး)
တစ်ခုလောက်မေးချင်ပါတယ် စစ်တွေမှာ ဥိးဇင်းတွေကလဲ ဆန္ဒပြနေပြီ
ဒီမှာလဲ ဦးဇင်းတို့က ဆန္ဒပြနေပြီဆိုတော့ အစိုးရအနေနဲ့ ဦးဇင်းတို့
ှဆန္ဒပြမှုကို ဘယ်လောက်ထိ အသိအမှတ်ပြုမယ် တကယ်လို့ အသိအမှတ် မ

ပြုခဲ့ရင် အဆုံးစွန် ဘယ်လောက် ထိ ဆက်လုပ်သွားဖို့ ရှိပါသလဲ
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
တစ်ခုတော့ ရှိတာပေါ့ ဒီဂရုက နည်းနည်းတော့ ကွဲပြားမှု ရှိတာပေါ့
ဟိုဘက် ဂရုကတော့ တစ်မြိုံ တစ်ရွာဆီဆိုတော့ တစ်မျိုးပေါ့
ဘုန်းကြီးတို့ မန္တလေး ဂရုကတော့ ညီပါတယ်
ဘုန်းကြီးတို့က ငြိမ်းချမ်းရေးကို ဦးတည်နေတယ် ဆိုတာ ပြသလိုက်ပါပြီ
ဆူပူမှုကို လိုလားနေတာ အားပေးနေတာ မဟုတ်ပါဘူး
တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် လုပ်နေတာ မဟုတ်ပါဘူး
တိုင်းပြည် မငြိမ်မသက် ဖြစ်မယ့် အန္တ၇ယ်တွေကို ကြိုတင် ကာကွယ်နေတာ
ကြိုတင် သတိပေးနေတာပါ၊ အဲဒါကြောင့် တခြားမြို့ရွာတွေလဲ ပြတော့ပျြမှာပါ သဘောထားချင်း ထပ်တူကျလိမ့်မယ်
လို့တော့ မမျှော်လင့်ပါဘူး နည်းနည်းကွဲလေးမှုလေးတွေတော့ ရှိမှာပါ
ဒါပေမဲ့ သူတို့တစ်တွေက မန္တလေး သံဃာထုရဲံ့သဘောထားကို လေးစားနေပါတယ် ၊ ဘုန်းကြီးတို့ မန္တလေးတို့
သံဃာထုက ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ကြွေးကြော်လိုက်ရင် သူတို့လဲ
တစ်ထပ်ထဲ ဖြစ်ပါလိမ့်မယ်လို့ ဘုန်းကြိးတို့ မျှော်လင့်ပါတယ်။

၉။အမေး-(ဧရာဝတီမြစ်ဖျားဆီက)
သံဃာနဲ့ ပြည်သူလူက သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ
တူရကီနိုင်ငံခြားရေး ၀န်ကြီးနဲ့ နစက ၀န်ကြီးတို့ OICရုံး ဖွင့်ဖို့
သဘောတူပြီးပြီလို့ သိရပါတယ်၊ အဲဒီအပေါ် ဘယ်လိုမှတ်ချက် နဲ့

ဘယ်လို အကြံပြုချက်များ ပေးလိုပါသလဲ ဘုရား
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
ဒီသဘောတူမှုဆိုတာ အကြောင်းမလုံးလောက်တော့လဲ သဘောတူ
လိုက်ရမှာပေါ့၊ အခုလို အကြောင်းလုံလောက်အောင် ဘုန်းကြိးတို့က မက်စေ့
ပေးနိုင်တယ်ဆိုရင် ဟောဒိမှာ ကြည့် ခင်များတို့ရဲ့ လုပ်ရက်ကို ပြည်သူလက်
မခံဘူးဖြစ်နေပြီလို့ဆိုလိုက်ရင် ဒါဖြစ်ပါတယ် ဖြစ်အောင် လုပ်လို့ ရသလို
ပြန်ဖျက်ပစ်ချင်လို့လဲ ရပါတယ်၊ ဒါပေမဲ့ အကြောင်းလုံလောက်ဖို့တော့  အရေးကြိးပါတယ်၊ လူကြီးလူကောင်ဆန်ဆန် လုပ်ဖို့တော့ အရေးကြီးပါတယ်
အခုဟာက ဘုန်းကြီးတို့က ဒီမက်စေ့ ပေးနိုင်တယ် ဆို၇င် ဒီလက်ခံမှုတွေကို
လဲ ပြန်စဉ်းစားရပါလိမ့်မယ်လို့ ပြောရင်လဲ ရပါတယ်။
အဖြေ --(ှဆန္ဒပြ ဦးဆောင် ဆရာတော်)
ဒီသဘောတူမှုဆိုတာ အကြောင်းမလုံးလောက်တော့လဲ သဘောတူ
လိုက်ရမှာပေါ့၊ အခုလို အကြောင်းလုံလောက်အောင် ဘုန်းကြိးတို့က မက်စေ့
ပေးနိုင်တယ်ဆိုရင် ဟောဒိမှာ ကြည့် ခင်များတို့ရဲ့ လုပ်ရက်ကို ပြည်သူလက်
မခံဘူးဖြစ်နေပြီလို့ဆိုလိုက်ရင်
ပြန်ဖျက်ပစ်ချင်လို့လဲ ရပါတယ်၊ ဒါပေမဲ့ အကြောင်းလုံလောက်ဖို့တော့  အရေးကြိးပါတယ်၊ လူကြီးလူကောင်ဆန်ဆန် လုပ်ဖို့တော့ အရေးကြီးပါတယ်
အခုဟာက ဘုန်းကြီးတို့က ဒီမက်စေ့ ပေးနိုင်တယ် ဆို၇င် ဒီလက်ခံမှုတွေကို
လဲ ပြန်စဉ်းစားရပါလိမ့်မယ်လို့ ပြောရင်လဲ ရပါတယ်။
No comments:
Post a Comment