Thursday, November 22, 2012

တလလောက် တိမ်မြုပ်နေသော လက်နက်ကိုင်အုပ်စုတို့၏ (လူသတ်) လူအခွင့်အရေး ချိုးဖောက်မှု တစ်စိတ်တစ်ဒေသ



ကချင်ပြည်နယ် ၊ဒေါ့ဖုန်းယန်မြို့နယ် ၀ိုင်းမော်နှင့် ဗန်းမော်ကားလမ်းဘေး ငှက်ပျောခြံလုပ်ကိုင်နေကြသော တိုင်းရင်းသားပေါင်းစုံတို့အား (KIO/KIA)လက်နက်ကိုင်အုပ်စုက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ဒုက္ခသည်အမည်ခံခိုင်းကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ခိုင်းလေ့ရှိပါည်။

ဒုက္ခသည်စခန်း၌ ယင်းတို့၏ အမိန့် မလိုက်နာသူများ မနာခံသ

ူများ၊ ယင်းတို့ သံသယရှိသူများကို အချိန်မရွေး အခါမရွေး ဒုက္ခသည် စခန်းသို့ ၀င်ရောက်မွေနောက်ကာ ဖမ်းဆီး ခေါ်ဆောင် နှိပ်စက် သတ်ဖြတ်လေ့ရှိပါသည်။

ယင်းတို့ သတ်ဖြတ်ခံကြရသည့် ဂျာယန်ရွာ ဒုက္ခသည်စခန်းတွင် တိုင်းရင်းသား ငှက်ပျောခြံလုပ်သူများ အမျိုးသား၊ အမျိုးသမီး (၆၅)ယောက်ခန့်နှင့် ပန်းတောင်ရွာ ဒုက္ခသည် စခန်းတွင် အမျိုးသား၊ အမျိုးသမီး (၅၅)ယောက်ခန့် တို့အား စစ်ဆေးမေးမြန်းခြင်း မရှိ ရက်စက်စွာ နှိပ်စက်ညှင်းပမ်း၍ သတ်ဖြတ်ထားခဲ့ကြသည်။

ခါ့ဦးကျေးရွာတွင်လည်း ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်း၏ ကပ္ပိယလည်းဖြစ် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သော သူနှင့်၊ ကျေးရွာ သားဖွားဆရာမ ဒေါ်လုဂေါင်၊ ၄င်း၏အမျိုးသား၊ ယင်းတို့၏သား (၁၈)နှစ်အရွယ်သားတစ်ယောက်၊ ခေါက်စန့်ရွာသား စိန်တလုံး စသည့် (၅)ဦးတို့အားလည်း ၁၃၇၄-ခုနှစ်၊ တော်သလင်းလ္ဆန်း(၅)ရက်၊ ညသန်းခေါင်(၁၂း၀၀)နာရီ အချိန်တွင် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ရွာအပြင်ဘက်တွင် ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှင်းပမ်း၍ ရုပ်ပျက်ဆင်းပျက် ကြည့်ရှုမကောင်းအောင် သတ်ဖြတ်ထားခဲ့ကြသည်။
ခါ့ဦးကျေးရွာ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်အားလည်း တပ်မတော်အား သတင်းပေးသူဟု စွပ်စွဲကာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် မိမိ၏ ဗုဒ္ဓဘာသာ သာသနာအရေး ဆောင်ရွက်ခွင့်မရပဲ ရှောင်တိမ်းနေခဲ့ရပါသည်။
ခါ့ဦးကျေးရွာ၊ ဂျာယန်ကျေးရွာနှင့် ပန်းတောင်းရွာများ၌ လှုပ်ရှားနေသော ကေအိုင်အေများအား ထောက်ပံ့ကူညီနေသူများမှာ မြစ်ကြီးနားမြို့နေ ဦးအေးဖေနှင့်ဇနီး ဒေါ်မနှင်း(ရှမ်းတရုတ်လူမျိုး-အစ္စလာမ်ဘာသာဝင်) ဇနီမောင်နှံတို့ အဓိကဖြစ်ကြောင်း သတင်းသိရသည်။

မှတ်ချက်။ ။အမည်မဖော်လိုသူ ဒေသခံမှ သတင်းပေးပို့ပါသည်။

No comments:

Post a Comment