![]() |
ဘုရားရှင်ကိုယ်တော်မြတ်ကြီး တာဝတိံသာမှ ကြွချီတော်မူလာပုံ |
facebook friend တစ်ဦးက သီတင်းကျွတ်အကြောင်းလေး ရေးတင်ပေးပါလို့ တောင်းဆိုတာနဲ့ လက်လှမ်းမှီသမျှ ရေးသားတင်ပြပေးလိုက်ပါသည်။
သီတင်းကျွတ် မီးထွန်းပွဲတော် အထိမ်းအမှတ်နှင့် အစဉ်အလာသည် ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှု ထုံးတမ်
းအစဉ်အလာ ပြယုဂ်တစ်ခု ဖြစ်ပါသည်။
မျက်မှောက်ခေတ် သီတင်းကျွတ် အခါသမယမှာ လက်တွေ့ကျင့်သုံးနေမှု အနေနဲ့ ၀ါတွင်း(၃)လ သမယမှာ သံဃာတော်များ တစ်နေရာတည်း/တစ်ကျောင်းတည်း/တစ်တိုက်တည်း၌
သီတင်းသုံးနေထိုင်ရပြီး သီတင်းကျွတ်သည်နှင့် မိမိတို့လိုရာခရီးသို့ ၀ိနည်းဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ၀ါပန်စရာ မလိုတော့ဘဲ လွတ်လပ်စွာ ခရီးသွားလာနိုင်ခြင်း၊ လူပုဂ္ဂိုလ်တို့အနေဖြင့်လည်း ၀ါတွင်း (၃)လ မှာ လက်ထက်ထိမ်းမြားခြင်း မပြုလုပ်ကောင်း သီတင်းကျွတ်သည်နှင့် ချစ်သူမောင်နှံတို့ လက်ထက်ထိမ်းမြှား မင်္ဂလာပွဲများ လွတ်လပ်စွာ ပြုလုပ်နိုင်သည်/ ပြုလုပ်ကောင်းသည်ဟု ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အများစု ယူဆလက်ခံဖြင့် ကျင့်သုံးနေလျက် ရှိပါသည်။
သီးတင်းကျွတ်ကို ပေါ်လွင်စေသည့် သင်္ကေတတစ်ခုအနေနဲ့ ဘုရား စေတီ ပုထိုး စောင်းတန်းများနှင့် နေအိမ်များတွင် ဆီမီး လျှပ်စစ်မီးတို့ဖြင့် ပူဇော် ချိတ်စွဲခြင်း၊ ပီးအုံများ လွတ်တင်ပူဇော်ခြင်းတို့ကို ရှေးယခင်က တုသိတာနတ်ပြည်မှ သက်ဆင်းတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ လူပြည်သို့ အပြန်ခရီးကို ရည်းမှန်းပူဇော် ကြိုဆိုခြင်း၊ တာဝတိံသာနတ်ပြည်`၌ ရှိသော စူဠာမဏိစေတီကို ရည်မှန်းပူဇော် လွတ်တင်ခြင်းတို့ဖြင့် ပူဇော်ကျင်းပလာခဲ့ရာ ယနေ့ခေတ်မှာတော့ ထိုသို့ နှလုံးသွင်းခြင်းသည် နက်နက်ရှိုင်းရှိုင်း မရှိတော့ဘဲ မှုန်ဝါးဝါးသာ ရှိတော့ပါသည်။ နောက်ထပ် အနှစ်သာရှိသော ယဉ်ကျေးမှုတစ်ခုအနေဖြင့် လူကြီးသူမ/ဆရာမ တို့ကို ရှိခိုးကန်တော့ခြင်း၊ တိရစ္ဆာန်တို့အား ဘေးမဲ့ဘေးခြင်းတို့ကို ပြုလုပ်ကြပါသည်။ သီတင်းလပြည့် အဘိဓမ္မာအခါတော်နေ့ကို နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားရာ အများပြည်သူလုထု၏
အခါကြီးရက်ရှည် အားလက်ရက်ဖြစ်သည်နှင့်အညီ သီတင်းကျွတ်အခါသမယမှာ ကြိုတင်၍ ဗျောက်အိုးများ ဖောက်ခြင်း၊ မီးရှုး/မီးပန်းများအလှကို ရင်ခုန်ခံစားခြင်း၊ ပျော်ပွဲရွှင်ပွဲများ
ပြုလုပ်စီစဉ်ခြင်းတို့ကသာ လူငယ်တို့အားသန်ရာသို့ နေရာယူ ဆွဲခေါ်လာခဲ့ကြပါသည်။
သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြန်မာနိုင်ငံမှာ ပုဂံခေတ်ကစတင်ပြီး ကျင်းပလာခဲ့ကြတယ်လို့ ပညာရှင်တွေက ယူဆကြပါသည်။ သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်ကို BC-582၊ လွန်ခဲ့သော ၂၅၉၄ နှစ်လောက်က မြတ်ဗုဒ္ဓအဖြစ်၏ (၄၅)နှစ်တာ ကာလအတွင်း သမိုင်းမှတ်တိုင်
တစ်ခုဖြစ်တဲ့ တုသိတာနတ်ပြည်မှာ မယ်တော်မိ သန္တုဿိတ နတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ၀ါတွင်း(၃)လ ကာလ အဘိဓမ္မာတရားတော်များကို မရပ်မနား ဟောကြားတော်မူပြီး (သင်္ကဿနဂို) လူပြည်သို့ စောင်းတန်းသုံးသွယ်ဖြင့် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် သက်ဆင်းတော်မူလာသောကြောင့် လူ့ပြည်မှ ပန်း ဆီမီးတို့ဖြင့် ပူဇော်ကြိုဆိုကြခြင်းကို အစွဲပြုပြီး ကျင်းပလာခဲ့ကြတာ ဖြစ်ပါသည်။
ထိုသို့ တုသိတာ နတ်ပြည်မှ လူပြည်သို့ သက်ဆင်းတော်မူခြင်းသည် ဘုရားဖြစ်တော်မူပြီး (၇-၀ါ) ရ ခုနှစ်မြောက်တွင် ဖြစ်ပြီး သံဃာတ်ေများ ၀ါတွင်းသုံးလ ကာလ ၀ါဆိုဝါကပ်ဖို့ ၀ိနည်းဥပဒေတစ်ရပ်
ထုတ်ပြန်တော်မူခြင်းသည် ဘုရားဖြစ်တော်မူပြီး အနှစ်(၂၀) ကျော်လောက်မှဖြစ်သောကြောင့် သီတင်းကျွတ် မီးထွန်းပူဇော်ပွဲသည် ဘု၇ားရှင်အား ပူဇော်ခြင်းနှင့် သံဃာတော်များ ၀ါလကင်းလွတ် သီတင်းကျွတ်ခြင်းနှင့် တိုက်ဆိုင် အကျုံးဝင်သွားခြင်းလည်း ဖြစ်နိုင်ပါသည်၊ ၀ါတွင်းကာလမှာ လက်ထပ် ထိမ်းမြှားခြင်း မပြုလုပ်ရ/မပြုလုပ်ကောင်းဟု ဘုရားဟော ဒေသနာတော်တွေမှာ တိုက်ရိုက်ဟောကြား ညွှန်ပြထားတာမျိုးတော့ မတွေ့ဘူးသေးပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အယူအဆတစ်ခုသာ ဖြစ်နိုင်ပါတယ်လို့ သုံးသပ်ရင်း
သီးတင်းကျွတ်အခါသမအကြောင်းကို လက်လှမ်းမီသမျှ ရေးသားတင်ပြလိုက်ပါသည်။

No comments:
Post a Comment