![]() |
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ရွှေကျင်နေကြသည့် နေရာတခု |
၁.၁၁.၂၀၁၂ ရက်နေ့ည (၁၂)နာရီခန့်အချိန်
ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်၊ မလိယန်၏တဘက်ကမ်း၊ မေခမြစ်ဘေး၊
အော်ဒါရွှေမှော်တွင် အနယ်နယ်အရပ်ရပ်မ
ှ လာ၍ ရွှေကျင်လုပ်ကိုင်နေကြ
သော အမျိုးသမီး (၃)ဦးအပါအ၀င် ရွှေကျင်အလုပ်သမား (၈၀)ခန့်ကို ရင်းလေး (KIA)တပ်မှ ၀င်ရောက်ဖမ်းဆီးကာ ကြိုးတန်းစီတုတ်၍ ခေါ်ဆောင်
သွားခဲ့ပါသည်။
ဖမ်းဆီးခေါ်ဆောင်ပြီး နောက်တစ်နေ့ (၂)ရက်နေ့တွင် အော်ဒါ ရွှေမှော်
မှ လောပန်း(၁၀)ဦးအနက် ကချင်လူမျိုးမဟုတ်သော လောပန်း(၉)ဦးသည်
ညှိနှိုင်းတိုင်ပင်၍ မိမိတို့ အလုပ်သမားများကို ပြန်လည်ရွေးထုတ်ခဲ့ရာ အသက်အရွယ်ကြီးသူများနှင့် တချို့တ၀က်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အမျိုးသမီး (၃)ဦးအနက် အသက်(၂၀)အရွယ် မမိုးခိုင်အပါအ၀င် အသက်
(၁၈)နှစ် ၀န်းကျင် လူငယ် (၂၁)ဦး ကျန်ရစ်ခဲ့တယ်လို့ ပြန်လည်လွတ်မြောက်
လာသူများမှ ပြောပြချက်အရ သိရှိရပါသည်။ အသက်(၁၈)နှစ်အရွယ် မမိုးခိုင်
မှာ မသင်္ကာစရာ ကျန်းမာရေး အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ရခိုင်ပြည်
နယ်သား တစ်ဦးမှာ သေနတ်သံ (၃)ချက်နှင့်အတူ မြစ်ထဲသို့ ခုန်/ကျ သွားခဲ့
တယ်လို့ သိရပါတယ်။ ကျန်ရစ်ခဲ့သူများမှာ ထမင်းနှင့်ဆားကို ဖက်ရွက်ထဲ
ထည့်ကာ နေ့စဉ်စားသုံးနေရပြီး စစ်ကေဆံပင်ပုံ ညှပ်ပစ်လိုက်သည့်အတွက်
ကြောင့် (KIA) စစ်သားသစ် စုဆောင်းခံရပုံ ရနိုင်ပါသည်။ ဧရာဝတီမြစ်ဖျားဆီ
က နောက်ဆုံးသိရှိထားရသလောက် ကျန်ရစ်ခဲ့သည့် လူငယ်များကို (KIA) တပ်မဟာ(၄)တွင် စစ်သင်တန်းများ ပို့ချပေးနေသည်ဟု စုံစမ်း သိရှိထားရပါသည်။

No comments:
Post a Comment