![]() |
လက်ပတောင်းတောင် သပိတ်စခန်းမှ သံဃာတော်များ |
မြန်မာနိုင်ငံ၏ ဘာသာရေးမှာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့သည့် သာသနိက အဆောက်အဦးများ မပျက်စီးစေရန် ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး
ဆားလင်းကြီးမြို့နယ် လက
်ပန်းတောင်းတောင်မှာ သပိတ်စခန်းဖွင့်လှစ်ပြီး
အမျိုးဘာသာ သာသနာနှင့် အမိမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်ရန်နှင့်
လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ရန် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မစိုးရိမ်တိုက်မကြီးနှင့် အခြား သံဃာတော်
(၃၀၀)ခန့်လောက်တို့သည် (၁၈.၁၁.၂၀၁၂)နေ့တွင် ဒိုင်နာကား (၅)စီးဖြင့်
ပင်ပင်ပန်းပန်း ကြွရောက်တော်မူခဲ့ကြပါသည်။
လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့သည့် သာသနိက အဆောက်အဦးများ မပျက်စီးစေရန် သမ္မတကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကထံသို့လည်း မေတ္တာရပ်ခံ ကူညီတောင်းပန်စာ ပို့/လျှောက်ထားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ (၂၈)ရက်နေ့ မနေ့ညက သံဃာတော်များနှင့် အများပြည်သူ လုထုကို နိုင်ငံတော်အစိုးရက မီးလောင်ဗုံးများနှင့် နိမ်နှင်းခဲ့ပါတယ်။ ထိုအခြေအနေများကို လက်တလောဖြေရှင်းရန် အောက်ပါ
အသိပေး/ပန်ကြား/အလှူခံခြင်းများကို မန္တလေးမြို့ သံဃာတော်များ အားထုတ်တော်မူလျက်ရှိပါသည်။
အသိပေး/ပန်ကြား/အလှူခံအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား....
၁၃၇၄-ခု တန်ဆောင်မုန်းလပြည့်၊ (၂၈.၁၁.၂၀၁၂)နေ့ စစ်ကိုင်တိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းတောင်၌ အမျိုးဘာသာ/သာသနာအတွက် ဆောင်ရွက်နေကြသော သံဃာတော်အပေါင်းတို့ကို အာဏာပိုင်တို့က မီးလောင်ဗုံးများ ပစ်ပြီး နှိမ်နှင်းခဲ့သည့်အတွက် သံဃာတော်တို့ သီတင်းသုံးနေထိုင်သည့် နေရများ မီးလောင်ပျက်စီးသွားခြင်း၊ ၀တ်ရုံသုံးဆောင်သည့် သင်္ကန်းများ မီးလောင်ပျက်စီးသွားခြင်း၊
သံဃာတော်များ မီးလောင်ဒဏ်ရာရရှိပြီး ဆေးရုံတို့၌တင်ထားရခြင်းတို့ကြောင့် သံဃာတော်များအနေဖြင့် ၀ိုင်းဝန်းကူညီနိုင်ရန် သင်္ကန်း၊ထီး၊ဖိနပ်၊
ဆေးဖိုးဝတ္ထုတို့ကို မိမိတို့စေတနာ၊သဒ္ဓါတရားပေါ်ပေါက်သည့်အားလျော်စွာ
လှူဒါန်းတော်မူကြပါရန် လျှောက်ထား/ပန်ကြားအပ်ပါသည် သံဃာတော်အရှင်သူမြတ်အပေါင်းနှင့် ဒကာ/ဒကာများ
အလှူခံပစ္စည်း လက်ခံရာဌာန
နိရုတ္တိနယူပဒေသကျောင်း
မစိုးရိမ်တိုက်၊မန္တလေးမြို့

အများပြည်သူရဟန်းရှင်လူ၏ ဆန္ဒကို မျက်ကွယ်ပြု၍ တရုတ်စီးပွားရေး ဘီလူးများကြောင့် ဖြစ်ပေါ်လာသည့် အစွန်အဖျား နေရာဒေသတစ်ချို့ |
![]() |
အများပြည်သူ ရဟန်းရှင်လူတို့၏ သပိတ်စခန်းများ |

အများပြည်သူ ရဟန်းရှင်လူတို့၏ ဆန္ဒကို မျက်ကွယ်ပြု၍ လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းဖက်စက် လုပ်ကိုင်နေသော တရုတ် ၀မ်ဘောင်ကုမ္ပဏီ |
No comments:
Post a Comment