![]() |
မီးလောင်ဗုံး ထိမှန်ခံရသော သံဃာတော်(၁)ပါး |
သည် (၁၈.၁၁.၂၀၁၂)နေ့ည (၉)နာရီတွင် မန္တလေးမြို့မှ စတင်ထွက်ခွါ၍
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းတောင်
ကျော်ရွာဂိတ်၊ ပင်မဂိတ် သပိတ်စခန်းအပါဝင် သပိတ်စခန်း (၆)ခုသို့ (၁၉.၁၁.၂၀၁၂) မနက်
(၂)နာရီခန့်တွင် ရောက်ရှိခဲ့ကြပါသည်။
လက်ပတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်၍ သပိတ်စခန်း(၆)
ခုတွင် သံဃာတော်များသည် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်
တော်မူကြရင်း (၂၈.၁၁.၂၀၁၂)နေ့ ညဦးပိုင်းတွင် အာဏာပိုင်များမှ သွေးတိုး
စမ်းမှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့မနက် (၃)နာရီ ၂၉.၁၁.၂၀၁၂-နေ့တွင်
အာဏာပိုင်များသည်
''အရှင်ဘုရားတို့ နောက်ဆုပ်ပါ၊ အရှင်ဘုရားတို့သည်
တရားမ၀င်ဆူပူမှုများကို ပြုလုပ်နေပါသည်'' ဆိုပြီး နောက်ဆုပ် ဖယ်ပေးခိုင်း
ပါသည်။
သံဃာတော်များသည် နောက်မဆုပ်ပဲ ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ် နေခဲ့ရင်းမှ အာဏာပိုင်များ ရောက်ရှိလာခဲ့ပြီး မီးသတ်
ပိုက်များဖြင့် သပိတ်စခန်းများနှင့် သံဃာတော်များ၏ မျက်နှာများကို ထိုးပတ်
ဖြိုးခွင်းခဲ့ပြီး မီးလောင်ဗုံများဖြင့် ထပ်မံပစ်ပေါက် ဖြိုခွင်းနှိမ်နှင်းခဲ့သော
ကြောင့် သပိတ်စခန်းအားလုံး မီးလောင်ပျက်စီးခဲ့ပါသည်။
ကျော်ရွာသပိတ်စခန်းမှ သံဃာတော်(၂)ပါး အပြင်းအထန်ဒဏ်
ရာရပြီး အများအပြား ထိခိုက်ဒဏ်ရာရချိန် ဖုန်းများဖြင့် ချိတ်ဆက်စုစည်းဖို့
ကြိုးခဲ့ရာ ဖုန်းလိုင်းများပါ ဖြတ်တောက်ခံခဲ့၇ပါသည်။
ကျော်ရွာ သပိတ်စခန်းမှ အာဏာပိုင်များ ခေါင်းဆောင်ဟု ထင်မြင်ယူဆ
သည့် သံဃာတော်(၁)ပါးနှင့် ပင်မဂိတ်စခန်းမှ ကျော်ရွာဂိတ်သို့ ထွက်ပြေး
လာသည့် သံဃာတော် (၃)ပါးအနက် (၂) အဖမ်းခံခဲ့ရပါသည်။
သံဃာတော်များသည် အာဏာပိုင်များ၏ အာဏာရှင်ဆန်သည့် လုပ်ရက်
များကို ရွတ်ဆိုပြလျက် ဦးချတောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး အချင်းအချင်း ဖေးမ/ကူညီ/ ထမ်းဆောင်/သယ်ရွက်ကာ ကျော်ရွာအတွင်းသို့
ပြန်လည်ဝင်ရောက်ခဲ့ရာ နာရီဝက်လောက် အကြာမှာတော့ အာဏာပိုများသည် ရွာထဲရောက်ရောင် သံဃာတော်များကို မိုးလင်းသည်ထိ
လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပါသည်။
သံဃာတော်များသည် မိုးလင်းသည်ထိ ရွာတွင်းမှာ ပုန်းအောင်နေခဲ့ရပြီး
ရွာခံများမှ ထိခိုက်ဒဏ်ရာရ သံဃာတော်များကို ဆေးတွေ လုပ်ပေးခဲ့ရာ
မိုးလင်းအချိန်မှာတော့ လူမှုကူညီရေး အသင်းများ ရောက်ရှိလာခဲ့ကာ ရွာခံ
ဒကာ/မများနှင့်အတူ ဆေးရုံများသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ကျော်ရွာဂိတ် သပိတ်စခန်းတွင် သံဃာတော် အပါး(၅၀) ရှိပြီး (၂)ပါး အပြင်းအထန် ဒဏ်ရာရကာ အများအပြား ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပါသည်။
(၁)ပါး အဖမ်းအဆီး ခံခဲ့ရပြီး ကျော်ရွာသပိတ်စခန်းမှ (၅)ပါးသာ ထိခိုက်ဒဏ်
ရာရမှု မရှိဘဲ ပြန်ရောက်လာခဲ့ပါသည်။
ထိုသံဃာတော်(၅)ပါးထဲမှ သံဃာတော် (၁)ပါး၏ ပြောပြချက်အရ
သပိတ်စခန်း အားလုံးမှာ စုစုပေါင်း သံဃာ (၃၀၀)ခန့်ရှိပြီး (၁၀)ပါးကျော်
အပြင်းအထန် ဒဏ်ရာရ၊(၅၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ သပိတ်စခန်းအား
လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အမေရိကန်အပါအ၀င် နိုင်ငံတကာ
က လက်ခံနေချိန်၊ နာမည်ကောင်းရနေသော နိုင်ငံတော်သမ္မတကြီး၏
အတိတ်က အရေးအခင်းများကို ဆိုးရွားစွာ နှိမ်နှင်းခဲ့သည်ကို ထင်ဟက်သည့် ယခုလုပ်ရက်သည် လုံးဝမဖြစ်သင့်ကြောင်းနှင့် ပြန်လည်
ဆင်ခြင် သုံးသပ်ဖို့ လိုကြောင်းတင်ပြလိုက်ရပါသည်။

No comments:
Post a Comment