Saturday, December 1, 2012

လက်ပတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပက်သက်၍ ထုတ်ပြန်ကြေငြာချက်


လက်ပတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများ၊ သံဃာတော်များ
နှင့် ပြည်သူလုထုကို ဖြိုခွဲဖျက်စီးခဲ့ခြင်းနှင့်ပက်သက်၍

ယနေ့(၃၀.၁၁.၂၀၁၂)နေ့ နေ့လည်(၁)ရီမှ (၂)နာရိခွဲထိ မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းအတွင်းမှာ ရာချီသော သံဃာတော်များသည်
အောက်ပါ

ကြေငြာချက်များနှင့် အတူ (၅)ရက်တိုင်တိုင် ထိုင်သပိတ်အနေဖြင့်
ဆန္ဒထုတ်ဖေါ်သွားမည်ဟု သိရပါသည်။

သံဃာတော်များ၏ တောင်းဆိုမှုကြောင့် လက်ပတောင်းတောင် သပိတ်စခန်းမှ ဖမ်းဆီးသွားခဲ့သော သံဃာတော်(၇)ပါးကို ပြန်လွတ်ပေးခဲ့
တယ်လို့လည်း ထပ်မံ သိခဲ့ရပါတယ်။

။လက်ပတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက်
ဖြိုခွဲ ဖျက်စီးခြင်းအပေါ်အထက်မြန်မာပြည် သံဃာတော်များ၏ သဘောထား
ထုတ်ပြန် ကြေငြာချက်။ ။

(၁) လက်ပတောင်းတောင်ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာ
လ (၂၉)ရက်နေ့ နံနက်(၃း၀၀)အချိန်မှစတင်၍ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်
ယိုဗုံးများ၊ မီးလောင်ဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြု၍ ဖြိုခွဲဖျက်စီးခဲ့သည်။

(၂)ထိုသို့ ဖြိုခွဲဖျက်စီးမှုကြောင့် သံဃာတော်များနှင့်ပြည်သူအများအပြား ထိခိုက်ဒဏ်ရာ ရခြင်း (အချို့ ပြင်းပြင်းထန်ထန်)၊ အဖမ်းအဆီးခံရခြင်းများ
ရှိခဲ့သည်၊

(၃) ယခုလုပ်ရက်သည် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပထမဦးဆုံး
ကြေငြာခဲ့သော ကောင်းမွန်သော အစိုးရ သန့်ရှင်းသော အစိုးရဆိုသည့်
မိန့်ခွန်းကိုလည်းကောင်း၊ လွှတ်တော်မှ ဆုံးဖြတ်ထားသော လက်ပတောင်း
တောင်ကြေးနိစီမံကိန်းနှင့်ပက်သက်၍ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန်ဟူ
သည့် အချက်ကိုလည်းကောင်း လုံးဝဥပေက္ခာပြု စော်ကားကျူးလွန်ရာရောက်သည်။

(၄) ၄င်းအပြင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပါသည် ဆိုသော အစိုး
ရတစ်ရပ်အနေဖြင့် အတိတ်က စစ်အာဏာရှင်အစိုးရများ လုပ်ဆောင်ခဲ့သလို
နောက်ကြောင်းပြန် လုပ်ဆောင်ချက်သဘောမျိုး သက်ရောက်နေသည်ဟု
ထင်မြင်သည်။

(၅) သိုပါ၍ အထက်မြန်မာပြည် သံဃာတော်များမှ အောက်ပါအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်တောင်းဆိုလိုက်သည်။

(က) လက်ပတောင်းတောင်တွင် သံဃာတော်များနှင့် ပြည်သူများအပေါ် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်နှိမ်နှင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကို
အပြင်းအထန် ရှုတ်ချသည်။

(ခ) အဖမ်းအဆီးခံသံဃာတော်များကို အမြန်ဆုံး ပြန်လွတ်ပေးရမည်။

(ဂ) ယခုအဖြစ်အပျက်နှင့် ပက်သက်၍ တာဝန်ရှိသူ အစိုးရမှ သံဃာတော်များ
နှင့် ပြည်သူများ ကျေနပ်သည်အထိ ပွင့်လင်းမြင်သာမှု ရှိရှိ တာဝန်ယူ ဖြေရှင်း
ပေးရမည်။

အထက်မြန်မာပြည် သံဃာတော်များ
ထုတ်ပြန်ကြေငြာချက် စာရွက်

ဝီရသူနှင့် ဂဠုန်နီဦးကာဝိယ ဦးဆောင်သော သံဃာတော်များ

မန္တလေးမြု့ အိမ်တော်ရာ ဘုရားဝင်းအတွင်းမှာ လက်ပတောင်းတောင် သပိတ်စခန်းများနှင့် သံဃာတော်များအား ဖြိုခွင်းဖျက်ဆီးနှိမ်နှင်း ခံခဲ့ရသည်နှင့် ပက်သက်၍ ထိုင်သပိတ် စုဝေးဆန္ဒပြ
သံဃာတော်များ

(၂၉)ရက်နေ့ မနက်(၃း၀၀)နာရီ
လက်ပတောင်းတောင် သပိတ်စခန်းများနှင့် သံဃာတော်များအား ဖြိုခွင်းဖျက်ဆီးနှိမ်နှင်းပြီး
အာဏာပိုင်များမှ ဖမ်းဆီးခေါ်ဆောင်/ ပြန်လွှတ်ပေးခဲ့သော သံဃာတော်(၇)ပါးအနက်မှ
သံဃာတော်တစ်ပါး
 

No comments:

Post a Comment