![]() |
လူမျိုး/ဘာသာ ခွဲခြားမှုကြောင့် ရှေ့တန်းထွက်စဉ် အလင်းဝင်ရောက်လာသော စစ်သားတချို့ |
၂၀၁၂-ခုနှစ်၊ နိုဝင်ဘာ လဆန်းပိုင်းအတွင်းက ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ အင်ဂျန်းယန်မြို့
နယ်- ဧရဝတီမြစ်ကြောင်းတလျှောက် ရွှေမော်များမှ ဖမ်းဆီးခေါ်ဆော
င်ခဲ့သော ရွှေကျင်အလုပ်
သမား အများအပြားအနက် အသက်(၂၀)အရွယ် လူငယ်များကို KIA တပ်မဟာ(၁)တွင် စစ်သင်
တန်းများ အတင်းအကျပ် ပေးနေလျက်ရှိရာ ယနေ့ (၃.၁၂.၂၀၁၂) နေ့တွင် (၂) ပတ်ကျော်ခန့်
ရှိသွားပြီဖြစ်ပါသည်။
စစ်သင်တန်းတစ်ခုကို ရက်(၄၀)ခန့်လောက် ပေးတာဖြစ်ပြီး စစ်သင်တန်း တသုတ်လျှင် လူ
ဦးရေး (၁၈၀)ခန့် ရှိခန့် ရှိတယ်လို့လည်း KIA တပ်မဟာ(၁)နှင့်နီးစပ်သော သူများမှတဆင့် သိထား
ရပါတယ်။ ယခုစစ်သင်တန်းပေးနေသော လူငယ်(၁၈၀)ကို ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ
KIA နှင့် တပ်မတော် ထိန်းချုပ်/ဖြန့်ကျန့်ရာ နယ်မြေများမှ ညသန်ခေါင်အချိန် ၀င်ရောက်ဖမ်းဆီး
ခဲ့တာဖြစ်ပြီး မဗာနှင့် ရခိုင်လူမျိုး အများအပြား ပါဝင်တယ်လို့လည်း သိထားရပါတယ်။
အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေသော ရွှေမှော်များမှ ရွှေကျင်အလုပ်သမား
များကို ဖမ်းဆီးခေါ်ဆောင်ရာတွင် ၄င်းရွှေမော်များရှိ ကချင်လူမျိုး လောပန်းတချို့ ပါဝင်ပက်သက်မှု
ရှိနေပြီး၊ တချို့- KIA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်မှု ရှိသလို/ တချို့- KIA ထိပ်ပိုင်းခေါင်း
ဆောင်များနှင့် ဆွေးမျိုးတော်စပ်သူတွေလည်း ရှိပါတယ်။
အတည်ပြု၍ မရသေးသော သံသယဖြစ်ဖွယ် အချက်အလက်များအရ ရွှေမှော်များရှိ ကချင်
လောပန်း တချို့ကိုယ်တိုင် KIA အရာရှိများ ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေပါ
သည်။ KIA စစ်သားသစ် ဖမ်းဆီးခေါ်ဆောင်ခံရသူများသည် တပ်မတော် ထိန်းချုပ်/ဖြန့်ကျန့်ရာ နယ်မြေများအတွင်းမှ ပါဝင်သော်လည်း သမ္မတက စတင် တိုက်ခိုက်ပစ်ခတ်ခွင့် အမိန့်မပေးထား
သည့်အတွက်ကြောင့် နယ်မြေလူထုကို အကာအကွယ်ပေးရာတွင် အခက်အခဲများ ရှိနေသည်ဟု
လည်း တပ်ရင်းမှူးတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

No comments:
Post a Comment