![]() |
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှ ရွှေမော်များ |
ကချင်ပြည်နယ်၊ ဧရာဝတီ၊ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ
ရွှေမော်များကို ပစ်မှတ်ထား၍
ရာထောင်ချီသော ရွှေကျင်လုပ်သားများကို
KIA မှ ဖမ်းဆီးခေါ်ဆောင်နေလျက်ရှိရာ နိုဝင်ဘာ လဆန်းပိုင်းမှ စ၍ (၄.၁၂.၂၀၁၂) နေ့ထိ ရရှိခဲ့သော သတင်းများအရ kIA,KIO တပ်စုတပ်ဖွဲ့များ
သည် တနိုင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမော်များမှ ရွှေ
ကျင်လုပ်သား အများအပြားကို ပတ်စိတ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ပြီး
ဖမ်းဆီးခံရသော ရွှေကျင်အလုပ်သမားများအနက် တုံမဏီရွှေမော်မှ လူဦးရေ
(၅၀)ကျော်ခန့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ၄င်းရွှေမော်မှ နည်းအမျိုးမျိုးဖြင့် ထွက်ပြေးလွတ်မြောက်လာသူ လူငယ်တစ်ဦးထံမှ သိရပါသည်။
၎င်းရွှေမော်မှ ရွှေကျင်စက်ဆိုင်းများသည် (၆)လုံးထိုး ရွှေကျင်စက်ဆိုင်း (၁)ခု
ကို (၁)လလျှင် ကျပ် (၇)သိန်းခန့် စက်ကြေးပေးဆောင်နေရတာလည်းဖြစ်ပါ
သည်။ ထိုသို့ စက်ကြေးပေးဆောင်ပြီး လုပ်ကိုင်နေရသော်လည်း မထင်ရင်
မထင်သလို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေသောကြောင့် လူငယ်အများစုသည် အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ မရဘဲ
ကစဥ့်ကလျား အဖြစ်နဲ့ အများအပြား ပြန်ပြေးလာခဲ့ကြတာလဲ ဖြစ်ပါတယ်။
စက်ကြေးများ ပေးဆောင်နေရသည့်အပြင် စုဆောင်းဖမ်းဆီးခံရခြင်း၊ လက်သီးထိုး၊ သေနတ်ထောက်၍ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊
လူထုကို ဒုက္ခပေးနေသကဲ့သို့ဖြစ်ခြင်းတို့ကြောင့် KIO,KIA ၏ လုပ်ရက်များကို
မကျေနပ်မှုများ များပြားလာနေပြီး ထွက်ပြေးတိမ်းရှောင်လာသူ ၄င်းလူငယ်
တစ်ဦးသည် KIA၏ လုပ်ရက်သည် လုံးဝမကောင်းဘူးဟု ဧရာဝတီမြစ်ဖျားဆီ
က၏ ရှေ့မှာ ညီးတွား၍ တောက်တစ်ချက် ခေါက်သွားခဲ့ပါသည်။

No comments:
Post a Comment