Sunday, December 16, 2012

လူမှုကူညီရေး အသင်းအဖွဲ့များသို့ ဒေသခံများမှ ရင်ဖွင့်ပေးစာ

တာလောကြီး ပြည်သူ့စစ်
------------
 ခေတ်မှီဖွံ့ဖြိုး တိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်
ဆီသို့ ဦးတည် ချီတက်နေသော အချိန်အခါတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား
မြို့နယ်၊ တာလောကြီးဒေသ ဒုက္ခသည်များ၏ ခံစားချက် သောကများ အနာဂါတ်ပျောက်ဆုံး၍ သေဘေး၊ စစ်ဘေး၊ ငတ်ဘေးမျိုးစုံ ရင်ဆိုင်ကြုံတွေ့
ရမှု။ အကူအညီမဲ့မှုများကို အောက်ပါအဖြစ်အပျက်များဖြင့် သိရှိခံစား နားလည်နိုင်စေရန် ရေးသားတင်ပြအပ်ပါသည်။

   အတွေးအခေါ်အယူအဆ ခံယူချက်ကွဲပြားခြားနားကာ တိုက်ပွဲများ ရင်ဆိုင်
နေသည့် KIAအဖွဲ့နှင့်  ဒေသလမ်းပန်းဆက်သွယ်ရေး လုံခြုံမှု ဆောင်ရွက်နေ
ကြသော တပ်မတော်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကချင်
ဒုက္ခသည်များနှင့် ဒေသခံရှမ်းဒုက္ခသည်များဟု အုပ်စုနှစ်စု ကွဲထွက်၍  အနာဂါတ်ပျောက်ဆုံးမှုများဖြင့် ရင်ဆိုင်နေကြရပါသည်။

   ကချင်လူမျိုးများသည်လည်း ကေအိုင်အေစစ်သား မလုပ်လိုသော်လည်း
၎င်းတို့၏ အမျိုးသားရေး၊ ပြည်နယ်သီးသန့် ရရှိရေး၊ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိ
ရေး၊ အတင်းအဓမ္မခေါ်ဆောင်ရေး၍ လက်နက်ဆွဲကိုင်တိုက်ခိုက်စေခဲ့ရာ နှစ်
ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

    အမျိုးသားယောက်ျားများက စားဝတ်နေရေး လယ်ယာမလုပ်ကြရပဲKIA စစ်သားများ ဖြစ်သွားကြရသည်။ ကျန်-ဇနီး သားသမီးများမှာ စားဝတ်နေရေး
အခက်အခဲများကြောင့် ထွက်ပြေးတိမ်းရှောင်ကာ ဒုက္ခများသည်စခန်းများဆီ
သို့ ခိုလုံနေကြရပါသည်။ လူမှုကူညီရေး အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ဘာသာရေး အသင်းအဖွဲ့များမှ ညှာတာထောက်ထားပြီး ကူညီပေးနေကြောင်း သိရသည်။

 တာလောကြီးဒေသရှိ ဒေသခံ ရှမ်းလူငယ်/လူရွယ်များသည် မိမိဒေသ၊
အိုးအိမ်ကို မစွန့်လွတ်နိုင်ဘဲ သမိုင်းပေးတာဝန်အရ မိမိတို့၏ ဒေသရပ်ရွာနှင့်
အမျိုးဘာသာ သာသနာ ဖျက်ဆီးသူဟူသမျှကို  တရားသောစစ်ဖြင့် ကာကွယ်
ရန် နိုင်ငံတော်မှ ယုံယုံကြည်ကြည်အပ်နှံသော လက်နက်များကို ကိုင်စွဲပြီး တပ်မတော်သားများနှင့် လက်တွဲကာ တာဝန်ထမ်းဆောင်ရွက်ကြရပါသည်။
ပြည်သူ့စစ် တာဝန်ထမ်းတို့၏ ဇနီးသားသမီးတို့သည် စားဝတ်နေရေး ဆင်းရဲ
ဒုက္ခအခက်အခဲများနှင့် မလွဲမသွေ ကြုံတွေ့နေကြရပါသည်။ မိမိတို့၏ ရပ်ရွာ
ကို စွန့်ခွာ၍ ဒုက္ခသည်စခန်းများသို့လည်း မသွားရောက်နိုင် မိမိတို့ လုပ်ကိုင်
စားသောက်နေသော လယ်ယာပတ်ဝန်းကျင် ရွာများတွင်လည်း ကေအိုင်အေ
ဘက်မှ မိုင်းများထောင်ထားသည့်အတွက် သွားးရောက်လုပ်ကိုင်ခြင်းမပြုနိုင်၊
အန္တရာယ်ကင်းရာ ရွာနီးဝန်ကျင် မိုးပြောင်းသီးနှံများ စိုက်ပျိုးခဲ့သော်လည်း
ဧရာဝတီမြစ်ရေ နှစ်မြုပ်ခဲ့သဖြင့် ပြောင်းဖူးမျိုးစေ့ဖိုးနှင့် ထွန်ယက်စိုက်ပျိုးစရိတ် အကြွေးများသာ တင်ကျန်ရစ်ခဲ့ပါသည်။

   အဆိုပါဒုက္ခများကြောင့် ကျေးရွာ၏ လုံခြုံရေးကို အသက်ပေး၍ ကာကွယ်
စောင့်ရှောက်သော ကျေးဇူးရှင်များဟူသော အသိဖြင့် ရွာသူ/ရွာသားများက
ပြည်သူ့စစ် ဇန်ီးသားသမီးများ စားဝတ်နေရေးကို ကူညီထောက်ပံ့ပေးကြပါ
သည်။ ကျေးရွာမှလည်း လစဉ် တစ်လလျှင် တစ်ယောက်ကျပ်(၁)သောင်း
နှုန်းဖြင့် ကူညီပံ့ပိုးမှုမှာလည်း တကယ်တမ်း မိသားစုအတွက် လုံလောက်မှု
မရှိပါ။ ထို့အပြင် ကျေးရွာမှ ပံ့ပိုးမှု ဆိုသည်မှာလည်း ရေရှည်လစဉ် ပံ့ပိုးမှုများ
သည် တစ်ချိန်ချိန်တွင် ငြိုငြင်မှုများ ဖြစ်လာနိုင်ပါသည်။ ပြည်သူ့စစ်သည်
ကျေးရွာအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေလိုပါ။ ငြိမ်းချမ်းရေး မရမချင်း
ကျေးရွာ၏ ရေရှည်လုံခြုံမှုမှာ ပြည်သူ့စစ်အဖွဲ့များ၏  ရေရှည်တည်တံ့ ရပ်တည် နိုင်ရေးအပေါ်တွင် မူတည်နေပါသည်။

  အကူအညီမဲ့နေချိန်တွင် အလိုအပ်ဆုံးအရာမှာ အကူအညီပင်ဖြစ်ပါသည်။
ထို့ကြောင့် မေတ္တာတရားဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများမှ လွဲ၍ မည်
သည့်အဖွဲ့အစည်းမှ အကူအညီမရနိုင်သဖြင့် လူမှုကူညီရေးအဖွဲ့များမှ အနည်း
မျှသော စိတ်ဓါတ်ရေးရာအရ ကူညီမှုငွေကြေးအားဖြင့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ပါက မျှောင့်လင့်လျက် ရှိနေပါကြောင်း လေး
စားစွာဖြင့် ရင်ဖွင့်အသိပေး တင်ပြအပ်ပါသည်။

ထောင်မွန်း
တာလောကြီး

No comments:

Post a Comment