Saturday, December 15, 2012

မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာ ပတ်ဝန်းကျင်မှ လူ(၂၀)ကျော်ခန့်ကို KIA မှ ဖမ်းဆီးခေါ်ဆောင်


၁၀၊၁၂၊၂၀၁၂

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးနှင့် (၅)မိုင်ခန့်ဝေးပြီး၊ စံကင်းကျေးရွာ
ဧရာဝတီမြစ်၏ မျက်စောင်းထိုး-တဘက်ကမ်း ဟိုကပ်ကျေးရွာ-စပါးရိတ်သိမ်းသည့် ရေလယ်ကွင်း
မှ လူ(၁၀)ယောက်နှင့် ရွှေကျင်သောင်-နေရာမှ လူ(၁၀)ယောက်ကျော်ခန့်ကို
KIA တပ်မဟာ(၁) လက်အောက်ခံ ကုလား ဘရန်ရှောင်ဟု လူသိများပြီး
၎င်းဦးဆောင်သည့် KIA တပ်မ
ှ တပ်ဖွဲ့တစ်ဖွဲ့သည် (၁၀.၁၂.၂၀၁၂)နေ့တွင်
ဖမ်းဆီးခေါ်ဆာင်သွားခဲ့ပါသည်။
အသက်ကြီးသူများနှင့် ပိုက်ဆံပေး ရွေးထုတ်သူများ တချို့ ပြန်လွတ်လာ
ခဲ့ပြီး လူငယ်(၆)ဦးကို ပြန်လွတ်မပေးပဲ ဆက်လက်ဖမ်းဆီးထားဆဲလည်းဖြစ်
တယ်လို့ အမည်မဖေါ်လိုသူ ဟိုကပ်ကျေးရွာ ဒေသခံတစ်ဦးမှ သတင်းပေးပို့
ထားပါသည်။ ဆက်လက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် သက်ဆိုင်ရာကို တိုင်ကြားအသိပေးသွားမယ်လို့လည်း သိထားရပါတယ်။

ပြန်လွှတ်မပေးဘဲ ဖမ်းဆီးထားသော လူငယ် (၆)ဦးမှာ-------------

(၁) မောင်မဲကျော် အသက်(၁၅)နှစ်၊ အဖ-ဦးဟံသိန်း
(၂) မောင်လှမျိုး အသက်(၁၄)နှစ်၊ အဖ-ဦးသောင်းဦး
(၃) မအေးခိုင်စိုး အသက်(၁၅)နှစ်၊ အဖ-ဦးဟန်စိန်
(၄) မောင်ကျော်မင်းဦး ။ (၁၃)နှစ်၊ အဖ-ဦးမောင်ဌေး
(၅) မောာင်ငမိုး ။ (၁၇)နှစ်၊ အဖ-ဦးအောင်ထွန်း
(မှတ်ချက်-၁၀တန်းအောင်)
(၆)အမည်မသိ လီဆူး/ကျား (၁၄)နှစ်ခန့်

တို့ဖြစ်တယ်လို့ သိထားရပါသည်။

No comments:

Post a Comment