တာလောကြီး၊ ပြည်သူ့စစ်များ |
KIA မှ တာလောကြီးရွာ လူငယ်များအား ထပ်မံ ဖမ်းဆီး ခေါ်ဆောင်
==========================================
ယခုဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် တာလောကြီးရွာမှ ခါးကျောတောသို့ သစ်ခွပန်း သွားခူးကြသော လူငယ်များမှ မောင်အောင်ထွန်းလင်း (ခ) မောင်စီးမောင်ကို KIA မှ ဖမ်းဆီးခေါ်ဆောင်ပြီးနောက်ပိုင်း တဆက်တည်းမှာဘဲ တာလောကြီးရွာမှ (၁၃)မိုင်ခန့်ဝေးသော ကလန်ကျ လယ်ယာတောတစ်လျှောက် ကျွဲ,နွားများကို စောက်ရှောက်နေသော ==========================================
၁။ မောင်ဇော်လင်းအောင်၊အဘ-ဦးမောင်ဆိုင်၊ အသက်(၁၈)နှစ်၊ တာလောကြီးရက်ကွက်(၄)
၂။ မောင်မြနွယ်(ခ)ဇော်သန်းထိုက်၊ အဘ-ဦးသန်းစိုင်၊ အသ်က(၁၈)နှစ်၊ တာလောကြီးရက်ကွက်(၄)
၃။မောင်တင်အောင်စိုး၊ အဘ-ဦးထွန်းလင်း၊ အသက်(၁၆)နှစ်၊ တာလောကြီး ၇က်ကွက် (၃)
၎။ မောင်နော်နော်(ခ)မောင်ထွန်းငွေ၊ အဘ-ဦးညွှန့်မောင်၊ အသက်(၁၈)နှစ်၊ တာလောကြီး ရက်ကွက်(၄)
စုစုပေါင်း တာလောကြီးရွာမှ လူငယ်(၄)ယောက်တို့အား KIA မှ ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
၎င်းကိစ္စနှင့်ပက်သက်၍ တာလောကြီးရွာ ပြည်သူ့စစ်နာယက ဦးကျော်ဝေမှ မိမိတို့သည် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူ့စစ်တို့၏ အမိန့်ကို လိုက်နာနေချိန်မှာ သွေးတိုးစမ်း ရန်စနေတယ်လို့ မြင်တယ်။ ပြည်သူ့စစ်နာယကတစ်ယောက်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတယ်၊ အစိုးရနှင့် KIA အကြား ထာဝရ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဒီလိုလုပ်ရက်မျိုး မလုပ်သင့်ဘူး လို့ ပြောချင်ပါတယ်။
ပေးပို့သူ - ဦးခန့်ရွှေ၊
တာလောကြီးကျေးရွာ မြစ်ကြီးနားမြို့နယ်။
No comments:
Post a Comment