=======================================================
သို့-
သမ္မတကြီး
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
သမ္မတကြီး
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
ရက်စွဲ။ ၂၀၁၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်
အကြောင်းအရာ။ ။ကေအိုင်အေတို့၏ အနိုင်ကျင့်မှုများကို ကန့်ကွက်တားမြစ်ပေးရန်ကိစ္စ။
နိုင်ငံတော်ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ကေအိုင်အေ, ကေအိုင်အိုအဖွဲ့များ ၄-၂-၂၀၁၃ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပဏာမ ဆွေးနွေးရာ၌ နှစ်ဖက်စလုံး အားရကျေနပ်ကြသည်ဟု ကြားသိရ၍ ကချင်ပြည်နယ်သူ/သားများအပြင် တစ်နိုင်ငံလုံး ၀မ်းသာအားရကြိုဆိုနေချိန်မှာပင် ၅-၂-၂၀၁၃ ရက်နေ့တွင် ကေအိုင်အေ တို့ လူဖမ်းဆီးမှုများ လုပ်ဆောင်နေပါသည်။ အဆိုပါနေ့တွင်-
၁- တာလောကြီး၊ ရပ်ကွက်(၄)နေ၊ အဖ-ဦးဆိုင်မန်း,၏သား မောင်စီးမောင်-အသက်(၃၂)နှစ် (ပြည်သူ့စစ်)၊
၂- တာလောကြီး၊ ရပ်ကွက်(၄)နေ၊ အဖ-ဦးသန်းဇော်,၏သား မောင်သန်းဇော်ထိုက်-အသက်(၁၈)နှစ်၊
၃- တာလောကြီး၊ ရပ်ကွက်(၄)နေ၊ အဖ-ဦးညွန့်မောင်,၏သား မောင်နောနော်-အသက်(၁၈)နှစ်၊
၎- တာလောကြီး၊ ရပ်ကွက်(၃)နေ၊ အဖ-ဦးလွမ်းတင်,၏သား မောင်တင်မောင်စိုး-အသက်(၁၆)နှစ်၊
၅- တာလောကြီး၊ ရပ်ကွက်(၂)နေ၊ အဖ-ဦးမောင်ဆိုင်,၏သား မောင်ကျော်လင်းအောင်-အသက်(၁၈)နှစ်၊
၎င်းတို့(၅)ဦးကို တာလောကြီး၏ အရှေ့ဖက် ဂလန်ကျလယ်ကွင်းမှ ဖမ်းဆီးသွားခဲ့ပါသည်။ တာလောကြီးနေ ပြည်သူလူထု အများစုမှာ လယ်ယာလုပ်ကိုင်စားသောက်သူများဖြစ်ကြပြီး၊ ယခင် ၂၀၁၂-ခုနှစ်တွင် နယ်မြေ မအေးချမ်း၍ ၀မ်းစာအတွက် မိုးစပါးများ မစိုက်ပျိုးခဲ့ကြရသဖြင့် ယခု ၀မ်းစာအတွက် ငါးရှာ, ကြိမ်ခတ်, စသည့်လုပ်ငန်းများဖြင့် ရှာဖွေလုပ်ကိုင်နေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ကေအိုင်အေတို့မှ ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းသည် တပ်မတော်နှင့်ပြည်သူ့စစ်များအား စိန်ခေါ်ရန်စနေသကဲ့သို့ဖြစ်နေပါသည်။
နိုင်ငံတော်မှ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တွေ့ဆုံညှိနှိုင်းစဉ် ထိုကဲ့သို့ ကေအိုင်အေတို့မှ လူဖမ်းဆီးခြင်းများ ဆက်လက်လုပ်ဆောင်နေခြင်းသည် အဓမ္မအနိုင်ကျင့်မှု သက်သက်သာဖြစ်သည်။ အဆိုပါ အနိုင်ကျင့်မှုများကို ကေအိုင်အေ, ကေအိုင်အို တို့နှင့်တွေ့ဆုံညှိနှိုင်းခွင့်ရသော အဖွဲ့များမှ ၀ိုင်းဝန်းကန့်ကွက်ပေးကြပါရန် တင်ပြအပ်ပါသည်။
ဒေသခံ တိုင်းလိုင်(ခ)ရှမ်းနီအများဆုံးနေထိုင်ရာ ဒေသများတွင် ၁၉၆၂-ခုနှစ်မှ၍ ယနေ့အချိန်ထိ ကေအိုင်အေ အဖွဲ့များသည် လက်နက်အားကိုးဖြင့် လူ့အခွင့်အရေးများချိုးဖောက်ကာ လူသတ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ မုဒိန်းကျင့်ခြင်း၊ ဆက်ကြေးတောင်းခြင်း၊ တံတားများ မိုင်းခွဲဖျက်ဆီးခြင်း၊ မြို့နေလူထုများ အထိတ်တလန့်ဖြစ်စေရန် မိုင်းထောင်ဖေါက်ခွဲခြင်းများကို ကာကွယ်ပေးသင့်သည့်- ပါတီများ, ၈၈-ကျောင်းသားခေါင်းဆောင်များ, ပြည်တွင်း ပြည်ပမီဒီယာများ, လူ့အခွင့်အရေးကော်မရှင်တို့မှ လစ်လျှူရှု့၍ နေခြင်းသည် တိုင်းလိုင်(ခ) ရှမ်းနီလူမျိုးများကို မျိုးတုံးအောင် သွယ်ဝိုက်သောနည်းဖြင့် ၀ိုင်းသတ်နေသည်နှင့်တူပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်မှုအဆင့်ကို ဖမ်းဆီးခံလူငယ်များအား အကြွင်းမဲ့လွတ်ပေးရေးစံဖြင့် ကတိက၀တ်ပြုစေလိုပါသည်။ သို့မှသာ ဖမ်းဆီးခံမိသားစုများနှင့်ဒေသခံပြည်သူများသည် စစ်မှန်သော ငြိမ်းချမ်းရေးကို ခံစားရမည်ဖြစ်ပါသည်။
ကေအိုင်အေနှင့် တွေ့ဆုံညှိနှိုင်းခွင့်ရသော အဖွဲ့အစည်းများမှ ကေအိုင်အေသည် တိုင်းလိုင်(ခ)ရှမ်းနီ လူမျိုးများအပေါ် အနိုင်ကျင့်မှုများ ရပ်တန့်စေရန် ကန့်ကွက်တားဆီးပေးသင့်ပေသည်။ သို့မဟုတ်ပါက လူမျိုးတစ်မျိုးနှင့်တစ်မျိုး နာကျည်းမုန်းတီးမှုများ အကျိုးဆက်ကြောင့် မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်လာပါက မည်သူ့တွင် တာဝန်ရှိပါသနည်းဟု အမေးရှိခဲ့ပါလျှင် အစိုးရတွင် တာဝန်ရှိသည်ဟု စွပ်စွဲကြပါလိမ့်မည်။
သို့ဖြစ်ပါ၍ ကေအိုင်အေ ကေအိုင်အိုတို့၏ လုပ်ရက်များကို အစိုးရနှင့် အဖွဲ့အစည်း အသီးသီးမှ တစ်နည်းမဟုတ်တစ်နည်း ကန့်ကွက်ရှုံချပေးကြပါရန် ရိုသေလေးစားစွာဖြင့် ရင်ဖွင့် တိုင်ကြားအပ်ပါသည်။
တာလောကြီးကျေးရွာ ရပ်မိရပ်ဖများ။
![]() |
KIA မှ အနိုင်ကျင့် ဖမ်းဆီးခံရသော တာလောကြီးရွာမှ လူငယ်များ |
![]() |
KIA မှ အနိုင်ကျင့် ဖမ်းဆီးခံရသော တာလောကြီးရွာမှ လူငယ်များ |
No comments:
Post a Comment