![]() |
KIA ပြန်လွှတ်ပေးခဲ့သော တာလောကြီးရွာမှ လူငယ်များ |
ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော တာလောကြီးမှ လူငယ်(၅) ဦးအား KIA မှ ပြန်လည် လွှတ်ပေးခဲ့
=======================================================
မြစ်ကြီးနားမြို့နယ်၊ တာလောကြီးရွာမှ သစ်ခွပန်းခူး, လယ်ယာတော အစောင့်သွားသော မောင်စီးမောင်၊ မောင်သန်းဇော်ထိုက်၊ မောင်နောနော်၊ မောင်တင်မောင်စိုး၊ မောင်ကျော်လင်းအောင်တို့ကို ၅/၆/၂-၂၀၁၃ ရက်နေ့များတွင် KIA မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တလနှင့် (၁၂) ရက်အကြာ မနေ့က (၁၇-၃-၂၀၁၃) ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ KIA မှ အခုလို အပြစ်မဲ့ပြည်သူများကို လွှတ်ပေးခဲ့သည့်အတွက် စစ်တပ်နှင့် အပြစ်ရပ် ငြိမ်းချမ်းရေး ဖေါ်ဆောင်နေမှုအတွက် အပေါင်းလက္ခဏာဆောင်သည့် လုပ်ရပ်တစ်ခုလည်းဖြစ်သလို ကျန်ရှိနေတဲ့ စစ်သားသစ်စုဆောင်းရေး အတွက် ရွှေမော်များနှင့် နေရာအနှံ့အပြားမှ လုပ်ကိုင်စားသောက် ကျင်လည်ရင်း ဖမ်းဆီးခေါ်ဆောင်ထားသည့် အပြစ်မဲ့ပြည်သူ/လူငယ်များကို လည်း လွှတ်ပေးစေချင်ပါသည်။
ဧရာဝတီမြစ်ဖျားဆီက ရရှိထားခဲ့သည့် သတင်းအချက်အလက်များအရ (၁.၁၁.၂၀၁၂)
ရက်နေ့ညတွင် ၀ိုင်းမော်မြို့နယ်၊
မလိယန်၏တဘက်ကမ်း၊ မေခမြစ်ဘေး၊
အော်ဒါရွှေမှော်မှ ဖမ်းဆီးသွားခဲ့သော ဒီပဲယင်းမြို့နယ်မှ မောင်ရဲကျော်အပါဝင် (၂၁)ဦး၊ (၁၀၊၁၂၊၂၀၁၂)နေ့တွင်
မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာ- ရေလယ်ကွင်းမှ ဖမ်းဆီးသွားခဲ့သော ၁၊မောင်မဲကျော် ၂၊မောင်လှမျိုး ၃၊မအေးခိုင်စိုး ၄၊မောင်ကျော်မင်းဦး ၅၊မောာင်ငမိုး ၆၊အမည်မသိ လီဆူး/ကျား (၁၄)နှစ်ခန့်။ (၄.၁၂.၂၀၁၂)
နေ့ဝန်းကျင်တွင် တနိုင်းမြို့နယ်
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တုံမဏီရွှေမော်မှ
လူဦးရေ (၅၀)ကျော်ခန့်၊ အတည်ပြု၍ မရသေးသော၊ KIAနှင့် နီးစပ်သူ၊ ပြန်လည်လွတ်မြောက်လာသူများမှ ရရှိသော အချက်အလက်များအရ KIA တပ်မဟာများတွင် သင်တန်းများပေးလျက်ရှိသည့် ဖမ်းဆီးစုဆောင်းထားသော အပြစ်မဲ့ပြည်သူ/လူငယ် စစ်သားသစ် ရာဂဏန်းခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။
No comments:
Post a Comment