Thursday, March 14, 2013

ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ထေရုပ္ပတ္တိသမိုင်းအကျဉ်း

  
မန္တလေးမြ်ု့၊ မစိုးရိမ်တိုက်သစ်
အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ထေရုပ္ပတ္တိသမိုင်းအကျဉ်း
==================================
၁၊ ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ လျောင်းလျာ မောင်စိန်မောင်သည် ၁၂၉၅-ခုနှစ်၊ ၀ါဆိုလဆုတ် (၁၃)ရက် (၁၉၃၃၊ ဇူလိုင် (၁၉)ရက်နေ့တွင် မုံရွာမြို့၊ အင်တိုင်းရွာ အဖ-ဦးဘ၀င်း+ အမိ-ဒေါ်နှင်းဦးတို့မှ ဖွားမြင်။ မွေးချင်း (၇)ယောက်အနက် တတိယမြောက်သားရတနာဖြစ်။

၂၊ ၁၃၀၃-ခုနှစ် တန်းခူးလတွင် ရှင်သာမဏေအဖြစ်သို့ရောက်။

၃။ ၁၃၁၅-ခုနှစ် ၀ါဆိုလတွင် မုံရွာမြို့၊ သန်းစတိုးပိုင်ရှင် ဦးစော+ဒေါ်မြိုင်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ရောက်။

၎၊ (၅)နှစ်သားမှစ၍ မုံရွာမြို့နယ် အင်တိုင်းရွာ တောင်ကျောင်းဘုန်ကြီး ဦးရ၀ိန္ဒ၊ ဦးကောဝိဒတို့ထံတွင် သင်ပုန်ကြီး၊ မင်္ဂလသုတ်၊ သဒ္ဒါ၊ သဂြိုဟ်၊ ၀ိနည်း ပိဋကတ်အခြေခံစာပေများ သင်ယူ။

၅၊ (၁၆) နှစ်သားတွင် မုံရွာမြို့၊ လေသာတိုက်၊ ဇောတိကတိုက်တို့၌ ပိဋကတ်အခြေခံကျမ်းစာများ ထပ်မံလေ့လာသင်ယူ။

၆၊ (၁၉) နှစ်မှ (၂၆) နှစ်ထိ မန္တလေးမြို့၊ မစိုးရိမ်တိုက်မကြီး၌ ပိဋကတ်စာပေများ လေ့လာသင်ကြား။

၇၊ အစိုးရ ပဌမငယ်၊ ပဌမလတ်၊ ပဌမကြီး သကျသီဟ စာသင်တန်း စာချတန်း အောင်မြင်။

၈၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ ဓမ္မနယူပဒေသကျောင်း၌ ကျောင်းထိုင်နာယက စာချတာဝန်ထမ်းဆောင်ရင်း ( အင်္ဂလိပ်၊ ဟိန္ဒူ၊ နာဂရီ) စသည့်ဘာသာများ လေ့လာသင်ယူခဲ့၊

၉၊ ၁၃၂၂-ခုနှစ်မှ ၁၃၄၀-ပြည့်နှစ်အထိ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ မစိုးရိမ်တိုက်သစ်တို့၌ စာသင်သားများ အကျိုးများမည့် စာပေများ ပို့ချခဲ့။

၁၀၊ မစိုးရိမ်ဆရာတော်ဘုရားကြီး၏ အမိန့်အရ ၁၃၂၉-ခုနှစ်မှ စ၍ မစိုးရိမ်တိုက်သစ်သို့ ပြောင်းရွှေ့၍ စာပေပို့ချရင်း ဆရာတော်ကြီး စေခိုင်သည့် သာသနာရေး ကိစ္စများကို ဆောင်ရွက်ခဲ့။

၁၁၊ နှစ်ပေါင်း (၅၀) ကျော် ပရိယတ္တိစာပေများ ပို့ချတော်မူပြီး မြန်မာနှင့်ကမ္ဘာတ၀ှမ်း ထောင်သောင်းများစွာသော သာသနာ့အာဇာနည် ပုဂ္ဂိုလ်ကျော်များ မွေးထုတ်ပေးနိုင်ခဲ့။

၁၂။ ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသမထေရ်မြတ်ကြီးသည် သာသနာတော်မြတ်ကြီး ထွန်းပြောင်အောင် သာသနာပြုလုပ်ငန်းများ စွမ်းစွမ်းတမံ အားထုတ်တော်မူခဲ့ပြီး (၁၃-၃- ၂၀၁၃)ရက်နေ့ (၂၃း၃၈)မိနစ်အချိန်တွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီး၌ ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါသည်၊

ဆရာတော်ကြီး၏ နောက်ဆုံးဘ၀ခရီးအား ဤ ထေရုပ္ပတ္တိ သမိုင်းအကျဉ်းလေးဖြင့် နောက်ဆုံးရေးသားပူဇော်အပ်ပါသည်ဘုရား။


ဆရာတော်ဘုရား၏ အန္တိမစံကျောင်း

No comments:

Post a Comment