Friday, May 31, 2013

စစ်ဘေးဒုက္ခသည်များ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်း၌ လူလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန် တင်ပြ

အစိုးရနှင့် KIA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူညီချက် (၇)ချက် ချမှတ်နိုင်နိုင်ခဲ့ပြီး၊
အဆိုပါ (၇) ချက်ထဲတွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များ မျှော်လင့်နေသည့် အပစ်အခတ်ရပ်စဲရေးနှင့် မိမိတို့ မူလနေရာများတွင် ပင်ကိုယ်အတိုင်းပစ်ခတ်တိုက်ခတ်မှု လျော့ချခြင်း၊ တိုက်ပွဲများထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ကိစ္စရပ်များဆိုတဲ့ အချက်(၂)ချက်သာ မှုန်မှုန်ဝါးဝါးနှင့် မျှောင့်လင့်နိုင်ဖွယ်ရှိပါတယ်။ ပြန်လည်ထူထောင်ရေး ကိစ္စရပ်နှင့်ပက်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ထားခြင်းမျိုးလည်း မရှိသေးပါဘူး။ ယနေ့ (၃၁)ရက်နေ့ ကုလကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယားနှင့် ဦးအောင်မင်းတို့ ၀ိုင်းမော်-သာဂရ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် ကျွန်တော်တို့ ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်း၌ လူခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားစီစဉ်ပေးဖို့ တောင်းဆိုပါတယ်။ နေရပ်ကိုပြန်မယ်ဆိုမယ်ရင် စစ်သားသစ် စုဆောင်းခံရတာတွေရှိပါတယ်။ တခြားကျောင်းသားအရွယ်တွေလည်း အဆွဲခံရတာတွေ ရှိပါတယ်။ ဒီကိစ္စတွေကိုလည်း စဉ်းစားစီစဉ်ဆောင်ရွက်ပေးဖို့ စစ်ဘေးဒုက္ခသည်တစ်ဦးမှ တောင်းဆိုတင်ပြသွားတယ်လို့ သိရပါတယ်။

No comments:

Post a Comment