Friday, May 31, 2013

ကိုယ့်သမိုင်း ကိုယ်ရေးကြပြီ


(၂၈-၅-၂၀၁၃)နေ့ မြစ်ကြီးနားမြို့၌ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ ကိုယ်စားလှယ်၊ တရုတ်နိုင်ငံ ကိုယ်စားလှယ်နှင့်လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များကို သက်သေပြု၍ ကျင်းပခဲ့သည်။ ကချင်ပြည်နယ် ပြည်သူလူထုအားလုံးက ငြိမ်းချမ်းရေးရတော့မည်ဟူသော အသိကြောင့် စိတ်ဝင်စားမှုရှိခဲ့သည်။
(၂၉-၅-၂၀၁၃)နေ့ KIO/KIA အဖွဲ့နှင့် လူထုတွေ့ဆုံပွဲရှိသည်ဟု သိရပြန်သောအခါ ပို၍ ၀မ်းသာပီတိ ဖြစ်ခဲ့ရသည်။ သို့သော် ထိုသို့ KIO/KIA အဖွဲ့နှင့် ပြည်သူလူထုတွေ့ဆုံပွဲသည် ကချင်ပြည်နယ်တွင်းနေ တိုင်းရင်းသား စုံညီနှင့်တွေ့ဆုံသည့် ပွဲမဟုတ်ပါတကား…
KIO/KIA နှင့်ကချင်လူမျိုးစု (ဂျိန်ဖော)တို့ ညီညွတ်ကြောင်း (၀ါ) KIO/KIA = ကချင်လူမျိုးစု(ဂျိန်းဖော) ၊ ကချင်လူမျိုးစု(ဂျိန်းဖော) = KIO/KIA ဟု ကုလသမဂ္ဂအပါအ၀င် ဧည့်သည်တော်များရှေ့တွင် ပြသခဲ့သော ပွဲပင်တည်း။
မြန်မာနိုင်ငံတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များအားလုံး ငြိမ်းချမ်းရေးယူကြပါလျှက် အတ္တကြီးမား (ကိုယ့်ဘက် ကိုယ်ယှက် ကိုယ့်လူမျိုးတစ်စုတည်းတွက်သာ ကြည့်တတ်သော) ငြိမ်းချမ်းရေးမယူဘဲ ကျန်ရစ်နေသော KIO/KIA ကို ကချင်လူမျိုးစု (ဂျိန်းဖော)လူထုက ၀ိုင်းဝန်းထောက်ခံသည့်ပွဲဟု သိလိုက်ရပါသည်။
KIA ၏ အနိုင်ကျင့်မှု၊ ပြည်နယ်တွင်းနေ ကျေးလက်ပြည်သူများအပေါ် KIA ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်တွေ့ခံစားကြရသော ဂျိန်ဖော မဟုတ်သည့် အခြားတိုင်းရင်းသားများအနေဖြင့် ကချင်လူမျိုးစုကို ဘယ်လို မြင်ကြသနည်း၊ ဘယ်သို့သော လားရာသို့ ဦးတည်ကြမည်နည်း၊ တွေးကြည့်နိုင်ပါသည်။
ပင်လုံစာချုပ်၏ အနှစ်သာရကား- ပြည်ထောင်စုကြီး စည်းလုံညီညွတ်မှုပင်တည်း။ ညီညွတ်မှု တည်ဆောက်ရာတွင် မိမိလိုအင်ဆန္ဒကို လျော့ထားပြီး၊ လုပ်ဖော်ကိုင်ဖက်များ၏ အလိုဆန္ဒကို ဖြည့်စွက် လိုက်လျောခြင်းသည် ညီညွတ်ကြောင်းဖြစ်သည်ဟု ပညာရှိများ ဖော်ထုတ်ထားသည်။
ကိုယ့်အတ္တကိုယ်ကြီးမား၍ လိုရာဆွဲသုံးနေကြမည်ဆိုပါက အကျည်းတန်လှပါသည်။ တာဝန်သိသူများက တာဝန်ရှိသူဖြစ်၍ ၀ိုင်းဝန်းထိန်းသိမ်း ဖျောင်းဖျပြောဆိုသင့်ကြပေပြီ။ တာဝန်သိကြပါလျက် ကိုယ်နှင့်မဆိုင်၊ မသိချင်ယောင်ဆောင်နေသူများသည် ကိုယ့်သမိုင်း ကိုယ်ရေးနေကြပေဦးမည်။
လူ့ဘ၀သမိုင်းမှတ်တမ်းတွင် မိမိ၏လုပ်ရပ်သည် လူသားအကျိုးပြု၏ မပြု၏ ဟူသော သမိုင်းကို နောင်အနာဂါတ်တွင် ဖတ်စရာ မှတ်တမ်းအဖြစ် ကျန်ရစ်နေမည်ဖြစ်ပါသည်။
ဒါကြောင့် KIO/KIA အဖွဲ့များသည် မိမိတို့၏ အတ္တကိုယ်လျော့ အများပြည်သူတို့၏(ကချင်လူမျိုးတစ်စုတည်းမဟုတ်) ပြည်နယ်တွင်း တိုင်းရင်းသားပြည်သူအားလုံးတို့၏ ဆန္ဒကို လိုက်လျောကာ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သင့်လှပေတော့သည်။ ဦးဇခုန်ဒိန်ရိမ်း အဖွဲ့ကဲ့သို့ တိုင်းရင်းပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက် သင့်လှပေတော့သည်။

ငြိမ်းချမ်းရေးလိုလားသူ-

Ko Laywin


No comments:

Post a Comment