Friday, May 31, 2013

မြစ်ကြီးနားမြို့တွင်၊ ရှမ်းတိုင်းရင်းသား ရေးရာဗဟိုက်ာမတီ ဖွဲ့စည်း


 (၂၉-၅-၂၀၁၃)နေ့တွင် မြစ်ကြီးနားမြို့၌ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တိုင်းလိုင်ရှမ်းနီပါတီ၊ ရှမ်းမျိုးနွယ်စုငါးမျိုးမှ ခေါင်းဆောင်များနှင့် မြစ်ကြီးနား၊ မိုးညင်း၊ မိုးကောင်းစသော နယ်မြေဒေသများမှ ရှမ်းတိုင်းရင်းသားခေါင်းဆောင်းများ (၁၀၀)ကျော် တက်ရောက်ခဲ့ကြပြီး ၄င်းတို့အနက် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင် (၅၀)ခန့် ဆုံးဖြတ်လက်မှတ်ထိုးကြပြီး ရှမ်းတိုင်းရင်းသားရေးရာ ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ ထိုကဲ့သို့ ဗဟိုကော်မတီတရပ်ဖွဲ့စည်းရခြင်းနဲ့ပက်သက်ပြီး ကချင်ပြည်နယ်မှာ ရှမ်းတိုင်းရင်းသားလူမျိုးစုများသည် ရှေးမင်းပြည်ထောင်ခတ်မှ စတင်၍ နေထိုင်ခဲ့ကြသော်လည်း ရှမ်းနယ်မြေဒေသများသည် ကချင်ပြည်နယ်တွင်း သွတ်သွင်းခံရပြီးနောက်ပိုင်း မိမိတို့၏ ဘာသာ၊လူမျိုး ယဉ်ကျေးမှု ပျောက်ကွယ်မှေးမှိန်လာမည့် အရိပ်လက္ခဏာနှင့် ကချင်ပြည်နယ်၏ နိုင်ငံရေး အခင်းအကျင်းမှာ မိမိတို့ ရှမ်းတိုင်းရင်းသားလူမျိုးများ ပါဝင်ခွင့်မရဘဲ လူမျိုးစုတစ်စု၏ ဖုံးကွယ်ခံထားရမှု၊ ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုနှင့် နိုင်ငံရေး လူမှုရေး၊ စီးပွားရေး လွှမ်းမိုးကြီးစိုးလိုမှုများကြောင့် အခုလို ဖွဲ့စည်းခဲ့ရတာ ဖြစ်တယ်လို့ ရှမ်းမျိုးနွယ်စုခေါင်းဆောင်တစ်ဦးမှ ပြောပြပါသည်။
မြစ်ကြီးနားမြို့၌ (၂၈)ရက်နေ့တွင် စတင်ဆွေးနွေးနေသည့် အစိုးရနှင့် KIA တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့် ရလိမ့်မည်ဟု မျှော်လင့်ခဲ့ပေမဲ့ ပါဝင်ခွင့်မရခဲ့ဘူးလို့လည်း ပြောပြပါသည်။ ကျွန်တော်တို့ ဒေသခံ ရှမ်းလူမျိုးတွေဟာ စစ်တပ်ကိုလည်း ကြောက်ရပါတယ်၊ KIA ကိုလည်းကြောက်ရပါတယ်။ KIA/KIO အဖွဲ့၏ စစ်သားသစ် စုဆောင်းခံရတယ်၊ ဆက်ကြေးပေးရတယ်၊ လူမဆန်တဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကိုတွေလည်း ခံရတယ်၊ ကျွန်တော်တို့ ဒေသခံရှမ်းလူမျိုးနွယ်စုများသည် ဘယ်သူ့ကို အားကိုလို့ အားကိုးရမှန်းမသိပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ အခုလို ကချင်ပြည်နယ်တွင်းက ရှမ်းမျိုးနွယ်စုတွေ အားလုံးပါဝင်ပြီး အင်အားတောင့်တင်းတဲ့ ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်၊ ဒီဗဟိုကော်မတီ အဖွဲ့အစည်းကြီးကနေ အခက်အလက်စုံတဲ့ ရေးရောကော်မတီတွေ ဆက်လက်ဖွဲ့စည်းပြီး မိမိတို့၏ လူမျိုးနှင့်နယ်မြေဒေသများကို ပြန်လည်ဖေါ်ထုတ်သွားမယ်လို့ သိရပါတယ်။


No comments:

Post a Comment